ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သံလျင်ကျိုက်ခေါက် ဘုရားပွဲတွင်ဖျော်ဖြေခဲ့သော သီးလေးသီးဆေးရောင်စုံအငြိမ့်အဖွဲ့၏ ပြက်လုံးများတွင် ဘုရား ဂေါပကလူကြီးများအား သရော်သော ပြက်လုံးများကြောင့် နောက်ဆုံးရပ်ပွဲမကရဘဲ ရပ်နားခံခဲ့ရကြောင်း သိရှိရသည်။
“အမှန်ဆိုကျွန်တော်တို့က၃ညကရမှာ။ နှစ်ရက်ပဲကခဲ့ရတယ်။ ဂေါပကတွေကိုသရော်လို့ဆိုပြီး နောက်ဆုံးညမှာ မကခိုင်းတော့ဘဲပိတ်ခံလိုက်ရတယ်”ဟုသီးလေးသီးအဖွဲ့မှလူရွှင်တော်ဇီးသီး ကပြောသည်။
လူကြီးမှ ကခွင့်မပေးတော့ဘဲ ဖျော်ဖြေပွဲအား ရက်နားစေခဲ့ကြောင်း သီးလေးသီးအဖွဲ့ဝင် များက ပြောသည်။
အဆိုပါသီးလေးသီးအဖွဲ့သည်၂၀၁၂ခုနှစ်ဖေဖော်ဝါရီ(၅)ရက်၊(၆)ရက်နေ့တွင်ငါးသိုင်းချောင်းကျေးရွာနှင့်
ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်လည်းမွန်ပြည်နယ် ပေါင်မြို့နယ်တို့တွင် ဖျော်ဖြေမည်ဖြစ်ကြောင်းသိရှိရသည်။
နောက်ပိုင်းတွင်လည်းပန်းတနော်၊ဟင်္သတ၊ မြန်အောင်မြို့များသို့သွားရောက်တင်ဆက် ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရှိရသည်။
“နယ်ဘက်တွေကတော်တော်လေးအားပေးပါတယ်။ သီးလေးသီးကမယ်ဆိုရင် ပြက်လုံးတိုင်းက အားလဲအားရတယ်” ဟု ပန်းတနော်မှ ဦးစိုးနိုင်သိန်းကပြောသည်။
အဆိုပါဖျော်ဖြေပွဲများတွင် မေလတွင်ကျင်းပမည့် ရွေးကောက်ပွဲအပေါ်အခြေခံသည့် ပြက်လုံးများအားတင်ဆက် သွားမည်ဖြစ်ကြောင်းကိုလည်းသီးလေးသီးအဖွဲ့ဝင်ကိုဇီးသီးပြောပြချက်အရသိရှိရသည်။
မတ်လ(၃) ရက်နေ့တွင်လည်း ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ရူခင်းသာ ဘုန်းကြီးကျောင်းတွင် ဖျော်ဖြေရန်စီစဉ်ထားကြောင်းသိရှိရသည်။
No comments:
Post a Comment