၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ရက်နေ့ မနက် ၈နာရီလောက်မှာ ထိုင်းတပ်မတော်က ထိုင်း-မြန်မာနယ်စပ် စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ပရစံဟင်ပရသိမ့်နဲ့ ဗိုလ်မှူးကြီး အမ်နပ်သီမာ့ခ် အဖွဲ့တို့ဟာ ထိုင်း-မြန်မာနယ်စပ် အခြေအနေကိုလေ့လာဖို့အတွက် မဲဆောက်ကနေ ဖုတ်ဖမြို့ကိုထွက်ခွာလာတယ်လို့သိရပါတယ်။ ဖေဖော်ဝါရီလ ၂၃ရက်နေ့ မနက် ၉နာရီလောက်မှာတော့ ထိုင်းတပ်မတော်က စစ်ဒေသတိုင်း ၃ လက်အောက် တပ်ရင်း ၄ က ဗိုလ်မှူးကြီး ဥကရစ်နွတ်ခမ်ဟယ်နဲ့ တပ်ရင်း ၃၅ က ဗိုလ်မှူးကြီးနွတ်ဖနွန်ဝါတ်ချရပေါ်ဝေါ်တို့ အဖွဲ့ မယ်လမတ်မြို့နဲ့ သာဆောင်ယမ်းမြို့တွေကို ထွက်သွားတယ်လို့ သိရပါတယ်။
မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သလောထူညီချက် ပြုလုပ်ထားတဲ့ ကလိုထူးဘောအဖွဲ့တွေ ပြန်လည်တောခိုသွားပြီး ထိုင်း-မြန်မာနယ်စပ် တလျှောက်က နယ်ခြားစောင့်တပ်၊ စစ်တပ်စခန်းတွေနဲ့ မြ၀တီမြို့တွေကို တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် ထိုင်းတပ်မတော် တပ်မ ၄ တပ်မဟာမှူး ဗိုလ်ချုပ် ကစင်ထနာဖော်က တာ့ခ်ခရိုင်ထဲက သာဆောင်ယမ်းမြို့ ၊ မယ်လမတ်မြို့၊ မဲဆောက်မြို့၊ ဖုတ်ဖမြို့၊ တုန်းဖန်မြို့နဲ့ ထိုင်း-မြန်မာနယ်စပ်တစ်လျောက် လုံခြုံရေးတင်းကြပ်ထားဖို့နဲ့ ကလိုထူးဖောအဖွဲ့ ၊KNU အဖွဲ့တွေကို ထိုင်းနယ်မြေအတွင်းမှာ အ၀င်/အထွက် မပြုလုပ်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
တပ်မ ၇ လက်အောက်က တပ်ရင်း ၁၇နဲ့ တပ်ရင်း ၂ တို့က အင်အား ၁၅၀ ကိုတော့ ထိုင်း-မြန်မာနယ်စပ်က ထိုင်းဘက်မှာရှိတဲ့ သာဆောင်ယမ်းမြို့ နယ်စပ်တလျှောက်မှာ ထားရှိထားပါတယ်။တပ်ရင်း ၃၁ က အင်အား ၁၅၀ ကိုတော့ ဖုတ်ဖမြို့ ၊ ဝေါ်လေတို့မှာ ထားးရှိပြီးတော့ အမြှောက်တပ်ရင်း ၂၀ က အင်အား ၅၀ဦးကတော့ မဲဆောက်မြို့ မှာထားရှိထားပါတယ်။ အုန်းဖန်မြို့နဲ့ ပိုင်ကလိုင်ရွာဘက်မှာတော့ တပ်ရင်း ၃ က အင်အား ၁၅၀ လောက်ရောက်နေတယ်လို့ သိရပါတယ်။
No comments:
Post a Comment