Wednesday, February 29, 2012

အမျိုးသမီး ၄ ဦးကို KIA မှ မုဒိမ်းကျင့်ခဲ့ကြောင်း ဒုစစ်ဦးစီးချုပ်ဝန်ခံ

ဖေဖော်ဝါရီလ ၂ ရက်နေ့က မြစ်ကြီးနားမြို့နယ် တာလောကြီးရွာမှာ အိမ်ထောင်ရှိအမျိုးသမီး ၂ ဦးနှင့် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် ၂ ဦးကို ကေအိုင်အေမှ အလိုမတူဘဲလက်နက်ဖြင့် ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။ တာလောကြီးရွာကို ကေအိုင်အေမှ အမှုထမ်းသစ်များစုဆောင်းဖို့ ညအချိန်မှာရောက်လာခဲ့ကြပြီး အမျိုးသမီး ၄ ဦးအပါအ၀င် ရွာသား ၁၂ ယောက်ကို ဖမ်းခေါ်သွားခဲ့ကြ ပါတယ်။ ကေအိုင်အေမှ ဖမ်းသွားခဲ့တဲ့ထဲမှာ ပါဝင်တဲ့အမျိုးသမီး ၄ ဦးကိုကေအိုင်အေရဲဘော်များမှ အတင်းအဓမ္မပြုကျင့်ခဲ့ကြပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှာ
ရွာကိုပြန်ရောက်လာကြတယ်လို့သိရပါတယ်။ အဓမ္မကျင့်ခံခဲ့ရပြီး ပြန်လွှတ်လာတဲ့ အမျိုးသမီး ၄ ဦးဟာ တာလောကြီးတိုက်နယ်ဆေးရုံမှာ ဆေးရုံတတ်ကုသနေရတယ်လို့သိရပြီး အမျိုးသမီးငယ်တစ်ဦးမှာ စိတ်ဂယောင်ချောက်ချားဖြစ်ကာ ဆွေမျိုးများအား မမှတ်မိသေးကြောင်းသိရပါတယ်။ ကျန်တဲ့ရွာသားတွေ ကိုတော့ ပြန်မလွှတ်ဘဲ ကေအိုင်အေစစ်သင်တန်းသို့ပို့လိုက်တယ်လို့ ပြန်လွှတ်လာတဲ့ အမျိုးသမီး တစ်ဦးမှ ပြောပြပါတယ်။ အဓမ္မကျင့်ခံရတဲ့အမျိုးသမီး ၄ ဦးရဲ့ဆွေမျိုးတွေက လိုင်ဇာမှာရှိတဲ့ ကေအိုင်အေမှ ဗိုလ်မှုးချုပ် ဂွမ်မော် ကို သွားရောက်တိုင်ကြားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး ဗိုလ်မှုးချုပ်ဂွမ်မော်ကတော့ “KIA စစ်သားတွေက အမျိုးသမီး ၄ ဦးကို အဓမ္မပြုကျင့် ခဲ့တယ်ဆိုပြီး လာတိုင်တော့ စစ်ဆေးတာတွေ လုပ်နေပါပြီ အောက်ခြေတပ်တွေမှာ စစ်ဆေးတာတွေလုပ်နေပါတယ် အဆင့်ဆင့်စစ်နေလို့ကြာတာပါ တရားလိုအမျိုးသမီးလည်းရောက်နေပြီ လောလောဆယ်သိတာတော့ ၂ မှုပါ နောက်တစ်မှုကတော့ စစ်နေတုန်းပါဘဲ လုပ်ခဲ့တဲ့သူတွေကလည်းသူတို့လုပ်တာဝန်ခံပါတယ် အခုလိုမျိုးဖြစ်ရင် လာတိုင် ပါလို့ ကြောက်ပြီးတော့ အကြောင်းမကြားတာမျိုးမလုပ်ပါနဲ့လို့” ၀န်ခံပြောကြားခဲ့ပါတယ်။ အစိုးရနဲ့ အပစ်အခတ်စတင်ခဲ့ပြီးနောက်ပိုင်းမှာ KIA တွင်စစ်မှုထမ်းရန် အမျိုးသမီး ၄၂ ဦးဟာ အတင်းအဓမ္မ စုဆောင်းခံခဲ့ရပြီး ယခုကဲ့သို့အဓမ္မအကျင့်ခံရသည့်ဖြစ်ရပ်မှာ များပြားပြီး ကြောက်လန့်သည့် အတွက်တိုင်ကြားနိုင်ခြင်းမရှိကြကြောင်း သိရပါတယ်။

No comments: