Friday, February 10, 2012

ထိုင်းနိုင်ငံတွင်(၄)လအတွင်းမူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုသတင်းထုတ်ပြန်

ဗန်ကောက်  ဖေဖော်ဝါရီ  ၁၀
         ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် တစ်ဦးဖြစ်သူ ချလိင်ယူဘမ်ရွန်(ဒုရဲမှူးဟောင်း)က ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကိုအရှိန်အဟုန်မြင့်ဆောင်ရွက်ခဲ့ရာမှာ(၄)လတာကာလအတွင်း ယာဘာ့ ဆေးပြား(၁၆)သန်းလုံး၊ အိုင့်ဆေး(၅၀၀)ကီလိုဂရမ်၊ ဟေရိုအင်(၂၀၀)ကီလိုဂရမ်၊ ဆေးခြောက် (၃၀၀၀) ကီလိုဂရမ်နဲ့ ဘတ်ငွေ(၆၃၂)သန်း ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီလိုမျိုးမူးယစ် ဆေးဝါးတွေ ဖမ်းဆီးရမိတာနဲ့ပတ်သက်လို့ ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခဲ့တဲ့အတွက် အောင်မြင်မှုတွေ ပိုမိုရရှိခဲ့တယ်လို့ဆိုပါတယ်။
ဒီကနေ့ကမ္ဘာမှာမူးယစ်ဆေးဝါးသုံးစွဲသူသန်းပေါင်း(၂၀၀)ကျော်ရှိနေတဲ့အတွက်လာမဲ့ဖေဖော်ဝါရီ လ(၁၇)ရက်နေ့မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပါအ၀င် နိုင်ငံပေါင်း(၁၆)နိုင်ငံအစည်းအဝေးကျင်းပဖို့ရှိနေ ပါတယ်။ ထိုင်းနိုင်ငံအနေဖြင့် စီးပွားအရ ဖွံ့ဖြိုးတိုးတက်နေပေမဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေ များပြား လာတဲ့အတွက်ထိုင်းအစိုးရကမူးယစ်ဆေးဝါးတားဆီးကာကွယ်နှိမ်နင်းရေးကို အရှိန်အဟုန် တိုးမြှင့်ဆောင် ရွက်နေ ရခြင်းဖြစ်တယ်လို့ ထိုင်းနိုင်ငံဒုတိယ၀န်ကြီးချုပ်ကဖေဖော်ဝါရီလ(၄)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

No comments: