Tuesday, February 14, 2012

လေချုပ်ရဲ့ အင်အား ညှစ်ထုတ် ကြွားလုံးထုတ်ပုံ


 "Y" ပုံသဏ္ဍာန် စစ်ရေးပြ ပျံသန်းနေသည့် မြန်မာ့လေတပ်မှ MIG - 29 တိုက်လေယာဉ်များ
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အား ကာကွယ်ရေး ဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းက သူ့ရဲ့ လေတပ်စွမ်းရည် အင်အား ညှစ်ထုတ်ကြွားလုံးထုတ်နေကြောင်း ကက(လေ) နဲ့ နီးစပ်သူများက သတင်းပေးပို့လာပါတယ်။

                                    စစ်ရေးပြ ပျံသန်းမည့် မြန်မာ့ လေတပ်မှ MIG - 29

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့စဉ်
ထိုင်းလေတပ်ရဲ့ စွမ်းရည်သရုပ်ပြပွဲအား ကြည့်ရူခဲ့ပြီးနောက် ငါတို့လေတပ်မှာရော ထိုင်းလိုဘဲ ရှိပါ့မလားလို့ အလာပ သလာပ ပြောခဲ့ပါတယ်။

        စစ်ရေးပြ ပျံသန်းမည့် မြန်မာလေ့တပ်မှ MIG 29 အပေါ် ပြင်ဆင်မှုအား လေသူရဲမှ စစ်ဆေးနေပုံ

ဒါကိုလေချုပ်က ကြားသိ တာနဲ့တပြိုင်နက် မိတ္ထီလာမြို့ လကသမှာ လေကြောင်းစွမ်းရည် သရုပ်ပြပွဲအား ဖုတ်ပူမီးတိုက် လုပ်ခိုင်းပါတော့တယ်။ ကက (လေ) မှာ နောက်ဆုံးဝယ်ယူထားတဲ့ မစ်- ၂၉   ခေတ်မှီ ဂျက်တိုက်လေယာဉ်များနဲ့ အမ်အိုင်- ၂၄၊ ၁၇ ရဟတ်ယာဉ်များအား ထုတ်ပြခဲ့ပါတယ်။ တစ်ခုထူးခြားတာက လုံခြုံရေးအရ ယခင်အစိုးရများ လက်ထက်မှာ သတင်းမီဒီယာများတွင် ထုတ်ပြန်လေ့မရှိဘဲ ယခု လေကြောင်းစွမ်းရည် သရုပ်ပြပွဲကိုတော့ သတင်းမီဒီယာများအပြင် မြ၀တီရုပ်မြင်သံကြားမှ သီးခြား အင်တာဗျူး လုပ်ပြသွားတာ တွေ့ရပါတယ်။

                              မြန်မာ့လေတပ်မှ တိုက်လေယာဉ်များ စစ်ရေးပြ ပျံသန်းနေစဉ်

အဲဒီပြပွဲမှာ လေယာဉ်ကို ဒိုင်ဗင်ထိုးပြခြင်း၊ ကောင်းကင်ပေါ်သို့ ၉၀ံ ထောင်တက်ပြခြင်း၊ ဒေါင်လိုက် အနေအထားနဲ့ မှောက်ရက်အနေအထား ပျံသန်းခြင်း၊ အုပ်စုဖွဲ့ကာ အင်္ဂလိပ်ဂဏာန်း “Y” နဲ့ “8” ပုံများ ပျံသန်းခြင်း စတဲ့ စစ်နည်းဗျူဟာမြောက် စစ်ကစားမှုတွေကို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် သဘောကျအောင် အထူးကြိုးစား   ပြသသွားပါတယ်။     အဲဒီပြပွဲအပြီးမှာ       သက်မ ချခဲ့တဲ့     လေသူရဲတချို့     ရှိခဲ့သလို 

လေယာဉ်ဆီများ အပိုအလျှံ ဖြစ်ခဲ့လို့ အပိုဝင်ငွေအတွက် ပျော်နေသူများလည်း ရှိကြကြောင်း သတင်း ပေးပို့သွားပါတယ်။

http://photayokeking.org  မှ ကူးယူဖော်ပြသည်။

No comments: