Saturday, November 21, 2009

ထိုင်းနိုင်ငံ၏မူးယစ်ဆေးဝါးစစ်ပွဲသည် ခက်ခဲသော တိုက်ပွဲဖြစ်ခြင်း

မြန်မာနိုင်ငံမြောက်ပိုင်း၌်ထုတ်လုပ်သောဘိန်းဖြူအတွက်နယ်စပ်သည်ဓိကအ၀င်တံခါးဖြစ်နေ ပါသည်။
ရေးသားသူ - Thomas Fuller
FANG,THAILAND-ဘိန်းဖြူနှင့်မက်သာဖက်တမင်းမှောင်ခိုကူးသူများသည် ချေမှုန်းရေး လက်နက်များ သယ်ဆောင်ပြီး ညအချိန်၌်သွက်လက်စွာ လမ်းလျှောက်ကာခရီးနှင်ကြပါသည်။ အဖွဲ့ငယ်လေးများအဖြစ်စုဖွဲ့ကာ နယ်စပ်ကိုဖြတ်ကျော်ပြီး လူသွားလမ်းများနှင့် ရွာလမ်းကြမ်းများကို အသုံးပြု၍ ခရီးဆက်ကြပါသည်။


လွန်ခဲ့သော၂ နှစ်က မူးယစ်ဆေးဝါးမှောင်ခိုသူ တစ်ဦးဖြစ်ခဲ့သူ Ja Saw အကြောင်း ပြောလိုပါသည်။ သူသည်ကျစ်လစ်သန်မာပြီး ထိုအချိန်ကသူ၏အသက်မှာ ၂၀နှစ် ဖြစ်ပါသည်။Justify Full
Mr.Ja Saw သည် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုကြောင့် ထိုင်းအကျဉ်းထောင်တစ်ခုတွင် ထောင်ဒဏ်၁နှစ် ကျခံခဲ့ရပါသည်။ ယခုအခါုသူသည် ထိုင်းစစ်တပ်အတွက် သူလျှိုတစ်ဦးအဖြစ် လုပ်ကိုင်နေပါသည်။ သူသည် သူ၏အမိမြန်မာနိုင်ငံသို့ အခြားနာမည်တစ်ခုဖြင့် သတင်းရယူရန် အခါအားလျော်စွာ သွားရောက်ပါသည်။
သူ့အားသူလျှိုတစ်ဦးဖြစ်ကြောင်း သူတို့သိရှိခဲ့လျှင် သူ့ကိုသတ်ဖြတ်ကြလိမ့်မည်ဟု Mr.Ja Saw က ပြေားကြား ခဲ့ပါသည်။ မြန်မာနယ်စပ်မှ ကီလိုမီတာများစွာဝေးသော နေရာတစ်ခု၌် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ပြေားကြားခဲ့ခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံမြောက်ပိုင်းမှ ထုတ်လုပ်သော တရားမ၀င်မူးယစ်ဆေးဝါး တန်းပေါင်းများစွာကို တားမြစ်ရန် ထိုင်းနိုင်ငံ၏ကြိုးပမ်းမှုမှာ ထိုင်းနိုင်ငံမြောက်ပိုင်းနယ်စပ်ဒေသတွင် ထိရောက်မှုမရှိပေ။ တိုကျို၊ ဟောင်ကောင်၊ ဆစ်ဒနီနှင့်ဒေသအတွင်းရှိ အခြားအဓိကကျသော မြို့ကြီးများသို့ ဘိန်းဖြူပို့ဆောင်ရာ၌် ထိုင်းနိုင်ငံသည် အဓိကကျသော နိုင်ငံတကာ တံခါးပေါက်ဖြစ်နေကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအရာရှိများက ပြောကြား ခဲ့ပါသည်။
ဟောင်ကောင်၊တိုကျိုနှင့် အခြားမြောက်ပိုင်းဒေသများသို့ တရုတ်မှတစ်ဆင့် မူးယစ်ဆေးဝါးတင်ပို့ခြင်းသည် ပထ၀ီအရ တိုက်ရိုက်လမ်းကြောင်းဖြစ်ပါလိမ့်မည်။ သို့သော် မူးယစ်ဆေးဝါးအများစုသည် ထိုင်းမှတစ်ဆင့် တောင်ဘက်သို့ ဦးတည်သည်ဟု ယုံကြည်ကြောင်း ထိုင်းနှင့်အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အာဏာပိုင်များက ပြောကြားခဲ့ပါသည်။
ထိုသို့ သယ်ဆောင်ခြင်းသည် ပိုမိုအဆင်ပြေကြောင်း အမည်မဖော်လိုသူ ထိုင်းမူးယစ်ဆေးဝါး စောင့်ကြည့် စစ်ဆေးရေးရဲအရာရှိကပြောကြားခဲ့ပါသည်။မြန်မာနိုင်ငံမြောက်ပိုင်းမှ ထုတ်လုပ်သော မူးယစ်ဆေးဝါး ၉၀ ရာခိုင်နှုန်းခန့်သည်ထိုင်းနိုင်ငံမှတစ်ဆင့် ရောက်ရှိကြောင်း၊တစ်ခါတစ်ရံ လာအိုမှတစ်ဆင့် မဲခေါင်မြစ်ကိုဖြတ် သန်းစုန်ဆင်းကြောင်း သူက ယူဆခဲ့ပါသည်။
ထိုင်းနိုင်ငံ၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် မူးယစ်ဆေးဝါးမှောင်ခိုမှုကိုအဆင်ပြေ ချောမွေ့စေကြောင်း၊ အကြောင်းမှာမလေးရှားအပါအ၀င် တောင်ပိုင်းနေရာများနှင့် ဘန်ကောက်သို့ရောက်ရှိသည့် လမ်းကွန်ရက်များ တိုးပွားလာခြင်းမှတစ်ဆင့် ရဲတပ်ဖွဲ့အား ရှောင်လွှဲရန် လွယ်ကူသောကြောင့်ဖြစ်ကြောင်း အရာရှိများက ပြောကြား ခဲ့ပါသည်။
“၀”နှင့်ကချင်ကဲ့သို့သောမြန်မာနိုင်ငံမြောက်ပိုင်းရှိလက်နက်ကိုင်တိုင်းရင်းသားလူမျိုးစုအဖွဲ့များသည်တရုတ်ကိုရန်မူခြင်းမဖြစ်စေရန် သတိထားကြပါသည်။အကြောင်းမှာလွန်ခဲ့သောနှစ်များတွင်နယ်စပ်ဖြတ်ကျော်လုပ်ငန်းများနှင့်လက်နက်များအတွက်တရုတ်တို့ အပေါ် မှီခိုနေရ သောကြောင့်ဖြစ်ပါသည်။
၁၉၉၀ပြည့်နှစ်အစောပိုင်းမှစ၍တရုတ်တို့ကတင်းမာသောသတိပေးချက်(သင်တို့၏ဘိန်းဖြူမှုန့်များကို ဤ နေရာ မှလွဲ၍ အခြားဘယ်နေရာဖြစ်ဖြစ်ပေးပို့ကြ-Send Your Powder Anywhere Else But Here)များပေးပို့ ခဲ့ကြောင်း Michael Blackကပြောကြားခဲ့ပါသည်။သူသည် “၀”တပ်ဖွဲ့ဆိုင်ရာကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် Jane’s Intelligence Review အတွက်လုံခြုံရေးဆိုင်ရာစာရေးသားသူဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးစုအဖွဲ့များသည်တရုတ်တို့ကိုဒေါသထွက်အောင် မလုပ်ဆောင်ရဲကြောင်းသူက ပြောကြား ခဲ့ပါသည်။
သွေးကြောထဲသို့ဘိန်းဖြူသွင်းသူများမှတစ်ဆင့်H.I.Vရောဂါအဓိကကူးစက်ပျံ့နှံ့သောကြောင့်တရုတ်နိုင်ငံသည်ပြည်မကြီးကိုဖြတ်သန်းသည့် မှောင်ခိုလမ်းကြောင်းများအားအသုံးမပြုရန်“၀”အပေါ်ဖိအားပေးခဲ့ပါသည်။
ထို့ကြောင့်တရုတ်နယ်စပ်အနီးထုတ်လုပ်သောမူးယစ်ဆေးဝါးများသည်လမ်းကြောင်းပြောင်းသွားပြီး“၀”ပြည်သွေးစည်း
ညီညွတ်ရေးတပ်မတော်(UWSA) ၏အခိုင်အမာနေရာသို့ စုန်ဆင်းလာခဲ့ပါသည်။ မြန်မာနိုင်ငံရှိ မူးယစ်ဆေးဝါးကုန်သွယ်မှုများအတွက် UWSA တွင်တာဝန်အရှိဆုံးဖြစ်ကြောင်း အမေရိကန်နှင့် ထိုင်းအစိုးရ တို့က ပြောကြားခဲ့ပါသည်။ ခံတပ်မြို့တစ်ခုကဲ့သို့ တောင်ထိပ်ပေါ်တွင်တည်ရှိသော “၀”တပ်စခန်းများကို ထိုင်းနယ်စပ် ဘက်မှမြင်ရပါသည်။

