Wednesday, February 29, 2012

KIA တပ်ရင်း ၂၆ မှ ခရီးသွားကားများကို အဓမ္မအခွန်ကောက်

ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှ စစ်ရေးရံပုံငွေအကြောင်းပြကာ ခရီးသွားဒေသခံများအား အဓမ္မပိုက်ဆံကောက်ခံနေကြောင်း မိုးညှင်းမြို့မှ သတင်းပေးပို့လာပါတယ်။ KIA တပ်ရင်း ၂၆ မှ ကေအိုင်အေ စစ်သားများဟာ မိုးညှင်း ဟိုပင် ဝှေခါ ကားလမ်းပေါ်မှာရှိတဲ့ ညောင်ပင် ရွာမှာ ဂိတ်တစ်ခုဖွင့်ပြီး ကားကြီး တစ်စီး ၅၀၀၀၀ ကားငယ်တစ်စီး ၃၀၀၀၀ ဆိုင်ကယ်တစ်စီး ၁၀၀၀၀ စီအတင်း အဓမ္မကောက်ခံနေ တယ်လို့သိရပါတယ်။ ခရီးသွားတဲ့ ကား ဆိုင်ကယ်တွေကိုလည်း အချိန်ကြာရပ်ခိုင်းပြီး စစ်ဆေးပြီးမှသာ သွားခွင့်ပြုတယ်လို့သိရပါတယ်။ "တိုက်ပွဲတွေဖြစ်နေတော့ အလုပ်လုပ်ရတာလည်း
အဆင်မပြေဘူး KIA ကတောင်းတော့လည်း မပေးလို့လည်း မရဘူးပေါ့ ပုံမှန်ဆိုရင် ပေးနိုင်တယ် အခုကောက်တာ အရမ်းများတယ် မပေးရင်အသက်အန္တရာယ်စိုးရိမ်ရတယ် နောက်တစ်ကြိမ်တော့ မသွားတော့ပါဘူး" လို့ မိုးညှင်းမြို့မှ ကားဆရာ ကို အယ်ဇော်က ပြောပြပါတယ်။ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ဟာ ကချင်ပြည်နယ်အတွင်း သစ်လုပ်ငန်း၊ကျောက်စိမ်းလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းနှင့် ဂိတ်စခန်းများမှ ကောက်ခံရရှိတဲ့ ငွေကြေးများကို လိုင်ဇာစစ်ရုံးချုပ်သို့ ပုံမှန်ပေးသွင်းရတယ်လို့သိရပါတယ်။

No comments: