Saturday, February 25, 2012

ကချင်ပြည်နယ်မှ နေထိုင်သူ ဒေသခံတစ်ဦး၏ ပေးစာ






ယခုနှစ်      ဖေဖော်ဝါရီလဆန်းပိုင်းမှာ   KIA အဖွဲ့ဟာ  အစိုးရရဲ့   ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့   အဖွဲ့နဲ့
 
တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းလာခဲ့ပါတယ်။   အစိုးရဘက်ကလည်း သဘောတူပြီး    တွေ့ဆုံမယ့်နေ့ရက်၊
 
နေရာကို        ပြန်လည်ညှိနှိုင်းကြမယ်လို့      ကြားသိရပါတယ်။   KIA တပ်ဖွဲ့အနေနဲ့    ကချင်လူမျိုးများ
 
အခွင့်အရေးရရှိရေးအတွက်      လက်နက်ကိုင်တိုက်ခိုက်နေကြသလို KIA တပ်ဖွဲ့ဝင်    အများစုကလည်း 
 
ကချင်ပြည်နယ်ကြီး ငြိမ်းချမ်းဖွံဖြိုးမှုအတွက်     ငြိမ်းချမ်းရေးကို     လိုလားကြတယ်လို့ ကြားသိရပါတယ်။
 
 ဒီလိုအချိန်မှာပဲ ဖေဖော်ဝါရီ(၈)ရက်နေ့က KIA အင်အား(၂၀) ဦးခန့််ဟာ ဗန်းမော်-မြစ်ကြီးနားကားလမ်း
လဲလုံတံတားမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြတဲ့ အစိုးရတပ်နဲ့ ရဲတွေကိုသွားပြီး ပစ်ခတ်တိုက်ခိုက်

 မှုများလုပ်ခဲ့ပါတယ်။

KIA အဖွဲ့ဟာ    ငြိမ်းချမ်းရေးကမ်းလှမ်းထားချိန်မှာ     တစ်ဖက်က     ဒီလိုလုပ်ကိုင်ဆောင်ရွက်ခြင်းဟာ
 
 “မီးစတစ်ဖက်    ရေမှုတ်တစ်ဖက်” ဖြစ်နေပါတယ်။      ကချင်လူထုနဲ့ KIA အဖွဲ့ထဲက    ငြိမ်းချမ်းရေး
 
 လိုလားသူ တွေအတွက် ဒီလိုသာဆိုရင် ငြိမ်းချမ်းရေးအရသာခံစားကြရပါ့မလား။
 
ဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင် ထာဝရငြိမ်းချမ်းရေးအတွက် ဘယ်တော့နီးစပ်မှာလဲ………?

No comments: