Sunday, February 05, 2012

စင်္ကာပူနဲ့ မြန်မာမီဒီယာ


ပြည်တွင်းပြည်ပ မြန်မာပြည်သားများ ဖတ်ရှုတဲ့ ဧရာဝတီဘလော့ကို ဘယ်ဒေသက အများဆုံး ၀င်ရောက်လာသလဲ ဆိုတာ ကြည့်လိုက်တော့ စင်္ကာပူဖြစ်နေပါတယ်။

ဒီတပတ်အတွင်း ၀င်ရောက်မှုပြ ကိန်းဂဏန်းတွေကို အထက်ပါပုံမှာ မြင်ရမှာပါ။
ဒီနေ့ဝင်ရောက်မှုကို ကြည့်ရင်လည်း စင်္ကာပူက အများဆုံးလာတယ် ဆိုတာ တွေ့ရပါတယ်။

မြန်မာပြည်သားတွေ စင်္ကာပူကျွန်းလေးမှာ အလုံးအရင်းနဲ့ ရှိနေတယ် ဆိုတာ ဒီကိန်းဂဏန်းက ပြနေသလို
စင်္ကာပူအကြောင်း မီဒီယာအသီးသီးမှာ ဖော်ပြတဲ့ သတင်းတွေ၊ ဆောင်းပါးတွေ ဆိုရင်လည်း အင်မတန် အဖတ်များ အကြည့်များတာကို တွေ့နေရပါတယ်။

No comments: