Wednesday, October 07, 2009

၂၀၀၉ ခုနှစ် အတွက် ဆေးပညာဆိုင်ရာ နိုဘဲလ် ဆု ကို အမေရိကန် တက္ကသိုလ်များမှ ပညာရှင် သုံးဦး ပူးတွဲ ဆွတ်ခူး

၂၀၀၉ ခုနှစ် အတွက် ဆေးပညာရပ် ဆိုင်ရာ နိုဘဲလ် ဆုများကို အောက်တိုဘာလ ၅ ရက် တနင်္လာနေ့ က ကြေညာရာ တွင် ခရိုးမိုဆုမ်း(မျိုးရိုးဗီဇ သယ်ဆောင်သော အမျှင်) များ မျိုးပွားခြင်း နှင့် ကာကွယ်ခြင်း ဆိုင်ရာ စတမ် ဆဲလ် သုတေသန ပြုသူနေ သူများ ဆွတ် ခူးရရှိခဲ့သည်။

ဆေးပညာရပ် ဆိုင်ရာ နိုဘဲလ် ဆုဆွတ်ခူးရရှိသူ များမှာ ဂျွန် ဟော့ကင်း တက္ကသိုလ် မှ ကာရိုး ဂရေဒါ ဟားဗတ် ဆေးပညာ ကျောင်းမှ ဂျက်ဆို စတက် ၊ ဆန်ဖရန် စစ္စကိုရှိ ကာလီဖိုးနီး ယား တက္ကသိုလ် မှ အဲလိဇဘက် ဘလက်ဘန်း တို့  သုံးဦး ပူးတွဲရရှိခဲ့သည်။ဆုရရှသူ သုံးဦး လေ့လာ နေသည့် ဘာသာရပ်သည် တစ်ချိန်က ဘာသာရေး အရ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပြီး အချို့ ခရစ်ယာန် ဂိုဏ်းများက အကြီးအကျယ် ကန့် ကွက် ခဲ့ကြသည်။

ဆွီဒင် နိုင်ငံ စတော့ဟုမ်း ရှိ နိုဘဲလ် ဆုရွေးချယ် ရေး ကော်မတီ မှ ပါမ္ခော တော့ဖ်ဂဒ် က “ယခုနှစ် ဆေးသိပ္ပံ ပညာ ရပ် နိုဘဲလ် ဆု အတွက် အဆိုပါ ပုဂ္ဂိုလ် သုံးဦး ကို ရွေးချယ် ချီးမြှင့် ရသည့် အကြောင်းမှာ ၎င်းတို့ သုတေသန ပြုနေကြသည့် ခရိုမိုဆုမ်းသုတေသန သည် ကင်ဆာရောဂါ ၏ ဇာစ်မြစ် နှင့် ဇရာကို လျှင်မြန်စွာ ဖြစ်ထွန်းစေသည့် ဆဲလ် များ နှင့် ပတ်သက်၍ နိဂုံးချုပ်စေသည့်လမ်းစကို အဆုံးတိုင် ရောက်ရှိ နိုင်ရန် ရည်ရွယ် ၍ ပေးရ ကြောင်း ထုတ် ဖေါ်ပြောကြားသည်။

နိုဘလ် ဆေးသိပ္ပံ ပညာရပ် ဆိုင်ရာ ဆု ကို 1901 ခုနှစ် မှ စတင် ပေးအပ်ချီးမြှင့်ရာ ဂျာမန် ဆေးပညာရှင် အဒေါဖ် ဘွန်း ဟာရင်းက ပထမ ဦးဆုံး ဆွတ်ခူးခဲ့သည်။

လူ၏ ဆဲလ် အရေပြား ပေါ်ရှိ ဒီအန်အေ နှင့် ပရိုတင်း အစုအဝေးဖြစ်သည့် ခရိုမိုဆုမ်း ဖွဲ့ စည်းမှုများအား၁၉၇၈ ခုနှစ် ကတည်းက စတင်၍ သုတေသန ပြုနေသည့် ကာလီဖိုးနီးယား တက္ကသိုလ် မှ သေးငယ်သောဇီဝ ဓာတ်ပေါင်းစု များဆိုင်ရာ သုတေသန ပညာရှင် ကာရိုး ဂရေဒါ က ထိုဆုရရှိသည့်အတွက် သူမ ၏ လူ့ ခန္တာကိုယ် ရှိ ဇီဝ ခရိုမိုဆုမ်း များကို လေ့လာနေသည့် လုပ်ငန်းများကို လည်းပိုမို အကျိုးဖြစ်ထွန်း ကြောင်း ပြောကြားခဲ့သည်။

ဆုရရှိသူ သုံးဦးမှာ ဒေါ်လာ ငွေ ၁.၄ သန်း ကို ခွဲဝေယူရမည် ဖြစ်သည်။၂၀၀၉ခုနှစ် အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆုရရှိသူ အား အောက်တိုဘာ လ ၉ ရက်နေ့ တွင် ကြေညာ မည်ဖြစ်ပြီး စာပေဆိုင်ရာနိုဘဲလ် ဆုအား အောက်တိုဘာလ ၈ ရက်နေ့ တွင် ကြေညာမည် ဖြစ်သည်။

No comments: