Sunday, February 05, 2012

အိမ်ဖြူတော်ရှေ့တွင် ကချင်အရေးအတွက် နိုးကြားစွာစုရုံးမှုပြုလုပ်မည်

ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် စစ်ပွဲများကို မီးမောင်းထိုးပြနိုင်ရန်အတွက် အမေရိကန်ပြည်ထောင်စုရှိ မြန်မာနိုင်ငံသားများက သမ္မတအိမ်ဖြူတော်ရှေ့တွင် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၄ ရက်နေ့ထိ  နိုးကြားစွာ စုရုံးပြီး ဆန္ဒဖော်ထုတ်ကြမည် ဖြစ်သည်။

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ ရပ်တန့်ပေးရန်အတွက် ငြိမ်းချမ်းစွာ အင်အားပြစုရုံးသွားမည့်  အစီအစဉ် (Peace Vigil to End Against Ethnic Minorities in Burma) အနေဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။
အစီအစဉ်ဖြစ်မြောက်ရန် အမေရိကန်နိုင်ငံရောက် ကချင်တိုင်းရင်းသားများမှ စတင်လှုံဆော်ခဲ့ပြီး ကချင် အမျိုးသားအစည်းအရုံ (KNO -USA)မှ ပွဲစီစဉ်သူအမည်ခံကာ ခွင့်ပြုချက် တောင်းထားကြောင်း ပွဲစီစဉ်သူ တစ်ဦး ဖြစ်သည့် ကိုဂွမ်ဆန် ပြောသည်။ ။
‘ အစီအစဉ်မှာ လာရောက်ပါဝင်မဲ့သူတွေက ဒီရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ၊ အမေရိကန်က မိတ်ဆွေတွေ အားလုံး ၁၅၀ လောက်ပါမယ် “ ဟု ကိုဂွမ်ဆန်က ရှင်းပြသည်။
လှုပ်ရှားမှုတွင်  အဆာငတ်ခံ ဆန္ဒပြမည့် ကချင်အမျိုးသား ၁၀ ဦး ကျော်လည်းရှိကြောင်း ကိုဂွမ်ဆန်က ဆက်လက်ရှင်းပြသည်။
အစီအစဉ်အရ ဖေဖေါ်ဝါရီလ(၃)ရက်နေ့ အမေရိကန်စံတော်ချိန် နံနက်(၉)နာရီမှ (၄)ရက်နေ့ မနက်(၉)နာရီအထိ စုရုံးကြမည်ဖြစ်သည်။
Vigil Campaign အဖြစ် စုရုံးသည့် ၂၄ နာရီအတွင်း ကချင်အရေးနှင့်ဆိုင်သည့် ဝေးစာများ ဖြန့်ဝေကာ အမေရိကန်ရှိ ပြည်သူများ ကချင်အရေးနှင့်ပက်သတ်၍ ပိုမိုနားလည်စေရန် ဆောင်ရွက်မည်ဟုလည်း သိရသည်။
စစ်မှန်သည့် ဖက်ဒရယ်စနစ် မပေါ်ပေါက်သရွေ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ရုပ်သိမ်း ခြင်းမပြုရန်၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ( UNFC )တို့ သုံးပွင့်ဆိုင်ဆွေးနွေးမှု ပေါ်ပေါက် လာရေးအတွက် အမေရိကန်သမ္မတ အိုဘားမား၏ သမ္မတရုံးသို့ တောင်းဆိုတင်ပြသွားမည်ဖြစ်သည်။
ထို့အတူ မြန်မာစစ်တပ်၏ တိုင်းရင်းသားလူမျိုးများအပေါ် စနစ်တကျ ကျူးလွန်အနိုင်ကျင့်မှုများကို ရှုတ်ချပေးရန်၊ စစ်ဘေးကြောင့်ဒုက္ခရောက်နေသည့် တိုင်းရင်းသားလူမျိုးစုများကို အကူအညီပေးရန် စသည့် အချက်များလည်း တင်ပြမည်ဖြစ်သည်။

No comments: