ယခုတလော နိုင်ငံခြားအသံလွှင့် ဌာနများမှ ကျယ်ကျယ်လောင်လောင် အော်နေတာကတွေ့ဆုံ ဆွေးနွေးမှုအတွင်း ဦးတင်ဦးအား ပါဝင်ခွင့်မပေးတဲ့အတွက် ဥပဒေမဲ့လုပ်ရပ်အဖြစ် အင်န်အယ်ဒီမှ ရှုမြင်ကြောင်း၊ ပါတီပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောကြားသွားကြောင်ပါ ဆိုတဲ့သတင်းကြားလိုက်ရတော့ အတော်အံသြသွားမိတယ်။ ဒီသတင်းထွက်ပေါ် မလာခင် နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်မှာ မြန်မာပြည်ကို အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန လက်ထောက်နိုင်ငံခြား ရေးဝန်ကြီး Mr.Kurt Michael Campbell ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်နှင့် ရန်ကုန်သို့ လာရောက်ကြောင်း သတင်းစာနှင့် ပြည်ပအသံလွှင့်ဌာနများမှ ကြားလိုက်ရပါရဲ့။ အပြုသဘောဆောင်မယ့် ဆက်ဆံမှုတွေဖြစ်ပါစေ၊ ကောင်းသောလာခြင်းတွေ ဖြစ်ပါစေလို့ အားလုံးမျှော်လင့်လျက်ပါ။ထုတ်ပပြောပေမဲ့ လူတိုင်းရဲ့ ရင်ထဲမှာဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်ပြီး နာဂစ်ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ကူအညီ ထောက်ပံ့မှု တွေပဲပေးမလား၊ အမေရိကန်လူငယ်များအပါအ၀င်ကမ္ဘာတစ်ဝှမ်းလုံးလူညွန့်တုံးစေမယ့် မူးယစ် ဆေးဝါး တိုက်ဖျက်နှိမ်နင်ရေး လုပ်ငန်းတွေများအကူအညီတွေပြန်ပေးလိမ့်မလား၊သဘာဝဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ခေတ်မီပစ္စည်းကိရိယာတွေ ပံ့ပိုးကူညီပေးလိမ့်မလားရယ်လို့ လူတိုင်း ရဲ့ရင်ထဲမှာ တိုးတိတ်မျှော်လင့်စိတ် ကလေး တွေ ကိုယ်စီနဲ့ပါ။
ကျွန်တော်တို့ဆီကိုလာတဲ့ရည်ရွယ်ချက်က နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်လာ ဖို့နဲ့ အချက် အလက်လာစုဆောင်းတာလို့ သိရကြောင်းပါဗျာ။ အဲဒီလိုဆိုရင် နိုင်ငံတစ်နိုင်ငံက တစ်နိုင်ငံရဲ့ အချုပ်အခြား၊ စည်းမျဉ်း စည်းကမ်း၊ လေးစားလိုက်နာရမယ့်နီတိ၊ ကျင့်ဝတ်တွေကို မစောင့်ထိန်းတော့ဘူးလား။ ဘယ်သူနဲ့တွေ့ပြီး ဘယ်သူနဲ့ မတွေ့လို့ပြောတာမဟုတ်ပါ။ ကျွန်တော်တို့ သာမန်ရိုးရိုးလေးတွေးခေါ်တာပါ။ ဥပမာ ဆိုပါတော့ဗျာ - လူကြီးတစ်ယောက် နဲ့ လူငယ်တစ်ယောက် ယခင်က သိပ်လည်းရင်းနှီးကျွမ်းဝင်မှုမရှိ၊ ယခုမှတွေ့တဲ့အခါ လူကြီးက လူငယ်ကို ``ဟေ့ကောင် မင်းငါ့လောက် အသက်မကြီးသေးပါဘူး။ ငါ့လောက်အတွေ့ အကြုံမရှိသေးပါဘူး။ မင်းထက်ငါလူ့ပြည်ကိုအရင် ရောက်တာပါ´´ လို့များ တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းလိုက်ရင် လူငယ်ဘက်က ခံစားကြည့်စမ်းပါ။ မမှန်ဘူးလား ဆိုတော့ မှန်သင့်သလောက်မှန်တယ်။ ဒါပေမယ့် အချင်းချင်းလေးစားစောင့်ထိန်းရမယ့် ကျင့်ဝတ်၊ ဂါရ၀တရားစတာတွေ ဘောင်ကျော်မနေဘူးလားဗျာ။ ဒါရိုးရိုးရှင်းရှင်း နမူနာလေးပါ။ ဒါမျိုးကျတော့ ကိုရွှေမြန်မာတို့ရေငုံနှုတ်ပိတ်နေတာ အံသြပလို့ပဲ ပြောလိုက်ချင်ပါရဲ့။
မောင်ဖိုးဆန်း
No comments:
Post a Comment