Registryအကြောင်းကို သိအောင်လို့ မသိသေးတဲ့သူအတွက် ရည်ရွယ်ပြီးတင်ပေးလိုက်တာပါ။ ဒီထက်ပိုသိချင်ရင်တော့ comment မှာ ၀င်ရေးပေးခဲ့စေလိုပါတယ်......
[HKey_Classes_Root]
ဒီထဲမှာတော့ Extension Name ရဲ့ Setting တွေကို သိမ်းထားပါတယ်.(Jpg) ဆိုတဲ့ File ဟာပုံဖြင့် အသိအမှတ်ပြုပြီး ဘယ်Program နဲ့ မဆိုဖွင့်ရမယ်ဆိုတာကို မှတ်ထားပါတယ်..ဒါ့ကြောင့် (jpg) File ကို ဖွင့်လိုက်တဲ့အခါ Computer ဟာ Program တစ်ခုဖြင့်ဒီ (jpg) File ကိုဖွင့်ပါလိမ့်မယ်..ဥပမာ (doc) File ကို Wordpad ဖြင့်ဖွင့်ပြီး (txt) ကို Notepad ဖြင့်ဖွင့်ပါလိမ့်မယ်....
[HKey_Current_User]
ဒီထဲမှာတော့ Login လုပ်ထားတာရှိပါတယ်...User ရဲ့ Setting တွေကို သိမ်းထားပါတယ်..အကယ်၍ user တစ်ယောက်ပဲရှိရင် အထဲမှာရှိတဲ့ data တွေဟာ[HKey_User] ထဲမှာရှိတဲ့ data တွေနဲ့ တူညီပါတယ်...[HKey_Current_User]ဟာ login လုပ်ထားတဲ့ user က ပြုပြင်တဲ့ Windows Setting တွေကိုသိမ်းထားပါတယ်.ဒါ့ကြောင့် အခြား user ဖြင့် login လုပ်ရင်တော့ settings တွေဟာ တူညီမှာမဟုတ်ပါဘူး.
[HKey_Locak_Machine]
ဒီထဲမှာတော့ Hardware တွေနဲ့ ပတ်သတ်တဲ့ Setting တွေကို သိမ်းထားပါတယ်.ဥပမာ..CD Rom,Printer တွေရဲ့data နဲ့ Setting တွေ နောက်ပြီး Bios ရဲ့ Setting တွေကိုပါ အထဲမှာ သိမ်းထားပါတယ်.
[HKey_Users]
ဒီထဲမှာတော့ User တွေရဲ့ Setting တွေကိုသိမ်းထားပါတယ်.User တစ်ယောက်ပဲရှိရင်တော့ [HKey_Current_User] နဲ့ [HKey_User/Default]ထဲက data တွေဟာ တူညီပါတယ်.. User အများကြီးရှိရင်တော့ [HKey_Users] အောက်မှာ User name ရဲ့ နာမည်ဖြင့် ပြုလုပ်ထားတဲ့ Sub Key တွေရှိပါတယ်...
[HKey_Current_Config]
ဒီထဲမှာတော့ ယခုအသုံးပြုထားတဲ့ hardware setting တွေကို သိမ်းထားပါတယ်.hardware setting အမျိုးမျိုးရှိရင်တော့ [HKey_Current_Config] နဲ့ [HKey_Local_Machine/config/current]ဟာ လက်ရှိအသုံးပြုသည့် setting တွေကို သိမ်းထားပါတယ်...setting တစ်မျိုးထဲရှိရင်တော့
[HKey_Current_Config] နဲ့ [HKey_Local_Machine/config/0001] တူညီပါတယ်.
No comments:
Post a Comment