မဲဆောက်၊ ဇန်န၀ါရီလ ၂၆ ရက်
ဇန်န၀ါရီလ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ သာယောင်ယမ်းမြို့နယ်အုပ်ချုပ်ရေးမှူး နိုင်ချလုံချိုင်အရံရွှမ်းရွတ် ဦးဆောင်ပြီး မြို့နယ်ပြည်သူ့စစ်အဖွဲ့ဝင်များ၊ စစ်တပ်မှ စစ်သည်များပါဝင်သော အဖွဲ့ဝင်အင်ဘား ၆၀ ခန့်ဖြင့် မယ်လဒုက္ခသည် စခန်းရှိ သင်္ကာမကင်းသော နေရာ ၄ ခုအား လျှပ်တပြက်ဝင်ရောက်ရှာဖွေရာ ဇုန် B-2၊ အမှတ် ၆၅ တွင် နေထိုင်သည့် ဒုက္ခသည်စခန်းကော်မတီဝင်ဖြစ်ပြီး မယ်လဒုက္ခသည် စခန်း တရားရေးဌာနတာဝန်ခံ စောမန်းစိုးတင့်နေအိမ်မှ M-16-A-1 သေနတ် ၃ လက်၊ ကာဘိုင် ၂ လက်၊ AK-47 ၂ လက်၊ AK-47 ကျည် ၁၈၉ တောင့်၊ M-16 ကျည် ၃၁၈ တောင့်၊ ကာဘိုင်ကျည် ၂၂၆ တောင့်၊ ၉ မမ ကျည် ၈၀ တောင့် တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့ပြီး အိမ်ရှင် စောမန်းစိုးတင့်ကို ထိုင်းနိုင်ငံဥပဒေအရ အရေးယူမယ်လို့ ထိုင်းနိုင်ငံထုတ် သတင်းစာများမှာ ဖော်ပြခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် မစ္စ ရင်လတ် လာရောက်ပြီး နောက်ပိုင်းတွင် ၂ နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်လာခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေးများ ပိုမို တိုးတက်လာပြီး၊ မြန်မာနိုင်ငံနှင့် ပတ်သတ်သည့် သဘောထားများလည်း ပြောင်းလဲလာပါတယ်။ နယ်စပ်လုံခြုံရေးဆောင်ရွက်မှုများလည်း ပိုမို ပူးပေါင်းဆောင်ရွက် လာကြပါတယ်။
No comments:
Post a Comment