Friday, February 10, 2012

မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများကို ထောက်ခံအားပေးခြင်း

စစ်အာဏာရှင်သက်တမ်း ရာစုနှစ်တစ်ဝက်ခန့် အုပ်စိုးခဲ့ပြီးနောက် မြန်မာနိုင်ငံအနေဖြင့် အမေရိကန် နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုအတွက် နှစ်နိုင်ငံဆက်ဆံရေးပြန်လည်တည်ဆောက်နိုင်ရန် ဦးတည် ချက်များ ပြောင်းလဲလာပြီး ယခုဆိုလျှင် အချက်ပြဆက်သွယ်မှုများ ပြုလုပ်လာခဲ့ပါသည်။ သမ္မတ ဦးသိန်းစိန်သည် ပြုပြင် ပြောင်းလဲမှုများစွာကို လုပ်ဆောင်လာခဲ့ပြီး မြန်မာ့အရေးလေ့လာစောင့်ကြည့်သူများ၊ လှုံ့ဆော်သူများနှင့် ဟန့်တား နှောင့်ယှက်နေသူများအပေါ် အကျိုးသက်ရောက်စေခဲ့ပါသည်။ ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ်အနေဖြင့် မြန်မာနိုင်ငံရှိ ဒီမိုကရေစီလှုပ်ရှားသူများ၏ အားပေးထောက်ခံမှုများကို ရရှိခဲ့ပါသည်။
ပြီးခဲ့သော သြဂုတ်လကတည်းက သမ္မတ ဦးသိန်းစိန်နှင့်အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ပထမဦးဆုံးအကြိမ်တွေ့ဆုံခဲ့ကြပြီး ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တစ်ခုသည် အရှိန် အဟုန်နှင့်စတင်လာခဲ့ပါသည်။ နိုဝင်ဘာလတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ သမိုင်းဝင် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး နှစ်နိုင်ငံအပြန်အလှန် ချစ်ကြည်ရင်းနှီးမှုတိုးတက်လာစေရန်အတွက်လိုအပ်ချက်များကို ပြတ်ပြတ်သားသား ပြောဆိုဆွေးနွေးခဲ့ကြပါသည်။ ဦးသိန်းစိန်၏ အစိုးရအဖွဲ့အနေဖြင့် စီမံခန့်ခွဲ ခြင်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ မဟာဗျူဟာများသည် ယခုအထိတော့ အပြုသဘောဆောင်သည့် တုန့်ပြန်မှုများလုပ်ဆောင်နေကြပါသည်။ ခေါင်းဆောင်ပိုင်းများ၏ လုပ်ဆောင်မှုများသည် ပြောဆိုနေရုံသက်သက်မဟုတ်ဘဲ တိုးတက်မှုအချို့အတွက် သက်သေသာဓက ထင်ထင်ရှားရှားဖြင့် တွေ့မြင်နိုင်ပါသည်။ ပြီးခဲ့သောရက်သတ္တပတ် အနည်းငယ်က အစိုးရမှ နိုင်ငံရေးအကျဉ်းသားရာဂဏန်းခန့်အားလွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်း၊ဧပြီလတွင် ပြုလုပ်မည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်မှ အစီအစဉ်များရေးဆွဲနေခြင်းနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အချိန်ကြာမြင့်စွာ ပြည်တွင်းစစ်ဖြစ်ပွားနေခြင်းမှ ထာဝရအပစ်အခတ်ရပ်စဲရေး ပြုလုပ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
