ရေး၊ ဇန်န၀ါရီလ ၂၃ ရက်
လက်မှတ်ထိုးရန်အတွက် NMSP ဥက္ကဌ နိုင်ထောမွန်၊ တွဲဘက်အတွင်းရေးမှူး- ၁ နိုင်အောင်မင်း၊ ဒုတိယ စစ်ဦးစီးချုပ် နိုင်လယီကောင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဝင်းလှတို့သည် ခလော့ခနီမွန်ကျေးရွာမှ ဇန်န၀ါရီလ ၂၁ ရက်နေ့ နံနက် ၈ နာရီက ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။ နိုင်ထောမွန်မှ “ NMSP အဖွဲ့သည် မွန်နိုင်ငံရေး အဖွဲ့အစည်းများ၊ မွန်လက်နက်ကိုင်အဖွဲ့ အစည်းများ အားလုံး စည်းလုံးညီညွတ်မှု တည်ဆောက်သွားမည် ဖြစ်သကဲ့သို့ နိုင်ငံတော်အစိုးရနှင့်လည်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကို အကောင်အထည်ဖော်လုပ်ဆောင်သွားပြီး၊ တရားဝင် နိုင်ငံရေးလမ်းကြောင်းမှ လုပ်ဆောင် သွားမယ် ” လို့ ပြောကြားခဲ့ပါတယ်။
No comments:
Post a Comment