Monday, August 02, 2010

တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံအားကျော်လွန်၍ ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာ

တရုတ်နိုင်ငံသည် လူဦးရေများပြားသောနိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း နိုင်ငံသားတစ်ဦးချင်း၏၀င်ငွေမှာ အမေရိကန်ဒေါ်လာ(၃၈၀၀) ခန့်ရှိသည်။အမေရိကန်နှင့်ဂျပန်နိုင်ငံသားများ၏တစ်ဦးချင်းဝင်ငွေနှင့်နှိုင်း ယှဉ်လျှင် အနည်းငယ်ကွာခြားမှုရှိနေသော်လည်း တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံအား ကျော်တက်ကာ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်လာနေကြောင်း တရုတ်အစိုးရ ငွေကြေးထိန်းညှိရေးဌာန အကြီးအကဲက ဇူလိုင်လ(၃၀)ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

၂၀၁၀ ခုနှစ်၊ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ(၁၁.၁)ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်းနှင့် ၂၀ ၁၀ ခုနှစ်၊ နှစ်ကုန်တွင် (၁၁.၅) ရာခိုင်နှုန်းအထိမြင့်တက်နိုင်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ခန့်မှန်းထားသည်။၂၀၀၉ခုနှစ်က တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုအသား တင်တန်ဖိုး GDP မှာ ဂျပန်နိုင်ငံအောက်(၃)ရာခိုင်နှုန်း လျော့နည်းကာ အမေရိကန်ဒေါ်လာ(၄.၉)ထရီလီယံ ဖြစ်သည်။ဂျပန်နိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှု အသားတင်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၅.၁) ထရီလီယံ ရှိခဲ့ပြီး ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံမှာ(၁၄.၃) ထရီလီယံ ရှိခဲ့သည်။

လက်ရှိအနေအထားများအရ တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်အတွင်း ဂျပန်နိုင်ငံအားကျော်တက်ကာ လက်ရှိကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားအကြီးဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်သို့ရောက်ရှိနေပြီဟုစီးပွားရေးကျွမ်းကျင်သူများကဆိုပါသည်။ယခုနှုန်းထားအတိုင်းစီးပွားရေးအလျင်အမြန် တိုးတက်လာပါက တရုတ်နိုင်ငံအနေဖြင့် ၂၀၂၅ခုနှစ်မတိုင်မီ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံအဆင့် သို့ရောက်ရှိ လာတော့မည်ဖြစ်ကြောင်း တရုတ်စီးပွားရေး ကျွမ်းကျင်သူများက သုံးသပ်ထားကြောင်း သတင်းရရှိသည်။

No comments: