Wednesday, February 01, 2012

တပ်လည်းရှုံး၊ ငြိမ်းချမ်းရေးလည်းရှုံးမှာကြောက်နေတယ်

          မွန် ပြည်သစ်ပါတီ သည် ၁၉၆၂ ခုနှစ် လက်နက်ကိုင်တော်လှန်ရေးစတင်ပြုလုပ်ခဲ့သည်။  
မွန်ပြည်သစ်ပါတီအားယနေ့နံနက်၈နာ၇ီအချိန်တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဦးအောင်မင်းသံဖြူဇရပ်မြို့နယ်တွင်သွားရောက်ကြိုဆိုခဲ့ပြီးယနေ့ညနေတွင်ညစာစားပွဲပြုလုပ်မည်ဖြစ်သည်။  မွန်ပြည်သည်ပါတီငြိမ်းချမ်းရေး အဖွဲ့တွင် ပါတီ ဒုဥက္ကဌ နိုင်ရော့စ အပါအ၀င် ပါတီ ဗဟိုကော်မတီဝင်များ နှင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များအပါအ၀င် ၁၂ ဦးက  ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မော်လမြိုင်မြို့ ရှိ ကမ်းနားလမ်းဟိုတယ်(Strand)တွင်အပစ်အခတ်ရပ်ဆဲရေးတွက်ဆွေးနွေးမည်။ဆွေးနွေးပွဲမတိုင်မီမွန်ပြည်သစ်ပါတီဘက်မှဆွေးနွေးရန် ငြိမ်းချမ်းရေးအကျိုးဆောင်ပေးသူ ဦးညွန်အုန်းမြင့်၏ The Voice Weekly သို့ ပြောကြားချက်များကို ကောက်နှုတ်ဖော်ပြအပ်ပါသည်။
"ဆွေးနွေးရင် လက်မှတ်ထိုးဖြစ်ဖို့က သေချာတယ်။ နည်းနည်းတော့ခက်လိမ့်မယ်လို့ထင်တယ်။ ယုံကြည်မှုတည်ဆောက်ရဦးမယ်။ မွန်ခေါင်းဆောင်တွေရဲ့ အမြင်က အရင်တစ်ခါလက်နက်နဲ့ ငြိမ်းချမ်းရေး လဲတုန်းကလိုဖြစ်မှာစိုးတယ်။ သူတို့ မှာစစ်သား အယောက်  ၅၀၀၀ လောက်ရှိရာက ၁၀၀၀ လောက်ပဲကျန်တယ်။ ပြီးတော့ အဲဒီငြိမ်းချမ်းရေးကလည်းမတည်မြဲခဲ့ဘူး။
"မွန်ခေါင်းဆောင်တွေ အဓိကတောင်းဆိုချင်တာကနိုင်ငံရေး မှာ ပါဝင်ခွင့်ရဖို့ မွန်တစ်မျိုးသား လုံး နိုင်ငံတော်မှာ ဘယ်အခန်းကဏ္ဍ ကပါဝင်မလဲဆိုတာတွေ ဆွေးနွေးဖြစ်မယ်။ မွန်ခေါင်းဆောင်တွေ အကုန်လုံးကလည်း ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အဆင်သင့် ရှိတယ်လို့ကျွန်တော်ထင်တယ်။ နောက်ပြီး မွန် ခေါင်းဆောင် နိုင်ယက္ခနဲ့ ကျန်တဲ့ခေါင်းဆောင်တွေ၊ မွန်နိုင်ငံရေးအကျဉ်းသားတွေပြန်လွတ်ပေးဖို့၊ မွန်လူမျိုးတွေရဲ့ စာပေ မွန်ပြည်နယ်သင်ကြားဖို့၊ မွန်ပြည်နယ်မှာ မွန်ဘာသာစကားရုံးသုံးဘာသာဖြစ်ဖို့ အဲဒါတွေ တောင်းဆိုကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်၊
"ကျွန်တော်တို့ အကျိုးတော်ဆောင်တွေအနေနဲ့ ဒီဆွေးနွေးပွဲလုပ်မယ်ဆိုကတည်းလက်မှတ်ထိုးနိုင်ဖို့ ၈၀ ရာခိုင်နှုန်း လောက်သေချာအောင်လုပ်ထားရတာပေါ့။ အခုမွန်ပြည်သစ်ပါတီက ဒီကိုဆွေးနွေးဖို့သက်သက်ပဲလာတာပေါ့။ ဆုံးဖြတ်ချက်ချဖို့ က ဗဟိုကော်မီဝင်တွေ သဘောထားဖြစ်တာပေါ့ ။ အကျိုးဆောင် အနေနဲ့ ကတော့ဒီမှာညှိနိုင်သလောက် ရအောင်ညှိ နိုင်အောင်ကြိုးစားမယ်။ အစိုးရနဲ့ ညှိလိုက်မွန်ပြည်သစ်ပါတီနဲ့ညှိလိုက် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ နားလည်မှုကတော့ တ်ာတော်တည်ဆောက်ပြီးနေပါပြီ၊
"နိုင်ငံတစ်ခုမှာ အင်အားစုတစ်ခုနဲ့တစ်ခု အခြေအနေကမတူညီကြဘူး။ တစ်ဖွဲနဲ့တစ်ဖွဲ့ကွားခြားတယ်။  KNU နဲ့ ပတ်သတ်ပြီး ဒုက္ခတွေနှစ်ရှည်လများ ခံစားလာရတယ် အစိုးရဘက်ကလည်း ဒီတိုင်းပဲ ခံလာရတယ် အဲဒီတော့နှစ်ဖက်လုံးမြန်မြန်ပြီးချင်တယ်။အခုမွန်ကတော့သူတို့ အရင်တခေါက်လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ခဲ့တုန်းကအခြေအနေမျိုး တပ်လည်းရူံး၊  ငြိမ်းချမ်းရေး လည်းရှုံးဖြစ်မှာကြောက်နေတယ်"

No comments: