မဲခေါင် ဖေဖော်ဝါရီ ၂၄
လာအိုနိုင်ငံပိုင် ကာစီနိုလောင်းကစားရုံတွင် လာရောက် လောင်းကစားသူ တရုတ်လူမျိုး (ထိုင်းနိုင်ငံ သား)ဆိုင်းလူသည် ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင်လာအိုနိုင်ငံသားစက်လှေမောင်းသူစိုင်းယမ်း (၂၇နှစ်)နှင့် စံကျောက်(၂၀နှစ်)တိုနှစ်ဦးအားစပိဘုတ်စက်လှေတစ်စီးဖြင့်ဆွတ်ပလွေသို့လူသွား ရောက်ကြိုဆိုရန်စေလွှတ်ခဲ့လာသည်။
အဆိုပါစပိဘုတ်လှေဖြင့် ဆွတ်ပလွေတွင် တရုတ်လူမျိုးတစ်ဦးအား ခရီးသည်အဖြစ်တင်ဆောင်၍ ဆွတ်ပလွေဆိပ်ကမ်းမှ မြစ်အောက်ဘက်သို့ စုန်ဆင်းခဲ့ရာ ဖေဖော်ဝါရီလ (၂၂)ရက်နေ့ ၁၅၃၀ အချိန် သဲသောင်ပြင်သို့ရောက်ရှိစဉ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ သေနတ်ဖြင့်ပတ်ခတ် ၍ ကမ်းသို့ဆိုက်ကပ်ခိုင်းသဖြင့် ကပ်ပေးလိုက်ရသည်။တစ်ချိန်တည်းမှာပင် မြစ်အောက်ဘက်မှ ဆန်တက်လာသောစက်လှေတစ်စီးကိုလည်း ယင်းလက် နက်ကိုင်အဖွဲ့မှပင် ပစ်ခတ် ဖမ်းဆီးခဲ့ပြန်သည်။ အဆိုပါစက်လှေတွင်ဝက်များတင်ဆောင်လာပြီး ပစ်ခတ်မှု ကြောင့်စက်လှေရှိမှန်ကိုထိမှန်ပြီး စက်လှေမောင်းသူ၏ မျက်နှာတွင်ဒဏ်ရာ ရရှိခဲ့သည်။ လက်နက်ကိုင်အဖွဲ့ အနေဖြင့် စက်လှေ(၂)စီးအားနမ့်ဖုန်းရွာနှင့်ဟွေလန်းရွာအကြားသို့မောင်းနှင်သွားခဲ့ပြီး စပိဘုတ်ပေါ်တွင် ပါရှိလာသော တရုတ်နိုင်ငံသားနှင့်အထုပ်(၂၀)အား ဖမ်းဆီးသိမ်းယူပြီး စက်လှေများ အားပြန်လွှတ်ပေးခဲ့သည်။
ယင်းစက်လှေ(၂)စီးမှာ လာအိုဘက်ကမ်းရှိဟွေလုံကျေးရွာသို့ ၁၆၃၀နာရီအချိန်တွင်ရောက်ရှိဆိုက် ကပ်ခဲ့သည်။ လာအိုနိုင်ငံပိုင်စက်လှေမှာဒဏ်ရာရသူများ ဆေးကုသရန်ချန်ထားခဲ့ပြီး စပိဘုတ် စက်လှေမှာ ဟွေလုံဆိပ်ကမ်းတွင် ကျန်ခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စက်လှေမောင်းသူ လာအိုနိုင်ငံသား စိုင်းယမ်းနှင့်စံကျောက်တို့(၂)ဦးအား လာအိုနိုင်ငံဘက်မှ အသေးစိတ်စုံစမ်း စစ်ဆေးမှုများပြုလုပ်လျက် ရှိကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment