Sunday, February 26, 2012

ကြက်/ငှက်တုပ်ကွေးရောဂါ သံသယဖြစ်ဖွယ်တွေ့ရှိ

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မြို့သစ်ရပ်ကွက်၊ နေရှင်နယ်ရပ်နေ ဦးလှဖုန်းဟန်း၏ ကြက်အကောင်(၁၀၀၀) မွေးမြူထားသောခြံတွင် ကြက်အကောင် (၆၀)ခန့်နှင့် ၎င်းခြံအနီးရှိ ဦးခင်မောင်မြင့်၏ ကြက်ခြံတွင် ကြက် (၁၀)ကောင်ခန့် သေဆုံးနေကြောင်း သတင်းရရှိ၍ မုံရွာခရိုင် တိ/ကုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်အေးနှင့်အဖွဲ့သည် ကြက်ခြံမှ ကြက်သေဆုံးသော ကြက်များအား (Rapid Test Kit) အရ စစ်ဆေးရာ ကြက်/ငှက်တုပ်ကွေးဟု သံသယဖြစ်ဖွယ် တွေ့ရှိရသဖြင့် အထက်မြန်မာပြည် တိရိစ္ဆာန် ရောဂါရှာဖွေရေးဌာနသို့ ဆက်လက်ပို့ဆောင်စစ်ဆေးရာ ရောဂါရှိကြောင်း (Positive) ပြသဖြင့် ရန်ကုန်မြို့ရှိ တိရိစ္တာန်ရောဂါရှာဖွေရေးဌာနသို့ပို့ဆောင်ကာ အတည်ပြုချက်ရယူနေကြောင်းသိရှိရ ပါသည်။ မုံရွာခရိုင်မှ တာဝန်ရှိသူများမှ ၎င်းကြက်ခြံများအပါအ၀င် အခြားကြက်ခြံများမှ ကြက်ဥ/ အသားနှင့်ဆက်စပ်ပစ္စည်းများအား မြို့နယ်ပြင်ပသို့ မထွက်ရှိစေရေး ကြပ်မတ်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

No comments: