၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ည ၁၂ နာရီ ၁၅ ချိန်ခန့်က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖမြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းဇုန်(၇)တွင် ပေါ့ဆမှုကြောင့် မီးလျောင်ကျွမ်းပြီး ဒုက္ခသည် စခန်းတစ်ခုလုံး လျင်မြန်စွာကူးစက်လောင်ကျွမ်း၍ ဒုက္ခသည်အိမ်ခြေ(၅၀၀)မှ (၇၀၀)အထိ လောင်ကျွမ်းခဲ့ပါတယ်။ ၎င်း မီးဘေးဒုက္ခသည်များအား ကရင်ပြည်နယ်အစိုးရမှ ဆန်အိတ်(၁၀၀)အိတ်၊ တန်ဖိုး(၁၈၅၆၀၀၀)ကျပ်အား လှူဒါန်းခဲ့ပါတယ်။ ဆန်အိတ်များအား မြ၀တီမြို့နယ်၊ ဝေါလေမြို့နယ်ခွဲရှိ ရပ်မိရပ်ဖများဖြစ်သော ဦးတိုး၊ ဒေါ်နော်ဖားနှင့် ဒေါ်မုနော်တို့မှ အုန်းဖျန်ဒုက္ခသည်စခန်းတာဝန်ခံ ဦးစောထူးဆန်းနှင့် အဖွဲ့သို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။
No comments:
Post a Comment