Thursday, August 12, 2010

ထိုင်း - မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအတွက် ပေးဝေနေသော ရိက္ခာများမှ ပစ္စည်းများ ဖြတ်တောက်ရန် TBBCမှ စီစဉ်နေခြင်း

ချင်းမိုင် သြဂုတ် ၁၂ (၂၀၁၀)

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေအတွက် ပုံမှန်ပေးဝေနေတဲ့ ရိက္ခာတွေထဲက တစ်ချို့ကို စက်တင်ဘာလဆန်းက စပြီးဖြတ်တောက်တော့မယ်လို့ သိရပါတယ်။ ဖြတ်တောက်မဲ့ရိက္ခာတွေကတော့ ပဲ၊ ဂျုံမှုန့်၊ သကြားတို့ဖြစ်ပါတယ်။ Thai Burma Boundary Committee (TBBC) အဖွဲ့ရဲ့ ñွှန်ကြားရေးမှူးဖြစ်တဲ့ Jack Dun Ford ကတော့ ဖြတ်တောက်မယ့် အစီအစဉ်ကို ဇွန်လ နောက်ဆုံးပတ်ကတည်းက ဒုက္ခသည် စခန်းတာဝန်ခံတွေထံအကြောင်းကြားပြီးဖြစ်တယ်လို့ ပြောပါတယ်။ အဲ့ဒီလိုဖြတ်တောက်ရတဲ့အတွက် စိတ်မကောင်းဖြစ်မိပေမဲ့ TBBC ရဲ့နှစ်စဉ်ရရှိတဲ့ ရန်ပုံငွေ လျော့နည်းလာခြင်း၊ ထိုင်းဘတ်ငွေတန်ဖိုးကျဆင်းပြီး ကုန်ဈေးနှုန်းတွေမြင့်တက်လာခြင်းတွေကြောင့် အခုလိုလုပ်ဆောင်ရခြင်း ဖြစ်တယ်လို့ ပြောပါတယ်။ ဒီလိုရိက္ခာလျော့ချ ဖြတ်တောက်လိုက်တဲ့အတွက် ဒုက္ခသည်စခန်းတွေကို မှီခိုနေရတဲ့ ကေအင်(န်)ယူတပ်ဖွဲ့ဝင်တွေအတွက်တော့ သူတို့ဘ၀ဆက်လက် ရပ်တည်ဖို့ ခက်ခဲသွားနိုင်ကြောင်း၊ စစ်အစိုးရရဲ့ဖိအားကြောင့် ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများ ထိန်းချုပ်မှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ကြောင်း၊ ဒုက္ခသည်စခန်းအပေါ်မှီခိုပြီး ရပ်တည်လှုပ်ရှားနေသူများ အတွက်အခက်အခဲရှိနိုင်ကြောင်းထိုင်း-မြန်မာနယ်စပ် စစ်ရေးလေ့လာသူများက ဝေဖန်ပြောကြားလျက်ရှိပါတယ်။

No comments: