မြောက်ကိုရီးယားနိုင်ငံက ခြောက်နိုင်ငံဆွေးနွေးပွဲသို့ ပြန်လည်တက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေငြာပြီးနောက် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက အမေရိကန်နိုင်ငံသည် ခြောက်နိုင်ငံ ညှိနှိုင်းရေးမူဘောင်အတွင်းမှ မြောက်ကိုရီးယားနိုင်ငံနှင့် နှစ်နိုင်ငံဆွေးနွေးမှုကို ပြုလုပ်ရန် အဆင်သင့်ရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။ နျူကလီးယားကင်း မဲ့သောကိုရီးယား ကျွန်းစွယ်ဖြစ်ပေါ်ရေးသည် ကွယ်လွန်သူ မြောက်ကိုရီယားနိုင်ငံ၏ ခေါင်းဆောင်ကြီးကင်အီဆွန်း၏ဆန္ဒဖြစ်သဖြင့်ယင်းကိစ္စဖြစ်ပေါ်ရေးအတွက် ကျွန်ုပ်တို့၏ အားထုတ်မှုသည် တစုံတရာပြောင်းလဲခြင်းမရှိကြောင်းကင်ဂျုံအီကပြောဆိုသည်။ (ဆင်ဟွာ)
No comments:
Post a Comment