လွိုင်ကော်၊ ဇန်န၀ါရီလ ၂၄ ရက်
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) အတွင်းရေးမှူးရုံးမှ စစ်ဦးစီးချုပ်ရုံးသို့ ငြိမ်းချမ်းရေးနှင့် ပတ်သတ်ပြီး အကြောင်းကြားစာ တစ်စောင်အား ပေးပို့ထားရှိပါသည်။ အဆိုပါစာတွင် “ မိမိတို့ KNPP ခေါင်းဆောင်များ ညှိနှိုင်းဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီလ အတွင်းတွင် အစိုးရကိုယ်စားလှယ်များနှင့် ထပ်မံဆွေးနွေးရေး စီစဉ်နေပြီဖြစ်ပါသည်။ ဆွေးနွေးသည့် အချိန်ကာလအတွင်း မိမိတို့ KNPP အဖွဲ့ဝင်များအနေဖြင့် စစ်ရေး သတိထား လှုပ်ရှားစေလိုသည်။ ငြိမ်းချမ်းရေးအား လက်မခံသည့် အဖွဲ့ဝင်များရှိပါကလည်း ယခုအချိန်မှစ၍ ပွင့်ပွင့်လင်းလင်း တက်ပြညှိနှိုင်း ဆွေးနွေးနိုင်ကြောင်း အဖွဲ့ဝင်အားလုံးသို့ အသိပေးအကြောင်းကြားစေလိုသည် ” ဟု ဖော်ပြထားပါသည်။
KNPP အဖွဲ့သည် ကယားပြည်နယ်အတွင်းတွင် တည်ရှိနေပြီး ၄င်းတို့အဖွဲ့ရှိနေသဖြင့် ကယားပြည်နယ် တိုးတက်သင့်သလောက်မတိုးတက်ပဲ ဖြစ်နေကြောင်း ဒေသခံများက ထင်မြင်နေကြပါတယ်။ ဒါကြောင့် KNPP အဖွဲ့ကို အပစ်အခတ်ရပ်စဲစေပြီး ကယားပြည်တိုးတက်ရေးကို ပူးပေါင်းလုပ်ဆောင်စေလိုပါတယ်။ KNPP အဖွဲ့သည် လက်နက်ကအစ KNU ကိုမှီလိုနေရပါတယ်။ KNU မှ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီးနောက် KNPP အဖွဲ့သည်လည်း အစိုးရနှင့် ဆွေးနွေးလိုခြင်းဖြစ်ပါတယ်။ သို့သော်လည်း အဖွဲ့အတွင်းတွင် ငြိမ်းချမ်းရေးကို လိုလားသောသူနှင့် မလိုလားသောသူများ ကွဲပြားနေခြင်းကြောင့် အဖွဲ့အနေဖြင့် ရှင်းရှင်းလင်းလင်းသိရအောင် သဘောထား မေးမြန်းထားခြင်း ဖြစ်တယ်လို့ KNPP အတွင်းရေးမှူး ခူးရယ်ဦးက ပြောကြားတယ်လို့ သိရပါတယ်။
No comments:
Post a Comment