    ယခုဆိုလျှင် အမေရိကန်နိုင်ငံရေးသမားများနှင့် ဥပဒေပြုသူများအတွက် နောက်ထပ်ဘာတွေဖြစ်လာမလဲ ဆိုတာကို မေးချင်ပါတယ်။ မြန်မာနိုင်ငံ၏ ရည်ရွယ်လုပ်ဆောင်နေမှုများကို အကောင်းဆုံးပြုလုပ်နိုင်ရန် ဘယ်လို စမ်းသပ်စစ်ဆေးမလဲ။ မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများအတွက် ဖွင့်ဟပြောဆိုနေမှုများကို ကျွန်တော်၏လုပ်ပိုင်ခွင့် အာဏာဖြင့် အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ဆောင်ကြမလဲ။
            လွှတ်တော်သမိုင်းကြောင်းများအရ မြန်မာနိုင်ငံ၏ နိုင်ငံရေးမူဝါဒများသည် စည်းကမ်းသတ်မှတ်ချက် အတိုင်းရှိခဲ့ပါသည်။ သတိမမူမှုများ ကြီးထွားလာခြင်း၊ ငွေကြေးဖောင်းပွမှုများကို မထိန်းချုပ်နိုင်ခြင်းနှင့် စီးပွားရေး ပိတ်ဆို့မှုများ ကျယ်ပြန့်လာခြင်းသည် အရေးပါသောသက်ရောက်မှုများဖြစ် ပါသည်။ နိုင်ငံ့ခေါင်းဆောင်များ၏ နိုင်ငံအပေါ် ကာလကြာရှည်စွာ ချုပ်ကိုင်ထားမှုအမြင်များကို လွှတ်တော် အနေဖြင့် နေ့ချင်းညချင်း ပြောင်းလဲ လုပ်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် ယခုအစိုးရ အနေဖြင့် အကူးအပြောင်းကာလတွင် ယခင်အစိုးရ များ၏ပြုလုပ်မှုများထက် ပိုမို တိုးတက်ကောင်းမွန်စေရန် ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပြီး ဗီယက်နမ်အပါအ၀င် ချစ်ကြည်ရင်းနှီးမှုတိုးတက်လာစေရန် လုပ်ဆောင် ရမှာဖြစ်ပါသည်။
  ၎င်းအဖြစ်အပျက်များအတွက် နိုင်ငံတကာမှ လေ့လာအကဲခတ်သူများမှ ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲဖြစ်ရန် လိုလားကြ ပါသည်။ အကယ်၍ ယခုကြားဖြတ်ရွေးကောက်ပွဲသည် ကောင်းမွန်စွာလုပ်ဆောင်နိုင်ပါက အရေးယူပိတ်ဆို့မှုများအားတစ်ဆင့်ပြီးတစ်ဆင့် လျှော့ချလုပ်ဆောင် နိုင်ရန်နှင့် မြန်မာပြည်သူပြည်သားများ၏ လူနေမှုဘ၀မြင့်မားတိုးတက် လာစေရန်အတွက် ပြုပြင်ပြောင်းလဲမှုများကို အားပေးလှုံ့ဆော် မှုများ ပြုလုပ်လာနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ ပြည်ပရောက်မြန်မာလူမျိုးများနှင့် နီးနီးကပ်ကပ် ဆွေးနွေးသွားမှာဖြစ်ပါတယ်။
    ကျွန်တော်တို့ ထပ်ပြီးမြင်တွေ့ချင်တာကတော့ အချို့သောနေရာများတွင် တိုးတက်မှုများလုပ်ဆောင် နိုင်ရန် အတွက်ဖြစ်ပါသည်။ ပထမအဆင့်အနေဖြင့် အစိုးရမှယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရေသော အကျဉ်းသားများအား ချွင်းချက်မရှိလွှတ်ပေးရန် ဖြစ်ပါသည်။ ဒုတိယအဆင့်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များအပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်တန့်ရန်အတွက် နည်းလမ်းကောင်းများရှာဖွေ၍ အမျိုးသားရင်ကြား စေ့ရေးအတွက် အပြန်အလှန်ဆွေးနွေး သွားရန် ဖြစ်ပါသည်။ နိုင်ငံတကာမှ လေ့လာအကဲခတ်သူများနှင့် လူ့အခွင့် အရေးဆိုင်ရာ အဖွဲ့အစည်း များ၏ ပြောကြားချက်များအရ ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များသည် နယ်စပ်တစ်လျှောက်တွင် ဆက်လက်ဖြစ်ပွားနေပြီး ကြီးမားသောအောင်မြင်မှုများ လုပ်ဆောင်ရန်လိုအပ်ပါသည်။
