ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ Donglvc Group သည် ဗီယက်နမ်-မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ် မှုကို အရှိန်အဟုတ်မြှင့်တင်ဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ရှော့ပင်းစင်တာ ပါဝင်သော ဗီယက်နမ်စီးပွားရေးစင်တာတည်ထောင်ရန် ပြင်ဆင်လျက်ရှိကြောင်း၊ အထူးသဖြင့် မြန်မာ့ဈေးကွက် သည် အထည်ချုပ်လုပ်ငန်း၊ ဆောက်လုပ်ရေးပစ္စည်းလုပ်ငန်း၊ အစားအစာနှင့်ဖိနပ်ကုန်ကြမ်း လုပ်ငန်းများ အတွက် ၀ယ်လိုအားအများအပြားရှိကြောင်း၊ မြန်မာနိုင်ငံသည် ဗီယက်နမ်အတွက် ဈေးကွက်သစ်ဖြစ်ကြောင်း ဖြင့် ၁၉-၇-၂၀၁၀ ရက်နေ့ထုတ် Voice of Vietman(VOV) သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အစိုးရပြောင်းလဲမှု၊ အုပ်ချုပ်ရေးပြောင်းလဲမှုများနှင့်အတူ အာဆီယံဘုံဈေးကွက်မှာလည်း ၂၀၁၅ ခုနှစ်တွင် စတင်တော့မည်ဖြစ်ပေရာ လာမည့်နှစ်အနည်းငယ်အတွင်း မြန်မာ့စီးပွားရေးသည် အရေးပါလာတော့ မည် ဖြစ်သည့်အတွက် ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာ့ဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်ရေး ပြင်ဆင်လျက်ရှိသည်။ ဗီယက်နမ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားမြှင့်တင်ရာတွင် မြန်မာနိုင်ငံသည် သင့်တော်ဆုံး ဖြစ်သည့်အတွက် မြန်မာနိုင်ငံမှ အရင်းအမြစ်များကို အကျိုးရှိရှိအသုံးပြုလျှင် အကောင်းဆုံးအနေအထား တစ်ရပ်ဖြစ်လာနိုင်ကြောင်းဖြင့် ဗီယက်နမ်လေကြောင်းလိုင်းမှ အထွေထွေမန်နေဂျာ မစ္စတာဖူဝမ်သောင်းမှ သုံးသပ်ပြောဆိုပါသည်။
အာစီယံစုပေါင်းဈေးကွက် ဖော်ဆောင်သည့်အခါ ထိုင်း၊ စင်ကာပူနှင့် မလေးရှားတို့လို စီးပွားရေးအရ ရှေ့ ရောက် နေသော နိုင်ငံများသည်လည်း ၎င်းတို့ ပိုင်ဆိုင်ထားသည့် စီမံခန့်ခွဲမှုပညာ၊ နည်းပညာပိုင်ဆိုင်မှုတို့ကို အသုံးချကာ သယံဇာတနှင့် လုပ်အားခဈေးသက်သာသည့် မြန်မာနိုင်ငံတွင် ပိုမိုရင်းနှီးမြှုပ်နှံရေး ဆောင်ရွက် တော့မည်ဖြစ်ပေရာ ဗီယက်နမ်အနေဖြင့်လည်း အဆိုပါနိုင်ငံများထက် ပိုမိုစောလျင်စွာ ဆောင်ရွက်နိုင်ရေး ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။

အမေ့အိမ်
No comments:
Post a Comment