မြိုင်မြို့နယ်သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်သံအမတ်ကြီးတို့ သွားရောက်လေ့လာမည်ဖြစ်ဟု သတင်းရရှိ
၃၀-၁-၂၀၁၂
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်သံအမတ်ကြီးတို့သည် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ရန်ကုန်မှ ညောင်ဦးမြို့သို့ လေယာဉ်ဖြင့်ထွက်ခွာ လာမည်ဖြစ်ပြီး မြိုင်မြို့နယ်၊ ပေပင်တိုက်ကျေးရွာရှိ Adventist Development and Relies Agency (ADRA) Myanmar အဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် သောက်သုံးရေးဖြန့်ဝေပေးခြင်း၊ ရွာလုံးကျွတ် မီးလင်းရေးဆောင်ရွက် ပေးနေမှုအခြေအနေနဲ့ စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းများအား ကြည့်ရှု့လေ့လာမည်ဟုသိရှိရပါတယ်။ ထို့အပြင် ၎င်းကျေးရွာရှိ ဆင်းရဲချို့တဲ့သည့် တောင်သူ ၃၅ ဦး အား ငွေကျပ် (၇၀၀၀၀)စီ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ရွာသူ၊ ရွာသားများအား ဒေါ်အောင်ဆန်းစုကြည်မှ တွေ့ဆုံစကားပြောမည် ဖြစ်ကြောင်း သိရှိရပါတယ်။
ဒါ့အပြင်ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်သံအမတ်ကြီးတို့သည် ပေပင်တိုက်ကျေးရွာမှတစ်ဆင့် ကိုင်းတောမ ကျေးရွာအုပ်စု၊ ကျစ်တီးကျေးရွာသို့ သွားရောက်မည်ဖြစ်ပြီး ၎င်းကျေးရွာရှိ (ADRA) Myanmar ရုံးခွဲမှဖွင့်လှစ်ပေးခဲ့တဲ့ အသက် မွေးဝမ်းကျောင်းပညာသင်တန်းနဲ့ သစ်တောပျိုးဥယျာဉ်တို့ အား လေ့လာကြည့်ရှုမည်ဟု သိရှိရပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်မှ လိုက်ပါလာခဲ့သည့် ဗြိတိန်သံအမတ်ကြီးနဲ့ သတင်းထောက် ၅၀ ဦးတို့အား ၎င်းကျေးရွာ ဘုန်းကြီးကျောင်းရှိ ဓမ္မာရုံတွင် ခရီးစဉ်နှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးသွားမည်လို့ သိရှိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်သည် ပါတီလုပ်ငန်းများနှင့် ပတ်သက်ခြင်း မရှိဘဲ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား သွားရောက် ကြည့်ရှု့လေ့လာခြင်းသာဖြစ်ပြီး ကျစ်တီးကျေးရွာမှ ညနေပိုင်းတွင် ညောင်ဦးလေဆိပ်သို့ ပြန်လည်ထွက်ခွာ မည်ဟု သတင်းရရှိပါတယ်။
No comments:
Post a Comment