၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကျင်းပပြုလုပ်ခဲ့သော မဲဆန္ဒနယ်တစ်ခု၏ မဲရုံတစ်ခုမြင်ကွင်း
ရန်ကုန်တိုင်းဒေသကြီးရှိ လစ်လပ် မဲဆန္ဒနယ် ခြောက်နေရာတွင် မဲရုံ ၆၃၅ ရုံရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လစ်လပ်နေသော မဲဆန္ဒနယ် ခြောက်နေရာမှာ ကော့မှူး၊ သုံးခွ၊ ဒဂုံဆိပ်ကမ်း၊ မင်္ဂလာတောင်ညွန့်၊ လှည်းကူးနှင့် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များ ဖြစ်ကြသည်။
ကော့မှူးမဲဆန္ဒနယ်တွင်
မဲရုံ ၁၂၉ ရုံ၊ သုံးခွမဲဆန္ဒနယ်တွင် မဲရုံ ၁၃၅ ရုံ၊ ဒဂုံဆိပ်ကမ်းမဲဆန္ဒနယ် တွင် မဲရုံ ၆၇ ရုံ၊ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်တွင် မဲရုံ ၆၈ ရုံ၊ လှည်းကူး မဲဆန္ဒနယ်တွင် မဲရုံ ၁၁၉ ရုံ၊ မရမ်းကုန်း မဲဆန္ဒနယ်တွင် မဲရုံ ၁၁၇ ရုံတို့ ရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမဲ ဆန္ဒနယ်ခြောက်နေရာတွင် နိုင်ငံရေးပါတီ ၁၀ ပါတီခန့် မှ လွှတ်တော် ကိုယ်စားလှယ်လောင်း များနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရပြီး ကြားဖြတ် ရွေးကောက်ပွဲများ ကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြု လုပ်မည် ဖြစ်သည်။
လက်ရှိ၌ ကော့မှူးမဲဆန္ဒနယ်တွင် လူဦးရေ ၈၇၀၀၀ ကျော်၊ သုံးခွ မဲဆန္ဒနယ်တွင် လူဦးရေ ၁၁၀၀၀၀ ကျော်၊ ဒဂုံဆိပ်ကမ်း မဲဆန္ဒနယ်တွင် လူဦးရေ ၇၄၀၀၀၀ ကျော်၊ မင်္ဂလာ တောင်ညွန့် မဲဆန္ဒနယ်တွင် လူဦးရေ တစ်သိန်း၊ လှည်းကူးမဲဆန္ဒနယ် တွင် လူဦးရေ ၁၄၇၀၀၀ ကျော်၊ မ ရမ်းကုန်းမဲဆန္ဒနယ်တွင် လူဦးရေ ၁၂၀၀၀၀ နီးပါးရှိကြောင်း အဆိုပါ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ လစ်လပ်မဲဆန္ဒနယ်များ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီအချို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
အမျိုးသားဒီမိုကရေစီပါတီသစ်
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ
ဒီမိုကရက်တစ်ပါတီ(မြန်မာ)
မြန်မာ့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ

No comments:
Post a Comment