Thursday, October 08, 2009

ဝက်တုပ်ကွေးကို ကာကွယ်ပေးမယ့် ဝတ်စုံ


ဂျပန်နိုင်ငံမှ Haruyama Trading ကုမ္ပဏီ သည် ၀တ်ဆင်သူများအား ယနေ့ ကမ္ဘာတွင်ကူးစက်ပျံ့ နှံ့ ဖြစ်ပွားနေသော H1N1 ခေါ် ၀က်တုပ်ကွေး ရောဂါပိုးများကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်သည့် ကုတ်အင်္ကျီဝတ်စုံတစ်မျိုး တီထွင်ထုတ်လုပ် နိုင်ခဲ့ သည်ဟုဆိုပါသည်...
ကုမ္ပဏီ အနေဖြင့် ဝတ်စုံပေါင်း ၅ သောင်း ထုတ်လုပ်ထားပြီး လာမည့် ကြာသပတေးနေ့ မှ စတင်၍ဈေးကွက်တွင် ရောင်းချသွားမည်ဟု ကုမ္ပဏီပြောရေးဆိုခွင့် ရှိသူရဲ့ အဆိုအရသိရပါသည်...

အဆိုပါဝတ်စုံကို ဆေးဝါးဓါတုဓါတ်တစ်မျိုးဖြစ်သည့်  titanium dioxide ဖြင့် လွှမ်းအုပ်ပေါင်းတင်ထားမည်ဖြစ်ပြီး အကယ်၍ ၀တ်ဆင်သူအနေဖြင့် ရောဂါပိုးမွှားများနှင့်  ထိတွေ့ မိခဲ့ ပါက အလိုအလျောက်ဓါတ်ပြုပြီး ရောဂါပိုးများကိုရှင်းလင်းသုတ်သင်ပေးသွားမည်ဟု ကုမ္ပဏီပြောဆိုခွင့် ရှိသူ Junko Hirohataကဆိုပါသည်...အဆိုပါဝတ်စုံတွင် ပေါင်းတင်ထားသောဓါတ်ပစ္စည်းများ အထူး အသစ်အဆန်း တော့ မဟုတ်ချေ...သာမာန် သွားတိုက်ဆေးများနှင့်  အလှပြင်သုံးမိတ်ကပ်ပစ္စည်းများ ထဲတွင်ပါဝင်သော ဓါတုဓါတ်တစ်မျိုးဖြစ်သည်ဟုဆိုသည်...


တစ်စုံလျှင် ပေါင်စတာလင် ၃၆၅ ( ဒေါ်လာ ၅၈၀ ) ဖြင့် ရောင်းချမည့် အဆိုပါအမျိုးသားများဝတ်စုံဟာ အခြားသာမာန်အရောင်းစာရေးများ အများဆုံးဝတ်ဆင်လေ့ ရှိသည့် အနောက်တိုင်းဝတ်စုံနှင့် အတူတူပင် ဖြစ်ပြီး မည်သို့ မျှပိုမိုထူးခြားမှာမဟုတ်ပဲ...အရောင်အသွေးအနေဖြင့်  မီးခိုးရောင်ဖျော့ ဖျော့ ၊အနက်ရောင် ( မီးသွေးရောင် ) ၊ အပြာရောင် နှင့်  မီးခိုးရောင် အစင်းကြား တို့ ကိုစိတ်ကြိုက်ရွေးချယ်နိုင်မှာဖြစ်ပါတယ်...

အကြိမ်များစွာလျှော်ဖွပ်ပြီးသည့် တိုင်အောင် ရောဂါပိုးများမှ ကာကွယ်ပေးနိုင်စွမ်းရှိနေဥိးမည့် အဆိုပါအနောက်တိုင်းဝတ်စုံကို တစ်နှစ်ကြာမျှ တီထွင်ထုတ်လုပ်ခဲ့ ရကြောင်းကုမ္ပဏီကပြောဆိုခဲ့ ပါသည်...
လွန်ခဲ့ သောနှစ်မှစတင်၍ဖြစ်ပွားခဲ့ သော ၀က်တုပ်ကွေးရောဂါပိုးကြောင့် ဂျပန်နိုင်ငံတွင်အဆိုပါရောဂါကပိုး ကူးစက်ပျံ့ ပွားမည်ကိုအလွန် စိုးရိမ်ထိတ်လန့် လျှက်ရှိကြပြီး ကမ္ဘာတစ်ဝှမ်းလုံးအနေဖြင့် ရောဂါဖြစ်ပွားမှုပေါင်း သုံးသိန်းလေးသောင်း ၃၄၀၀၀၀ ရှိပြီး သေဆုံးသူပေါင်း လေးထောင်တစ်ရာမျှ ရှိသွားခဲ့ ပြီဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ကြီးကအတည်ပြုစာရင်းထုတ်ပြန်ခဲ့ သည်...

ကာကွယ်နိုင်တဲ့ ဝတ်စုံထုတ်လုပ်နိုင်တယ်ဆိုလို့  ၀မ်းသာရပေမယ့်  သာမာန်ပြည်သူတွေ မ၀ယ်နိုင်တဲ့ ဈေးနှုံးမို့ လို့  အပြည့် အ၀တော့ ဝမ်းမသာရပါဘူး...နောက်တစ်ခုကတော့ လူအများစိုးရိမ်ထိတ်လန့် နေချိန်မှာ ခါတော်မှီစီးပွားရေးလုပ်တယ်လို့ ပဲထင်မိပါတယ်...

No comments: