တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် အသွင်ပြောင်းလိုက်ခြင်းနှင့်
ပတ်သက်၍ တရုတ် - မြန်မာနယ်စပ်ရှိ ဒေသခံပြည်သူလူထု၏ သဘောထားကို နယ်စပ်ဒေသ စစ်ရေးအကဲခတ်သူများ
အဖွဲ့က တွေ့ဆုံမေးမြန်းခဲ့ကြသည်။ ` ကျွန်တော်တို့ကချင်ပြည်နယ်မှာ နယ်ခြားစောင့် (၃) တပ်ဖွဲ့စည်းပါတယ်။ ဒီလို
ဖွဲ့စည်းလိုက်တာကို ကျွန်တော်တို့ကြိုဆိုပါတယ်။ ကျွန်တော်တို့ပြည်နယ်မှာ လက်နက်ကိုင်တိုက်ခိုက်တာတွေရှိတော့မှာ
မဟုတ်ပါဘူး´ ဟူ၍ ကချင်အထူးဒေသ(၁) စင်ကြိုင်ဒေသမှ ဒေသခံတစ်ဦးက ပြောပါတယ်။
` နယ်ခြားစောင့်တပ်အဖြစ် ကျမတို့ဒေသလုံခြုံရေးကို ကျမတို့လူမျိုးတွေကိုယ်တိုင် ဆောင်ရွက်တော့မှာဖြစ်လို့
ကျမတို့အထူးအားပေးပါတယ်။ ကျမမောင်လေးတစ်ယောက်လဲ အခုနယ်ခြားစောင့်တပ်မှာပါဝင်ပါတယ်။ သူ့ဘ၀နောင်
ရေးအတွက် ကျမစိတ်အေးပါပြီ။ နိုင်ငံတော်အစိုးရနဲ့ ကျမတို့ရဲ့ကချင်လူကြီးများကိုလည်း ကျေးဇူးတင်မိပါတယ်´ လုပီ
ဒေသက ကျောင်းဆရာမတစ်ဦး၏ ပြောကြားချက်များဖြစ်ပါတယ်။ အဝေးက ကြည့်မြင်ရသည့်ထက် ထဲထဲဝင်ဝင်
နယ်မြေအတွင်း၌ ကြားသိခဲ့ရသော ရင်တွင်းစကားများအား လေ့လာခြင်းအားဖြင့် နယ်ခြားစောင့်တပ်အပေါ် ဒေသခံတို့
ယုံကြည်လက်ခံ ကြကြောင်းသတင်းရရှိသည်။
No comments:
Post a Comment