Monday, January 30, 2012


မြန်မာနိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံများသို့ နှစ်စဉ် ဆန်တန်ချိန်ပေါင်း နှစ်သိန်းအထိ တင်ပို့ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိ
၃၀-၁-၂၀၁၂
အင်ဒိုနီးရှားနိုင်ငံပိုင် ရောင်းဝယ်ရေးအေဂျင်စီ ဘူးလော့ဂ် (Bulog) သည် မြန်မာနိုင်ငံမှ တစ်နှစ်လျင် ဆန်တန်ချိန် တစ်သိန်းကျော်မှ နှစ်သိန်းအထိ ၀ယ်ယူသွားရန်အတွက် မြန်မာနိုင်ငံဆန်ကုန်သည်ကြီး များအသင်း (MRIA) နဲ့ ဇန်န၀ါရီ ၂၈ ရက်နေ့တွင် သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့တယ်လို့ (MRIA) အတွင်းရေးမှူး ဦးရဲမင်းအောင်မှ ပြောဆိုခဲ့ပါတယ်။ Bulog အနေနဲ့ အင်ဒိုနီးရှားနိုင်ငံ၏ ဆန်လိုအပ်ချက် များကို ဖြည့်တင်းပေးနိုင်ရန်အတွက် ၂၀၁၁ ခုနှစ်အတွင်းက ထိုင်း၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံများမှ ဆန်တန်ချိန်(၁.၉)သန်းအား ၀ယ်ယူဖြည့် တင်းပေးခဲ့ရပြီး ၂၀၁၂ ခုနှစ်အတွင်း ပြည်ပမှ ဆန်ဝယ်ယူ တင်သွင်းမှု အား ရှောင်ရှားလိုခဲ့ကြောင်းနဲ့ ၁၉၈၀ပြည့်လွန်နှစ်များတွင် အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် ပြည်တွင်းဆန်ထုတ်လုပ်မှုပမာဏမှာ စားသုံးသည့် ပမာဏကိုပြည့်မှီခဲ့ပြီး အဆိုပါ အခြေအနေကို ပြန်လည်ရောက်ရှိလိမ့်မည်ဟု ရည်မှန်းထား တယ်လို့ ပြောဆိုခဲ့ပါတယ်။ MRIA နဲ့ Bulog တို့၏ သဘောတူညီချက် စာချုပ်အရ  မြန်မာနိုင်ငံမှ ဆန်များအား ပထမအသုတ်အနေဖြင့် ဆန်တန်ချိန် တစ်သောင်းခန့်အား ဖေဖော်ဝါရီလထဲမှာ တင်ပို့သွားမယ်လို့ သိရှိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပုံမှန်အားဖြင့် ပြည်ပသို့ (၂၅)မှတ်ဆန်အမျိုးအစားကိုသာ တင်ပို့လေ့ရှိပြီး နှစ်စဉ် ၇ သိန်းခန့်အထိ တင်ပို့နိုင်ခဲ့ကြောင်းနဲ့ ယခု ၂၀၁၂ ခုနှစ်တွင်လည်း အဆိုပါပမာဏ၀န်းကျင်အထိ တင်ပို့သွားနိုင်လိမ့်မယ်လို့ မျှော်လင့် ထားကြောင်း ဦးရဲမင်းအောင်မှ ပြောဆိုခဲ့တယ်လို့သိရှိရပါတယ်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံအနေဖြင့် လက်ရှိအချိန်မှာ ပြည်ပသို့ ဆန်တန်ချိန်ပေါင်း ၁၀ သန်းခန့်အထိ တင်ပို့လျက်ရှိပြီး ကမ္ဘာပေါ်မှာ ဆန်တင်ပို့နိုင်မှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါတယ်။ သို့သော် ယခုနှစ်တွင် ထိုင်းအစိုးရအနေဖြင့် လယ်သမားများထံမှ ဆန်များ အား ဈေးကောင်းပေး၍တိုက်ရိုက်ဝယ်ယူမဲ့ အစီအစဉ် ကြောင့် ထိုင်းဆန်ဈေးနှုန်းမြင့်တက်လာနိုင်ပြီး ကမ္ဘာ့ဈေးကွက်မှာ အခြားနိုင်ငံများမှ ဈေးနှုန်းသက်သာသည့် ဆန်များနှင့် ယှဉ်ပြိုင်ရောင်းချရာတွင် အခက်အခဲများဖြစ်ပေါ်လာဖွယ်ရှိသဖြင့် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဈေးကွက် အတွင်း ဆန်တင်ပို့ရောင်းချနိုင်မည့် အခွင့်အရေးပိုမိုရရှိလာဖွယ်ရှိတယ်လို့ သတင်းရရှိပါတယ်။

ပြန်ခေါက်ပေးထားပါဗျာ ...... ဆက်ဖတ်ပါဗျာ .........

No comments: