ဘန်ကောက် ဇန်န၀ါရီလ ၁၈ ရက်
ဇန်န၀ါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ထိုင်းနိုင်ငံ စမွတ်စာခွန်ခရိုင်၊ စမွတ်စာခွန်မြို့၊ ကာလွန်ရပ်၊ အမှတ် ၂ ရပ်ကွက်မှ လက်ဘနွန်နိုင်ငံသား Mr. Atris Hussein ငှာရမ်းထားသောအိမ်အတွင်းမှ ဖောက်ခွဲရေးတွင် အသုံးပြုနိုင်သော ယူရီးယား ဓာတ်မြေသြဇာ အိတ် ၄၀ နှင့် အမိုးနီးယားနိုင်ထရိတ် ပုလင်း ၄၀ တို့ကို ရှာဖွေတွေ့ရှိခဲ့သည်။
| မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်က မစ္စ ရင်လတ် |
Mr. Atris Hussein အား စစ်ဆေးမေးမြန်းရာ ၄င်းဖောက်ခွဲရေးပစ္စည်းများသည် ထိုင်းနိုင်ငံအတွင်း ဖောက်ခွဲဖျက်ဆီးရန် မဟုတ်ပဲ အခြားနိုင်ငံသို့ ထပ်ဆင့်ပို့ဆောင်ပေးရန်အတွက် ဖြစ်တယ်လို့ သိရပါတယ်။ Mr. Atris Hussein အား ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ဘတ်ငွေ ၅၀၀၀၀ သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်လုံး ချမှတ်သွားမယ်လို့ သိရပါတယ်။
အဆိုပါ ကိစ္စ နှင့် ပတ်သတ်ပြီး ဒီမိုကရက်တစ်ပါတီခေါင်းဆောင် အဘီစစ်ဝေ့ချာချီဝမှ ထိုင်းနိုင်ငံအတွင်း သောင်းကျန်းမှုများပြုလုပ်ရန် အစီအစဉ်များ ရှိနေကြောင်းနှင့် အစိုးရမှ မသင်္ကာသူများအား ဖမ်းဆီးရမိထားသည်ဟု သတင်းများ ထုတ်ပြန်ကြေငြာထားသော်လည်း အရေးယူဆောင်ရွက်မှုမရှိသေးကြောင်း၊ မိမိတို့ အစိုးရ လက်ထက်တွင် လက်နက်ရောင်းဝယ်နေသည့် ရုရှားလူမျိုး မစ္စတာ ၀စ်တယ်ဘုအား လက်နက်များ သယ်ဆောင်လာသည့် လေယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သဖြင့် ပြဿနာများစွာအား ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့သဖြင့် လက်ရှိ အစိုးရအဖွဲ့မှ လည်း ထိုကဲ့သို့လိုက်လံဆောင်ရွက် သင့်ကြောင်းကို ပြောကြားခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် ရင်လတ်က စမွတ်စာခွန်မြို့တွင် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိခြင်းနှင့် ပတ်သတ်သော သတင်းအား ရဲတပ်ဖွဲ့ ဦးစီးချုပ် Pol Gen Preawpand Damapongမှ မိမိထံသို့ သတင်းပို့ပြီးဖြစ်ကြောင်း၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား ကာကွယ်ရေး ၀န်ကြီးဌာန၊ ရဲတပ်ဖွဲ့နှင့် အမျိုးသား လုံခြုံရေးကောင်စီတို့မှ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး သတင်းထုန်ပြန်မှုအား ရဲတပ်ဖွဲ့မှ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ မသင်္ကာသူများအားဖမ်းဆီးရမိသည့် ကိစ္စနှင့် ပတ်သတ်၍ ၄င်းတို့လှုပ်ရှားမှုအား တာဝန်ရှိသူများမှ စောင့်ကြည့်မှု ပြုလုပ်လျက်ရှိကြောင်း၊ လုံခြုံရေးဆိုင်ရာကိစ္စများနှင့် ပတ်သတ်ပြီး အရေးကြီးသည့် နေရာများနှင့် လူစည်ကားရာနေရာများကို လုံခြုံရေးပိုမိုဆောင်ရွက်ထားခြင်းကြောင့် ပြည်သူတို့ အနေဖြင့် စိုးရိမ်ခြင်း မရှိစေရန် အသိပေးလိုသည်ဟု ပြောကြားခဲ့ကြောင်း သိရပါတယ်။
1 comment:
ဒီဖြစ်ရပ်ကို ကြည့်ပြီး ငါတို့နိုင်ငံထဲကို မူဆလင်တွေဖြစ်တဲ့ ကောင်တွေကိုပြည်ဝင်ခွင့်ပိတ်ခွင့်တောင်းဆိုရမယ်..ပြီးတော့ဝင်ပြီးသားကောင်တွေကောင်မတွေကိုသတိထားစောင့်ကြည့်ရမယ်.သတိထားပါ.ခွေးဆိုတာကိုက်တတ်ပါတယ်.
Post a Comment