ကမ္ဘာကြီးပူနွေးလာမှုနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုများ၏ ခြိမ်းခြောက်မှုများကို တားဆီး နိုင်ရန် မော်လ်ဒိုက် ကက် ဘိနက်ဝန်ကြီးအဖွဲ့သည် ရေအောက်တွင် အစည်းအဝေးကျင်းပရန် အတွက်ရေငုပ် လေ့ကျင့်ခန်းများ လုပ်ဆောင်လျက်ရှိသည်။ ကိုပင်ဟေဂင်မြို့၌ ဒီဇင်ဘာလတွင် ကျင်းပမည့်ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု စည်းဝေးပွဲ အကြိုအဖြစ် အောက်တိုဘာ ၁၇ရက်နေ့တွင် မော်လ်ဒိုက်သမ္မတ မိုဟာမက်နက်ဟီးနှင့် ကက်ဘိနက် ၀န်ကြီးအဖွဲ့သည် ရေအောက်စည်းဝေးပွဲကို ကျင်းပမည်ဖြစ်သည်။ ကက်ဘိနက်ဝန်ကြီး ၁၄ ဦးအား အားလပ်ရက်တွင် အခြေခံ စကူဘာဒိုင်ဘင်ထိုးခြင်းကို သင်ကြားပေးလျက်ရှိသော်လည်း သမ္မတသည် လက်မှတ်ရ ဒိုင်ဘင်သမားဖြစ်၍သင်ယူရန် မလိုပေ။ ရေအောက် ၆ မီတာအနက်တွင် ကက်ဘိနက်အထူးအ စည်းအဝေးပွဲကို ကျင်းပမည်ဖြစ်၍ ရေငုပ်ဝတ်စုံကိရိယာ အစုံအလင်ကို ၀တ်ဆင်ကြရမည်ဖြစ်ပြီး အစည်းအဝေးတွင်ဝိုက်ဘုတ်နှင့် လက်သင်္ကေတများ အသုံးချ၍ဆက်သွယ်ပြောဆိုကြမည်ဖြစ်သည်။မော်လ်ဒိုက်ကျွန်းနိုင်ငံတွင် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာခြင်းက အလွန် ဆိုးရွားလာသောကြောင့် သမ္မတ နက်ဟီးက သြစတြေးလျ၊ အိန္ဒိယနှင့် သိရိလင်္ကာနိုင်ငံတို့တွင်မော်လ်ဒိုက်နိုင်ငံသား ၃၃၀၀၀၀ နေထိုင်နိုင်ရန်အတွက် နယ်မြေများ ၀ယ်ယူရန် အခြေအနေ ဖြစ်လာပြီဖြစ်သည်။ (အေအက်ဖ်ပီ)
No comments:
Post a Comment