Tuesday, January 24, 2012

ထိုင်းထောက်လှမ်းရေးမှ ကရင်တိုင်းရင်းသားအဖွဲ့များနှင့် ပတ်သတ်ပြီး ဝေဖန်ပြောဆို

မဲစောက်၊ ဇန်န၀ါရီလ ၂၄ ရက်
          ထိုင်းနိုင်ငံ၊ အမှတ် ၃ စစ်တိုင်း၊ အမှတ် ၄ တပ်မမှ ဒုတပ်မမှူး ဗိုလ်မှူးကြီး ခူးချစ်လိမ့်ငုမ်သည် ထိုင်းမြန်မာနယ်စပ် စစ်ဗျူဟာမှူးကြီး ပရစံတင်ပရသိမ့်၊ ထောက်လှမ်းရေးမှူး ဗိုလ်မှူးကြီး မာနပ်တို့ ပါဝင်သော အဖွဲ့ဖြင့် အုန်းဖန်းမြို့နယ်၊ မိုကရိုတိုက်နယ်၊ မိုကရိုရွာသစ်မှ မြန်မာနိုင်ငံဘက်ရှိ ဘော်လဲခီးရွာသို့ သွားရောက်သည့် နယ်စပ်တောင်ကြားလမ်း ၀င်/ထွက် လမ်းဝအားကြည့်ရှုစစ်ဆေးခြင်း၊ နယ်စပ်လုံခြုံရေးစခန်းသစ်နှင့် စစ်ဆေးရေးဂိတ်တည်ဆောက်ရန် မြေနေရာတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ကရင်ခေါင်းဆောင်နှင့် မြန်မာအစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ
         
ထိုင်းထောက်လှမ်းရေးမှူး ဗိုလ်မှူးကြီး မာနပ်မှ မြန်မာနိုင်ငံနှင့် ပတ်သတ်ပြီး “ KNU ဗဟိုနှင့် မြန်မာ အစိုးရတို့ အပစ်အခတ်ငြိမ်းချမ်းရေး ပြုလုပ်ပြီးသည့် နောက်ပိုင်းတွင် KNU နှင့် DKBA နယ်မြေလုတိုက်ပွဲများ ဖြစ်ပေါ်လာနိုင်ခြင်း၊ DKBA၊ နယ်ခြားစောင့်တပ်နှင့် ကလိုထူးဘောဗျူဟာ အဖွဲ့တို့ နယ်မြေလုခြင်းစသည့် ကရင်အချင်းချင်း တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်သည်  ” ဟု ဝေဖန်သုံးသပ်ပြောကြားခဲ့ပါတယ်။

No comments: