Sunday, February 05, 2012

ကချင်ပြည်နယ် ပြည်သူ့လွတ်တော် မဲဆန္ဒနယ် သုံးနေရာအတွက် ကိုယ်စားလှယ်လောင်း ၁၁ ဦးလျောက်ထား

ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မှ လစ်လပ် ပြည်သူ့လွတ်တော်မဲဆန္ဒနယ်  သုံးနေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၁)ဦး ပါဝင် ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲကော်မရှင်သို့ လျောက်ထားကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် ပါတီလေးခုမှ ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ဦး ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD )နှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှာ လစ်လပ်နေရာသုံးနေရာ စလုံးသို့ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားဒိမိုကရေစိအင်အားစု (NDF)ပါတီမှ နှစ်နေရာ၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)နှင့်တစည ပါတီတို့မှ တစ်နေရာစိ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာမှာ မိုးကောင်းမြို့နယ်ကိုယ်စားပြု၍ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်သွားမည်။
NDF ပါတီမှာ ဗန်းမော် မဲဆန္ဓနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း မရှိသဖြင့် ၀င်ရောက်  ယှဉ်ပြိုင်ခြင်းမပြုကြောင်းသိရသည်။
ကျားဖြူပါတီ သည် မိုးကောင်း ပြည်သူ့လွတ်တော်တွင် ၀င်ရောက် အရွေးခံမည်ဖြစ်ပြီး အခြားနေရာများ တွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုသည်မှာ မိတ်ဆွေပါတီများနှင့် ညှိုနှိုင်းထားသောကြောင့်ဖြစ်သည်ဟု ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးစောသန်းမြင့်က ပြောသည်။
၂၀၁၀  ရွေးကောက်ပွဲတွင် မြစ်ကြိးနား မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် NDF ပါတီမှ ဦးမာခါးမှာ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရန် အစီအစဉ်မရှိပဲ လတ်တလောပြည်သူများခံစား နေရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကူညီဆောင်ရွက်ပေးနေကြောင်းသိရသည်။
ကိုယ်စားလှယ်လောင်းစာရင်း
အမည် မဲဆန္ဒနယ် ပါတီ
ဥိးမြတ်မိုးမြင့် မိုးကောင်း NDF
ဒေါ်ဘောက်ဂျာ ဖားကန့် NDF
ဒေါ်ခင်ကြည် မိုးကောင်း NLD
ဦးဒါရှီလဆိုင်း ဖားကန့် NLD
ဦးဘမြင့် ဗန်းမော် NLD
ဦးစိုင်းသန်းတင့်အောင် မိုးကောင်း ကျားဖြူ
ဦးတင်ဌေး ဗန်းမော် တစည
ဦးထွန်းထွန်းအောင် မိုးကောင်း ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ
ဦးစိုင်းသိန်းထွန်း ဖားကန့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ
ဦးမြင့်စိုး ဗန်းမော် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ
ဦးတူးဂျာ မိုးကောင်း တသီးပုဂ္ဂလ

No comments: