တာချီလိတ်၊ ဇန်န၀ါရီလ ၂၆ ရက်
ဇန်န၀ါရီလ ၂၁ ရက်နေ့က ပါခေါင်ကြီးကျေးရွာသား လားဟူလူမျိုး ၂ ဦးအား ဖမ်းဆီးပြီး ထိုင်းရဲများမှ ငွေတောင်းခံရာမှ စတင်ခဲ့သော ပစ်ခတ်မှုတွင် မြန်မာ ၂ ဦးသေဆုံးခဲ့ရပါသည်။ ၄င်းကို မကျေနပ်၍ လားဟူလူမျိုးများက သွားရောက် တိုက်ခိုက်ရာ ထိုင်းသတင်းဌာနများက မြန်မာ စစ်သားများ လာရောက် တိုက်ခိုက်သည်ဟု စွပ်စွဲပြောဆိုခဲ့ပါသည်။
၎င်းကိစ္စနှင့် ပတ်သတ်ပြီး ထိုင်း-မြန်မာ နယ်စပ်ဆိုင်ရာ အစည်းအဝေးကို ဇန်န၀ါရီလ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ ချိန်းရိုင်းခရိုင် ဖိုးဝဒုံးရီ ဟိုတယ်တွင် ကျင်းပခဲ့ပါတယ်။ အစည်းအဝေးတွက် မြန်မာဘက်မှ ပါခေါင်ကြီးကျေးရွာသား ၂ ဦးသည် နတ်ဆရာပင့်ရန် သွားရောက်ခြင်းသာဖြစ်ကြောင်း၊ လက်နက်နှင့် မူးယစ်ဆေးဝါးများ မပါကြောင်း၊ ထိုင်းရဲများမှ ဖမ်းဆီးပြီး ငွေတောင်းခံခြင်းသာဖြစ်ကြောင်း၊ လာရွေးသော ရွာသားများအား ထိုင်းရဲမှ သေနတ်ဖြင့် ပတ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ထိုင်းရဲများမှ သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းမီဒီယာများမှ ဖော်ပြချက်များတွင် မြန်မာ့စစ်တပ် ယူနီဖောင်းများ ၀တ်ဆင်ထားသူများမှ လာရောက်ပစ်ခတ်ခြင်းဖြစ်တယ်လို့ ဖော်ပြထားသော်လည်း၊ သေဆုံးကျန်ခဲ့သူမှာ အရပ်ဝတ်များဖြင့် ရွာသားဖြစ်ပြီး ဆေးရုံရောက်နေသူမှာလည်း အရပ်သားပဲ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းမီဒီယာများကို သတင်းမှားများ ထုတ်လွှင့်ခြင်းအတွက် ကန့်ကွက်ကြောင်းနှင့် နောင်အလားတူဖြစ်စဉ်မျိုးုဖြစ်လာပါက ဥပဒေအတိုင်း ဆောင်ရွက်ဖို့ လိုကြောင်း ဆွေးနွေးခဲ့ပါတယ်။
ထိုင်းတာဝန်ရှိသူများမှ ပစ်ခတ်မှုမှာ ထိုင်းနိုင်ငံအတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ထိုင်းရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်သာဖြစ်ပါကြောင်း၊ သတင်းမီဒီယာများကို မဟုတ်မမှန်ပြောဆိုခြင်းအား တားဆီးပေးမှာဖြစ်ကြောင်း၊ မိမိတို့ဘက်မှ မှားယွင်းခဲ့သဖြင့် တာဝန်ရှိသူများကို အရေးယူရန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ နှစ်ဘက်နယ်ခြားကော်မတီ အဖွဲ့ အနေဖြင့် ပုံမှန်နယ်ခြားကိစ္စများအပြင် နယ်စပ်ပြဿနာများကိုလည်း တိုးမြှင့်ဖြေရှင်းသွားမှာ ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိပါတယ်။
No comments:
Post a Comment