ဝါရှင်တန် သြဂုတ် ၁၂
သြဂုတ်လ(၁၀)၇က်နေ့တွင်အမေရိကန်နိုင်ငံဝါရှင်တန်မြို့ရှိသမ္မတအိမ်ဖြူတော်ü လပတ်သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒသဘောထားများ ရှင်းလင်းပြောကြားခဲ့ပါသည်။အမေရိကန်သမ္မတအိုဘားမား၏ အာရှအကြံပေးပုဂ္ဂိုလ် မစ္စတာ ဂျက်ဖရီဘေဒါက ၂၀၁၁ခုနှစ်တွင် အမေရိကန်နိုင်ငံüကျင်းပမည့် အာဆီယံနှင့် အမေရိကန်ထိပ်သီးဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအားထည့်သွင်းဖိတ်ကြားမည်ဖြစ်ကြောင်း၊ အာဆီယံနှင့် အမေရိကန်နီးကပ်စွာဆက်ဆံရေး ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအားအကြောင်းပြုí ဆက်ဆံရေးနှောင့်နှေးစေမည်မဟုတ်ကြောင်း၊ ယခင်က အမေရိကန် သမ္မတများ၏ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒများကြောင့် အာဆီယံနှင့် ဆက်ဆံရေးတွင် အဟန့်အတားရှိခဲ့ကြောင်း၊ ယခုအချိန်တွင် ၄င်းအဟန့်အတားများ ပြေလည်အောင်ဖြေရှင်းနေပါကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်í နိုင်ငံခြားရေးမူဝါဒသစ်နှင့် ထိတွေ့ဆက်ဆံချဉ်းကပ်မှုများ ပြုလုပ်နေကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းချက်များနှင့်ပတ်သက်í ]]အမေရိကန်နိုင်ငံ၏ လက်ရှိအနေအထားမှာ အာဆီယံနှင့် အလှမ်းကွာသော အနေအထားမျိုးရှိနေပြီး အာဆီယံ၏အနေအထားမှာသီးခြားရပ်တည်နေနိုင်သောအခြေ အနေ ဖြစ်သည်ကို သမ္မတအိုဘားမားအနေဖြင့် ကောင်းစွာသဘောပေါက်ထားပါကြောင်း မြန်မာနိုင်ငံနှင့်ပတ်သက်í အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ကမ္ဘာ့ထိပ်သီးနိုင်ငံအဆင့်တွင် ဆက်လက်ထိန်းသိမ်းထားရန်မှာမြန်မာနိုင်ငံအပါအ၀င် အာဆီယံနှင့် ပြန်လည် ချိတ်ဆက်ရမည်ဖြစ်ပါကြောင်း အမေရိကန်နှင့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင်မြန်မာနိုင်ငံလည်းပါဝင်မည်ဖြစ်ကြောင်း}} အမေရိကန်သမ္မတ၏ အာရှအကြံပေးပုဂ္ဂိုလ် မစ္စတာ ဂျက်ဖရီဘေဒါက ပြန်လည်ဖြေကြားခဲ့ပါသည်။

မျိုးချစ်ဦး (USA)
No comments:
Post a Comment