            တတိယအဆင့်အနေဖြင့် မြန်မာ့တပ်မတော်နှင့်  မြောက်ကိုရီးယားနိုင်ငံတို့၏ နျူကလီးယားစွမ်းအင်သုံး ပဲ့ထိန်းဒုံးစနစ်နှင့်ပတ်သက်၍ ဆက်နွယ်နေမှုများကို အလေးအနက်ထား စိုးရိမ်ပူပန်လျက်ရှိပါသည်။ ယုံကြည်မှု တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ၏ နျူကလီးယားနှင့်ပတ်သက်၍ ဆောင်ရွက် လှုပ်ရှားနေမှုများအတွက် သတ်မှတ်ပြဌာန်းချက်များကို မြန်မာနိုင်ငံမှ လိုက်နာစောင့်ထိန်းသွားရန် မြင်တွေ့ လိုပါသည်။
    ဥပမာ- တံခါးပိတ်ဝါဒဖြင့် ဆယ်စုနှစ်များစွာနေထိုင်ခဲ့ပြီးနောက် မြန်မာအစိုးရသည် စွမ်းဆောင်ရည်ကင်းမဲ့ မှုကိုခံစားခဲ့ရပါသည်။ ၎င်း၏သက်တမ်းနုနယ်သော ပါလီမန်အနေဖြင့် ရပ်တည်နိုင်ရန် အကူအညီလိုအပ် နေပါသည်။ ဒေါ်စုကြည်၏NLDသည်တိုင်းပြည်၏လုပ်ငန်းစဉ်တွင် ပြန်လည်ပါဝင်ပူးပေါင်းခဲ့ပြီး သူမသည် လွှတ်တော်အမတ်တစ်နေရာအတွက် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပါသည်။
      အစိုးရအနေဖြင့် အပြုသဘောဆောင် ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်ပါက လွှတ်တော်အမတ် များကို ပထမဆုံးအကြိမ်အဖြစ် Capital သို့လာရောက်လေ့လာနိုင်ရန် မိမိတို့ ဖိတ်ကြားသွားမည်ဖြစ်ပါသည်။ ဘာလင်တံတိုင်းဖြိုဖျက်ပြီးနောက်အရှေ့ဥရောပနိုင်ငံများကိုအကူအညီပေးခဲ့သကဲ့သို့ တောင်းဆိုမှုများရှိလာပါက ၎င်းတို့၏ ဥပဒေလွှတ်တော်အတွက် နည်းပညာအကူအညီများကိုပင်ပေးနိုင်ရန် မိမိတို့ စဉ်းစားသွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏စီးပွားရေးသည် နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများ၏ အကြံအဥာဏ်နှင့်အကူအညီ များရရှိပါက အကျိုးဖြစ်ထွန်းနိုင်လိမ့်မည်ဖြစ်ပါသည်။ လက်ရှိ ကွန်ဂရက်လုပ်ပိုင်ခွင့်သည်ယင်းသို့သိသိသာသာတင်းကြပ်ကန့်သတ်ထားသကဲ့သို့ နိုင်ငံမှာလည်း ကြွေးကျန် အခြေအနေဖြစ်ပါသည်။ သို့သော် အခြေအနေဖြင့် မှန်ကန်သည့်လမ်းကြောင်းပေါ်တွင် ရပ်တည်နေပါက မိမိတို့သည် ထိုသို့တားမြစ်ပိတ်ပင်မှုများကို ပြန်လည်သုံးသပ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
            ယုံကြည်မှုတည်ဆောက်ပြီး ပြုပြင်ပြောင်းလဲမှုအတွက် အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားနိုင် လိမ့်မည်ဟုလည်း မိမိတို့ယုံကြည်ပါသည်။ မြန်မာနိုင်ငံတွင် သံအမတ်ကြီးအဆင့် ထားရှိရေးနှင့် ၀ါရှင်တန် တွင်လည်း မြန်မာနိုင်ငံမှ သံအမတ်ကြီးအား လက်သင့်ခံရေးအတွက် အစိုးရ၏ မကြာသေးမီက ဆုံးဖြတ်ချက်ကို ဆီးနိတ်တွင် အတည်ပြုနိုင်ရေး ပေးပို့တင်ပြထားမှုကို ကွန်ဂရက် အနေဖြင့် ထောက်ခံအားပေးနိုင်လိမ့်မည် ဖြစ်ပါသည်။
            သံအမတ်ကြီးအဆင့် အပြန်အလှန်ဖလှယ်မှုမှာ ဆုလာဒ်တစ်ခုမဟုတ်ပါ။ သို့သော် မိမိတို့၏ သံတမန်ရေး မြှင့်တင်မှုသည် ဖြစ်စဉ်များကိုပိုမိုထိထိရောက်ရောက် လေ့လာစောင့်ကြည့်နိုင်စေလိမ့်မည်ဖြစ်ပြီး လူ့အခွင့် အရေးကို ထောက်ခံအားပေးနိုင်ကာ အမေရိကန်၏ အကျိုးစီးပွားများနှင့် စံတန်ဖိုးများ ကိုလည်း မြှင့်တင်နိုင်မည် ဖြစ်ပါသည်။ ၎င်းသည် အရပ်ဘက်လူမှုအဖွဲ့အစည်း ပြုပြင်ပြောင်းလဲလိုသူများကို ခိုင်မာအားကောင်းစေနိုင်ပြီး တိုင်းရင်းသားဒေသများရှိ ဒီမိုကရက်များ၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း အားသစ်လောင်းစေနိုင်မည် ဖြစ်ပါသည်။
            စင်စစ် မြန်မာနိုင်ငံသည် ကွန်ဂရက်နှင့်ဆက်ဆံရေးအတွက် လိုအပ်သည့်အပြောင်းအလဲများကို တစ်ဆင့်တက်ပေါင်းထည့် ဖြည့်စွက်လုပ်ဆောင်ခြင်းနှင့်အတူ အစိုးရသည် ပြည်သူများ၏သဘောဆန္ဒကို အလေးထားလျက် တာဝန်ရှိသည့်ကတိက၀က်များကို လိုက်နာဖြည့်ဆည်းကြောင်း မြင်တွေ့ရပါက ပိုမိုကြီးမားစွာ ကူညီပေးနိုင်လိမ့်မည်ဖြစ်ပါသည်။ ဆင်းရဲမှုအကျပ်အတည်းအတွက် ဥပဒေ များပြင်ဆင်ပေးခြင်း၊ ခွဲခြားဆက်ဆံမှု မပြုခြင်း၊ ပိုမိုပြည့်စုံကောင်းမွန်သည့် မူဝါဒကျင့်သုံးခြင်းတို့သည် အကွဲကွဲအပြားပြားဖြစ်နေမှုအား ယုံကြည်မှု ပိုမိုတည်ဆောက်နိုင်စေလိမ့်မည်ဖြစ်ပါသည်။
 လယ်ယာမြေသိမ်းယူမှုအား ဆန့်ကျင်ပြောဆိုသည့် သာမန်လယ်သမားများကို အစိုးရက ပြစ်ဒဏ်ချမှတ် ခြင်းသည်မှားယွင်းမှုပင်ဖြစ်ပါသည်။အပြန်အလှန်အားဖြင့် မြန်မာနိုင်ငံ၏ ကျေးလက်စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အဦကဏ္ဍတွင် ကြီးမားစွာရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းသည် ဦးတည်ချက်အသစ် အတွက် မိမိတို့အား ယုံကြည်မှုပိုမိုပေးစွမ်းစေလိမ့်မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံသည်လမ်းဆုံတစ်ခုသို့ ရောက်ရှိနေပါသည်။ နိုင်ငံ၏လက္ခဏာသည် နုနယ်သေး၏။ ပြုပြင် ပြောင်းလဲမှုကိုအားပေးရန် ကွန်ဂရက်တွင် မိမိတို့လုပ်ဆေင်လျက်ရှိပြီး အစိုးရအနေဖြင့် ပြည်သူများအတွက် ကဏ္ဍသစ်တစ်ရပ်ကို စတင်ရန် မိတ်ဆွေသစ်တစ်ဦးကို စစ်မှန်ရိုးသားစွာ ရှာဖွေနေခြင်းဟုတ်/မဟုတ်ကို အတည်ပြုနိုင်ရန်အတွက် မိမိတို့ အာရုံစူးစိုက်စောင့်ကြည့်လျက်ရှိပါသည်။

(ဒီမိုကရက်တစ်ဦးနှင့် မက်ဆာချုးဆက်ပြည်နယ်မှ အထက်လွှတ်တော်အမတ်ဖြစ်သူ ဂျွန်ကယ်ရီသည် အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဌ ဖြစ်ပါသည်။) 

ရေးသားသူ- Sen.John F. Kerry           

No comments: