Wednesday, November 25, 2009

နယ်ခြားစောင့်တပ်ဖြစ်လာပြီး ကချင်ပြည်နယ်တွင်းအခြေအနေ


ယခုတစ်လော စစ်အစိုးရ၏ အသွင်ကူးပြောင်းရေးဟုပြောသည့် လက်နက်ကိုင်တိုင်းရင်သား အဖွဲ့အစည်းများအား နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်အဖွဲ့များအဖြစ် ပြောင်းလဲဖွဲ့စည်းသည့် သတင်းများ၊ စစ်အစိုးရအာဘော်သတင်းစာများနှင့် ရုပ်မြင်သံကြားတွင် ဆက်တိုက်ထုတ်လွှင့် နေသည်။

ပြီးခဲ့သည့် ရက်သတ္တပါတ် အတွင်းက ကချင်အထူး ဒေသ(၁)အဖွဲ့အားနယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့ စည်းလိုက်ခြင်းအပေါ် ကချင်အထူးဒေသ(၁)ဥက္ကဌ ဦးဇုခန်တိန့်ယိန်းက ``တရားဥပဒေဘောင်အတွင်းမှာ တရားဝင်လက်နက်ကိုင်ဆောင်ခွင့်ရပြီး နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရာတွင် ပါဝင်ခွင့်ရရှိသဖြင့် ကချင်ပြည်သူလူထု၏ အားကိုး ထောက်ခံမှုကို အပြည့်အ၀ ရရှိတော့မည်´´ဟု ပြောကြားသွားကြောင်း သိရှိရပါသည်။
ယခုအချိန်က ချင်ပြည်နယ်အတွင်းမှာ သေနက်သံ၊ အမြောက်သံများနဲ့ ဆူညံနေတဲ့ အချိန်များနှင့် ယှဉ်လိုက်မည်ဆိုလျှင် ယခုအခါတည်ငြိမ်အေးချမ်းလျက်ရှိနေကြောင်းနှင့် တရားဝင်လက်နက်ကိုင်ဆောင်ခွင့်လည်းရရှိပြီး ကချင်ပြည်သူလူထု ကြားမှာလည်း လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့်လည်းရ ကြောင်း သိရှိရပါသည်။








No comments: