ရေးမြို့ ဇန်န၀ါရီ ၂၆ရက်
၂၀၁၂ ဇန်န၀ါရီ ၂၅ရက်နေ့တွင် ရေးမြို့ ၊ ရေးချောင်းဖျားဒေသမှာရှိတဲ့ NMSP (မွန်)အဖွဲ့ ဗဟိုဌာန ချုပ် မှာ NMSP (မွန်)အဖွဲ့ ဥက္ကဌ နိုင်ထောမွန်ဦးစီးပြီး အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ အစည်းအဝေး မှာ မွန်ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရတို့နဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေး ဖော်ဆောင်မယ့် ကော်မတီကို ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်းသိရှိရပါတယ်။ အဖွဲ့ ဥက္ကဌနိုင်ထောမွန်က တော့

“ ဒီငြိမ်းချမ်းရေးအကောင်အထည်ဖော်ဆောင်မယ့် အဖွဲ့ကို အဖွဲ့ဝင် (၇)ဦးနဲ့ ဖွဲ့စည်းသွားပါ့မယ်။ ဥက္ကဌအဖြစ် နိုင်ရောစကို တာဝန်ပေးအပ်ပြီး အတွင်းရေးမှူးတာဝန်ကိုတော့ ဗိုလ်ချုပ် နိုင်လယီကကောင်း ကပဲတာဝန်ယူပြီး ဆောင်ရွက်စေလိုတယ်” လို့ပြောကြားခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးဖော်ဆောင်မည့်အဖွဲ့ဝင်များသည် ယခုလ ၃၀ရက်နေ့တွင် မော်လမြိုင်မြို့သို့သွားရောက်ပြီး ဖေဖော်ဝါရီလ ၁ရက်နေ့မှာတော့ မွန်ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရတို့ နှင့် အပစ်အခတ်ရပ်စဲရေး တို့ကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment