Wednesday, October 07, 2009

အစ္စလာမ်မာဘတ်ရှိ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ရုံး ဗုံးခွဲခံရ

ပါကစ္စတန်နိုင်ငံ၏မြို့တော် အစ္စလာမ်မာဘတ်မြို့ရှိ အစောင့်အကြပ်ထူထဲစွာချထားသော ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် ရုံးဝန်း အတွင်းသို့ တနင်္လာနေ့က ပြည်သူ့စစ်ယူနီဖောင်း ၀တ်ဆင်ထားသောအကြမ်း ဖက်သမားတစ်ဦး ၀င်ရောက်လာပြီးလျှင် ၎င်းကိုယ်တွင်ပါသော ဖေါက်ခွဲပစ္စည်းများကို ဖောက်ခွဲခဲ့ရာ အေဂျင်စီ၏ ၀န်ထမ်း ငါးဦးသေဆုံးခဲ့သည်။ မည်သည့်အဖွဲ့၏ လက်ချက်ဟုထုတ်ပြန်ခြင်း မရှိသော်လည်းသူပုန်ခေါင်းဆောင် ဘေတူလာမဲဆွတ်သေဆုံးခြင်းကို ကလဲ့စားခြေသည့်တာလီဘန်တို့၏လက်ချက်ဖြစ်နိုင်သည်ဟုယူဆကြသည်။
၎င်းဗုံးခွဲမှုမတိုင်ခင် တနင်္ဂနွေနေ့တွင် လက်ရှိတာလီဘန်ခေါင်းဆောင် ဟာကီမူရာက ပြင်းထန်သော တိုက်ခိုက်မှုအသစ်များဖြင့်လက်စားချေသွားမည်ဟုဒေသတွင်းရုပ်မြင်သံကြားမှထုတ်ဖော်ပြောဆိုခဲ့သည်။ ပါကစ္စတန်နိုင်ငံတ၀ှမ်းရှိ ကုလသမဂ္ဂရုံးများကို ယမန်နေ့မှစ၍ ပိတ်ထားလိုက်သည်။ အစ္စလာမ်မာဘတ်မြို့တွင်
ကုလသမဂ္ဂဆိုင်ရာ ရုံးများ ဒုတိယအကြိမ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။

(အေအက်ဖ်ပီ)

No comments: