Wednesday, October 07, 2009

တာလီဘန်တို့ကို လေလှိုင်းစစ်ဆင်ရေး ဆင်နွှဲ

US မရိန်းတပ်ဖွဲ့ဝင်များသည် အာဖဂန်နိုင်ငံ ဖာရာပြည်နယ်တွင် တာလီဘန်တို့၏ လက်လုပ်မိုင်းများနှင့် စက်သေနတ်များကို ရင်ဆိုင်၍ တိုက်ပွဲဝင်ကြရသည်။ သို့သော်လည်း တပ်ကြပ်ကြီး တော့ပ်ဘိုးဝါးစ်ကမူ အာဖဂန် အနောက်ပိုင်း ကျေးလက် လူထု၏ မေတ္တာကိုရရှိရန် လေလှိုင်းတိုက်ပွဲဆင်နွှဲလျက်ရှိသည်။ တပ်ကြပ်ကြီးသည် သူ၏အလွယ်တကူ သယ်ဆောင်နိုင်သော ရေဒီယိုအသံလွှင့် စက်ကလေးမှ ဒေသခံ Pashtu တေးဂီတကို ထုတ်လွှင့်ပေးလေ့ရှိသည်။ ရွာသူရွာသားများသည် တာလီဘန်တို့ အုပ်စိုးစဉ်ကနားဆင်ခွင့်မရသော ကျေးလက်တေးသံများကို နားဆင်ရသဖြင့် လွန်စွာ နှစ်ခြိုက်ကြသည်။ ၎င်းတို့သိမ်းဆည်းထားသော ကက်ဆက်ခွေများ ယူလာ၍ အသံလွှင့် ခိုင်းကြသည်။ တပ်ကြပ်ကြီးသည်ရွာတွင်းသို့၎င်း၏ အသံချဲ့စက် ကိုဖွင့်၍ ၀င်ရောက်သွားသောအခါ ရွာသူရွာသားများကလည်း သီချင်းများကို လိုက်လံသီဆိုကြ၍ စည်းချက် ညီညီ ကကြသည်ကို တွေ့မြင်ရသည်။ ဂီတသံသည်ဒေသခံလူတို့အပေါ်စည်းရုံးမှုရာတွင် များစွာထိရောက်သည်။ တေးသီချင်းများအပြင်ဝတ်ပြုဓမ္မတေးများကိုလည်း ထုတ်လွှင့်ပေးသည်။ (အေအက်ဖ်ပီ)

No comments: