Tuesday, February 14, 2012

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏ ကျောက်တန်းခရီးစဉ်

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ ဖေဖော်ဝါရီလ(၁၂)ရက်နေ့မနက် ၈ နာရီအချိန်မှာ ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ပိုင်းခရိုင် မွေးရပ်ကျောက်တန်းမြို့ကို လာရောက်ခဲ့ကြောင်း သိရှိရပါတယ်။ ဦးခင်ညွန့်နှင့်အတူ စေကမ္ဘာကုမ္မဏီပိုင်ရှင် ဦးခင်ရွှေလိုက်ပါပြီး ကျိုက်ပါဒကြီးဆံတော်ရှင်စေတီနှင့် ဥက္ကဌာရာမကျောင်းတိုက်သို့ ၀င်ရောက်ပြီး ကျောင်းတိုင်ဆရာတော်များကို တွေ့ဆုံဖူးမြော်ခဲ့ပါတယ်။
       ဦးခင်ညွန့်နှင့်အဖွဲ့ဟာ ကျိုက်ပါဒကြီးဆံတော်ရှင်စေတီဘက်စုံပြုပြင်ရေးအတွက် ဆွေးနွေးမှုများပြုလုပ်ပြီး ဥက္ကဌာရာမကျောင်းတိုက်၊ မိုးကုက်ဝိပသာနာရိပ်သာကျောင်းခွဲ(၁၄၃)မှာ ရွှေမှော်ဝန်းလူမှုယဉ်ကျေးမှု ညီညွတ်ရေး အဖွဲ့ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီလူမှုယဉ်ကျေးမှုညီညွတ်ရေးအဖွဲ့မှာ ဦးခင်ညွန့်နှင့် ဇနီး ဒေါက်တာ ဒေါ်ဝင်းဝင်းရွှေ၊ ဦးတင့်ဆွေ (ဗိုလ်မှူးချုပ်-ငြိမ်း)သားဖြစ်သူ ဦးဇော်နိုင်ဦး (ဗိုလ်မှူးဟောင်း)နှင့် ဒေါ်တင်တင်နွယ်(ကျောင်းအုပ်ဆရာမ -ငြိမ်း)တို့က နာယကအဖြစ်ဆောင်ရွက်ပြီး ဦးအောင်ငြိမ်းမှ ဥက္ကဌ၊ ရှေ့နေဦးဝင်းအောင်မှ ဒုဌက္ကဌ၊ ဦးဇော်ဝင်းအောင်မှ အတွင်းရေးမှူး ဦးမြင့်လွင်မှ ဘဏ္ဍာရေးမှူး အသီးသီးဆောင်ရွက်ဖွဲ့စည်းခဲ့ပြီး ဦးခင်ညွန့် မိသားစုမှ ငွေကျပ်သိန်း(၁၀၀)ကျပ်၊ ဦးခင်ရွှေမှ ငွေကျပ်သိန်း(၅၀၀)ကျပ်၊ စုစုပေါင်း ငွေကျပ်သိန်း (၆၀၀)ကျပ် ငွေပဒေသာပင်စိုက်ထူခဲ့ကြောင်း သိရပါတယ်။
          ဦးခင်ညွန့်ဟာ နေ့လည် ၁၂ နာရီမှာ ကျိုက်မှော်ဝန်းရေလည်စေတီတော်ကို ဖူးမြော်ခဲ့ပါတယ်။ နေ့လည် ၁နာရီမှာအမှတ်(၄)၊ဦးမင်းလွင်လမ်း၊အနောက်ပိုင်းရပ်ကွက်ရှိအစ်မဖြစ်သူ ဒေါ်တင်မြင့်အိမ်သို့သွားရောက်ခဲ့ပြီး   ၂ နရာရီအချိန်မှာ ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံနီးစပ်သူများထံမှ သိရှိရပါတယ်။

No comments: