Sunday, February 05, 2012

ပြီးခဲ့သည့်ရွေးကောက်ပွဲထက် ယခုရွေးကောက်ပွဲကို လူထုပို၍ စိတ်ဝင်စား

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်တွင် ကျင်းပခဲ့သောရွေးကောက်ပွဲထက် လာမည့်ဧပြီ  ၁ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပို၍ လူထုစိတ်ဝင်စားမှုရှိနိုင်ကြောင်း မြန်မာ့နိုင်ငံရေးသုံးသပ်သူများနှင့်   ပြည်သူမျာထံမှ သိရသည်။ ယင်းကဲ့သို့   ပြည်သူများပို၍စိတ်ဝင်စားမှုရှိလာရခြင်းမှာ နိုင်ငံရေး အရ   ပြုပြင်ပြောင်းလဲမှုများဖြစ်ပေါ်လာခြင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD )ပါတီိမှ နိုင်ငံရေးပါတီိအဖြစ် မှတ်ပုံတင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်

စည်းရုံးရေးဆင်းကာ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံခြင်းနှင့်ပြည်တွင်းဂျာနယ်များတွင် နိုင်ငံရေးသတင်းများကို ယခင်ကထက်ပို၍ လွတ်လပ်စွာဖေါ်ပြလာရခြင်းတို့ကြောင့် လူထုအကြား နိုင်ငံရေးအသိပညာမြင့်လာခြင်းဖြစ်သည်ဟု သိရသည်။
´´ဧပြီလမှာကျင်းပမဲ့ ရွေးကောက်ပွဲမှာ နေရာလွတ်အကုန်လုံးမှာ (NLD ) က ၀င်ပြိုင်ကြမှာဆိုတော့ လူထုပိုမိုစိတ်ဝင်စားစေပါတယ်။ ကော့မှူးဒေသ မှာဆိုရင်လည်း မဲပေးဖို့စိတ်ဝင်စားကြပါတယ်လို့ သိရပါတယ်´´ဟု မြန်မာ့နိုင်ငံရေးသုံးသပ်သူ ကိုကျော်လင်းဦးက ပြောသည်။ 

၂၀၁၀ ရွေးကောက်ပွဲ
ထို့ပြင်(Hit Hop ) အဆိုတော်နှစ်ဦးဖြစ်သော ကိုဇေယျာသော်နှင့် ကိုရသတို့နှစ်ဦးသည် သက်ဆိုင်ရာပါတီများအလိုက် ကြားဖြတ်ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
 ´´အရင်ရွေးကောက်ပွဲတုန်းက မဲတော့ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ရွေးကောက်ပွဲကို ပို၍စိတ်ဝင်စား ပါတယ်။ ဒီတစ်ခေါက်မဲပေးမှုကအရေးကြီးတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ လူကိုလည်းစဉ်းစားပြီးသွားပြီ၊ လျှိ့ဝှက်မဲမို့လို့ မပြောပြပါဘူး´´ဟု မရမ်းကုန်းမြို့နယ်တွင်နေထိုင်သောဦးနေမျိုးဆန်းမှ ပြောသည်။
ယခုကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာလွတ် ၄၈ နေရာရှိကြောင်း   ပြည်ထောင်စုရွေးကောက်ပွဲ   ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

No comments: