Four-strong အဖွဲ့ဟာ အင်ဒိုနီးရှား လမ်းပြများနှင့်တကွ တောထဲကိုခရီးထွက်ခဲ့ပါတယ်။ တောအတော်နက်တဲ့အချိန်မှာ သူတို့အထဲမှ လူနှစ်ယောက်ဟာ လျှပ်တပျက် အမွေးရှည်လူပု (နှင်းလူကဲ့သို့) တကောင်ကို တွေ့ခဲ့ရတယ်လို့ပြောပြခဲ့ပါတယ်။ ထိုအဖွဲ့ ပြန်လာချိန်မှာတော့ ဥပမာပြဖို့ အမွှေး များကိုပါ ပြန်သယ်ယူနိုင်ခဲ့ပါတယ်။ ကျွန်းရဲ့ သဘာဝဥယာဉ်က တော့ ထိုသတ္တရဲ့ DNA မျိုးရိုးဗီဇ ကို ဖော်ထုတ်နိုင်လိမ်မယ်လို့ မျှော်လင့်ထားကြပါတယ်။ နောက်ထပ် ခြေရာ တစ်ခုကိုလဲ ဓါတ်ပုံဖြင့်မှတ်တမ်းတင်နိုင်ခဲ့သလို ထိုသတ္တဝါနဲ့ ပါတ်သက်လိမ့်မည်လို့လည်းယူဆထားကြပါတယ်။ ထိုသတ္တဝါများကို ထိုဧရိယာတဝိုက်မှာတွေ့မြင်ခဲ့ရတာကတော့ ကိုလိုနီခေတ်ကတည်းကဖြစ်ပါတယ်။ ထိုအမွှေးရှည်လူပုများဟာ အလွန်သန်မာကြတယ် လို့လဲ ပါးစပ်ရာဇဝန်များအရသိထားကြပါတယ်။ Four-strong အဖွဲးအနေဖြင့် ထိုသတ္တဝါများ စားသောက်ထားတယ်လို့ ယူဆရတဲ့ ကြိမ်ပင်တွေကိုလဲ ယူလာခဲ့ကြပါတယ်။
အပင်မှ ၄င်းသတ္တဝါများရဲ့
ဆဲလ်များ ပါရှိနေမှာဖြစ်သောကြောင့်ဖြစ်ပါသည်။ ထိုအပင်နဲ့ အမွှေးများကို စမ်းသပ်မှု့များပြုလုပ်ဖို့အတွက် ပို့ပြီးပြီဖြစ်ကြောင်းသိရပါတယ်။ တွေ့ရှိတဲ့သူကတော့ အရပ်အမြင့် ငါးပေလောက်ရှိပြီး လူကဲ့သို ခြေထောက်နှစ်ခြောင်းဖြင့် လမ်းလျှောက်ပါတယ်။ အလွန်သန်မာတဲ့ သတ္တဝါတစ်ကောင်ဖြစ်မယ်လို့ထင်တယ်။ တွေ့တာကတော့ ကြိမ်တောနားမှာဖြစ်တယ်လို့ပြောပြပါတယ်။ ထိုသတ္တဝါများရဲ့အမူအကျင့်ကို ဖော်ပြဖို့အတွက်ကလည်း အလွန်ခက်ခဲနေပါသေးတယ်။ Centre for Fortean သတ္တဗေဒ ဌာနမှ ဒါရိုက်တာ Richard Freeman ကတော့ ဒါဟာ အမည်မသိသေးတဲ့ လူဝံမျိုးကွဲ တစ်မျိုးဖြစ်မယ်လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ကျွန်တော်တို့ပြောနေတာ စိတ်ကူးယဉ်ပြီးဆွဲထားတဲ့ သတ္တဝါတွေ အကြောင်းပြောနေတာမဟုတ်ပါဘူး သိပ္ပံပညာရှင်တွေ မသိရှိသေးတဲ့ လူဝံမျိုးစိတ် တခု အကြောင်းပြောနေတာပါ။ နာမည်ကိုတော့ အင်ဒိုနီးရှန်း လူပု လို့ခေါ်ပါတယ်။ ခြေနှစ်ချောင်းဖြင့်သာ အဓိကလမ်းလျှောက်ကာ အမဲရောင်အမွေးများရှိပြီး အလွန်သန်မာကြပါတယ်။ နှစ်ပါတ်ကြာ သွားရောက်စူးစမ်းကြတဲ့အဖွဲ့ကတော့ အခုဆိုရင် DNA အဖြေကို စောင့်နေတယ်လို့သိရပါတယ်။

No comments:
Post a Comment