လွန်ခဲ့သောလက ပနားမား မှတ်ပုံတင်ထားသော မြောက်ကိုရီးယား ကွန်တိန်နာတင် သင်္ဘောအား တောင်ကိုရီးယားမှ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု တနင်္လာနေ့က သတင်းထုတ်ပြန်သည်။ တရုတ်နိုင်ငံမှ ထွက်ခွာလာပြီး ဘူဆန်ဆိပ်ကမ်းသို့ လာရောက်ဆိုက်ကပ်သော ထိုသင်္ဘောအား စက်တင်ဘာ ၂၂ ရက်နေ့မှ စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ပဏာမစစ်ဆေး ချက်များအရသံသယဖြစ်စရာ ပစ္စည်းများ တွေ့ရှိခြင်း မရှိသော်လည်းစစ်ဆေးမှုများဆက်လက်ပြုလုပ်သွားမည်ဟုသိရသည်။ တောင်ကိုရီးယားအမျိုးသား ထောက်လှမ်းရေးအဖွဲ့မှ ထိုသင်္ဘောပေါ်ရှိ ကွန်တိန်နာလေးခုပေါ်တွင် အန္တရာယ်ရှိပစ္စည်းများ တင်ဆောင်လာသည်ဟူသော သတင်းအချက်အလက်များလက်ခံရရှိခဲ့သဖြင့် ယခုကဲ့သို့စစ်ဆေးရခြင်းဖြစ်သည်။ သြဂုတ်လအတွင်းက မြောက်ကိုရီးယားမှ အီရန်သို့ခုတ်မောင်းသောသင်္ဘောတစ်စင်းတွင် rocket propelled grenades များအပါအ၀င် လက်နက်ခဲယမ်းများ ရှာဖွေတွေ့ရှိခဲ့သည်ဟု သြစတြေးလျအစိုးရက အတည်ပြုပြောကြားခဲ့သည်။
No comments:
Post a Comment