မူးယစ်ဆေးဝါးကုန်သွယ်မှုကြောင့်မြန်မာနှင့်ထိုင်းနယ်စပ်အကြား၌စိတ်မချရသောအန္တရာယ်ဇုန် တစ်ခုဖြစ်ပေါ် ခဲ့ရပါသည်။
မြန်မာစစ်တပ်နှင့်“၀”တပ်ဖွဲ့တို့အကြားတင်းမာမှုများနှင့်ဆက်နွယ်နေသည့်ယခုနှစ်မူးယစ်ဆေးဝါးမှောင်ခိုမှုများတိုးပွားလာခြင်း
ကြောင့်မူးယစ်ဆေးဝါးမှောင်ခိုသူဟုယူဆရသူ၁၅ဦးသေဆုံးခဲ့ကြောင်းအရပ်ဝတ်ဝတ်ဆင်သည့်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန မှအဖွဲ့ဝင်
Master Sgt.Somsak Taengorn က ပြောကြား ခဲ့ပါသည်။သေဆုံးသူအချို့မှာ “၀”တပ်ဖွဲ့ယူနီဖောင်း ၀တ်ဆင်ထားသူ များ ဖြစ်ကြောင်း သူကပြောကြားခဲ့ပါသည်။
မူးယစ်ဆေးဝါးများကိုနယ်စပ်အနီး၌မကြာခဏသိုလှောင်ပြီးအထုပ်များထုပ်ပိုးပါသည်။သို့သော် မူးယစ်ဆေးဝါး မှောင်ခိုကူးသူများသည်၎င်းတို့၏ပြိုင်ဘက်များမှ မူးယစ်ဆေးဝါးများကို ခိုးယူမည်ကိုစိုးရိမ်သောကြောင့် ပုံမှန်မဟုတ်သောသိုလှောင်ရေးနေရာများ၌မူးယစ်ဆေးဝါးများ ကိုသိုလှောင်ကြပါသည်။ တစ်ခါတစ်ရံ၌ သူတို့သည်တွင်းတူးပြီးမြှုပ်နှံကြောင်း Sergeant Somsakကပြောကြားခဲ့ပါသည်။
မူးယစ်ဆေးဝါးကုန်သွယ်မှုသည်အမြတ်အများအပြားရရှိကြောင်း၊ဆင်းရဲသောဒေသများရှိမိသားစုမျာသည်ပစ်ကပ်ကားသစ်များရှိပြီး တောင့်တင်းခိုင်မာသောပစ္စည်းများဖြင့်ဆောက်လုပ်ထားသည့်နေအိမ်များတွင်ပရိဘောဂများခင်ကျင်းထားပါသည်။ လွန်ခဲ့သော၂နှစ် ခန့်က Mr.Ja Saw သည်ရာဘ(YaBa)၊သို့မဟုတ်CrazyDrugsဟုလူသိများသည့် မက်သာဖက်တမင်းဆေးပြား၂၀,၀၀၀အတွက်သယ်ဆောင်ခထိုင်းဘက်ငွေ၁၀,၀၀၀(အမေရိကန်ဒေါ်လာ၃၀၀)ရရှိခဲ့ပါသည်။ အပြန်လမ်း၌သူသည်ထိုင်းစစ်တပ်၏ချုံခိုတိုက်ခိုက်မှုကိုခံရပြီး ဖမ်းဆီးခံခဲ့ရပါသည်။
ဘန်ကောက်သို့ရောက်ရှိလာသောမူးယစ်ဆေးဝါးများသည်ဖူးခက်အပန်းဖြေစခန်း(၄င်းနေရာရှိအပျော်စီးသင်္ဘောများကိုအခြားနိုင်ငံများသို့ မူးယစ်ဆေးဝါးတင်ပို့ရန်တစ်ခါတစ်ရံအသုံးပြုလေ့ရှိသည်)နှင့်မလေးရှားနယ်စပ်ရှိပြည်နယ်များသို့ရောက်ရှိသွားပါသည်။
မူးယစ်ဆေးဝါးများကိုခြေလျင်လျှောက်သူအချို့မှဝှက်ယူသယ်ဆောင်ခဲ့ကြပါသည်။မူးယစ်ဆေးဝါးများကိုပြောင်းဖူး၊ဆလတ်ရွက်၊ သို့မဟုတ်အခြားစိုက်ပျိုးရေးထွက်ကုန်များအတွင်းထုပ်ပို့ဝှက်ယူကြောင်းSergeantSomsakနှင့်အခြားအရာရှိများက ပြောကြားခဲ့ပါသည်။၂၀၀၈ခုနှစ်မေလတွင်SergeantSomsakသည်တောင်ပေါ်သူအမျိုးသမီး၈ဦးမှ သားအိမ် လမ်းကြောင်းအတွင်း ၀ှက်ယူလာသောမက်သာဖက်တမင်း ဆေးပြားများနှင့် ကွန်ဒုံးများထဲ၌ ထုပ်ပိုးထားသော မက်သာဖက်တမင်းဆေးပြားထောင်ပေါင်း များစွာကို ကူညီဖမ်းဆီးပေးခဲ့ပါသည်။ ၄င်းအမျိုးသမီးများသည် ဘန်ကောက်သို့ထွက်ခွာမည့် လေယာဉ်တစ်စင်းပေါ်တက်ရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံခဲ့ရခြင်ဖြစ်ပါသည်။





New York Times သတင်းစာမှဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။

No comments: