ဒိုက်ဦး၊ဇန်န၀ါရီလ ၁၈ ရက်
ဒိုက်ဦးမြို့တွင် မြို့နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးအဖွဲ့ အစီအစဉ်ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ စည်းကမ်းမဲ့ မောင်းနှင်လျှက်ရှိသော ဆိုင်ကယ်များအား ဖမ်းဆီးပြီး ဆိုင်ကယ် ၁ စီးလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ဒဏ်ရိုက်အရေးယူလျှက်ရှိပါသည်။ ယခုကဲ့သို့ စည်းကမ်းမဲ့ ဆိုင်ကယ်များကို ဖမ်းဆီးအရေးယူခြင်းမှာ ကောင်းမွန်ပါသည်။ ပြည်သူများကို စည်းကမ်းလိုက်နာ မှုရှိစေရန် ဆောင် ရွက်နေခြင်းဖြစ်သည်။
သို့သော်လည်း ဆိုင်ကယ်များကို ဖမ်းဆီးရာတွင် ဒိုက်ဦးမြို့ပေါ်ရှိ ခင်မင်ရင်းနှီးနေသူများနှင့် ၀န်ထမ်းများကို ဖမ်းဆီးခြင်းမပြုပဲ အခြားမြို့နယ်များမှ လူများနှင့် ကျေးလက်နေ ပြည်သူများကို အဓိကထားဖမ်းဆီးနေကြပါတယ်။ စည်းကမ်းကောင်းမွန်အောင် ဆောင်ရွက်နေသော အချိန်တွင် ယခုကဲ့သို့ ပြုလုပ်ခြင်းသည် နိုင်ငံတော်သမ္မတကြီး ချမှတ်ထားသော သန့်ရှင်းသော အစိုးရ ဟူသော ဆောင်ရွက်ချက်ကို မျက်ကွယ်ပြုထားသလိုဖြစ်နေပါတယ်။
ဖမ်းဆီးခံရသူတစ်ဦးမှ “ ကျွန်တော့်ကို ဘက်မှန်မပါလို့ ဖမ်းတယ်။ ကျွန်တော့ နောက်ကဆိုင်ကယ်ကတော့ ဦးထုပ်လည်း ဆောင်းမထားဘူး ဖမ်းနေတဲ့သူတွေကို လက်ပြသွားတယ်။ ဒီလိုလုပ်နေတယ်ဆိုရင်တော့ ယဉ်စည်းကမ်း လမ်းစည်းကမ်းကို ၂ မျိုးသတ်မှတ်ထားတယ်လို့ ကျွန်တော်တို့ကတော့ ထင်တယ်။ဖမ်းတဲ့လူတွေနဲ့ အသိမိတ်ဆွေတွေဆို ဘယ်လိုသွားသွား ဥပဒေကို မချိုးဖောက်ဘူးလို့ ပြောရမလိုပဲ ” လို့ ပြောကြားခဲ့ပါတယ်။
No comments:
Post a Comment