ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီနှင့်NLDပါတီတို့အားပြိုင်နေတဲ့နေပြည်တော်ပုဗ္ဗသီရိမြို့နယ်မှပြည်သူပြည်သားများရဲ့အသံများကိုထုပ်နုတ်တင်ပြထားခြင်းဖြစ်ပါတယ်။
ဦးဆန်းဦး (အရောင်းအဝယ်)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီဟာ ကျွန်တော်တို့ ပုဗ္ဗသီရိ မြို့နယ်မှာဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံးလို့ မှတ်တမ်းတင်ထားတဲ့ တံဆိပ်တွေနဲ့ အညီ မှန်ကန်တဲ့ မူဝါဒ၊ စစ်မှန်သော မျိုးချစ်စိတ်၊ လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေနဲ့ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး အဖြစ်ဖော်ဆောင်ပြီး ပညာရေး၊ စားဝတ်နေရေးနဲ့ လူမှုရေး၊ ကျန်းမာရေးနဲ့ ဘာသာရေးတွေ၊ လိုအပ်ချက်တွေကို တတ်နိုင်သလောက် ပြည့်စုံအောင် ပြည်ခိုင်ဖြိုး ပါတီ၊ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေက ပြည်သူများနှင့်အတူ ဟန်ချက်ညီစွာ လက်တွဲပူးပေါင်း ဆောင်ရွက်နေတဲ့ ပြည်သူ အကျိုးပြု ပါတီအဖြစ် လက်တွေ့မြင်တွေ့ နေရ ပါ တယ်။ NLDကလည်း နိုင်ငံကောင်းကျိုးလုပ်မယ့် ပါတီ လို့ မြင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အကြိုက် ပါတီကတော့ ပြည်ခိုင်ဖြိုးပါတီပါ။ ကျွန်တော်ကိုယ်တိုင်လည်း

ပြည်ခိုင်ဖြိုး ပါတီကိုပဲ မဲပေးမယ်။ ကျွန်တော်တို့ပုဗ္ဗသီရိ ကိုယ်စား လှယ်ကို ကျွန်တော်ယုံပါတယ်။ သူ့ရဲ့ အောင်သီရိဖောင်ဒေးရှင်းကလည်း ကျွန်တော်တို့ပြည်သူတွေရဲ့ ဒေသ ဖွံ့ဖြိုးရေးကို လုပ်ပေးနေတာ မျက်မြင် ဖြစ်နေပါတယ်။ ဒါကြောင့်လည်း ပြည်ခိုင်ဖြိုးကို ယုံကြည်တာဖြစ်ပါတယ်။ ပါတီစုံ လာ တော့ နိုင်ငံကောင်းကျိုး လုပ်မယ်ဆိုတာကိုလည်း နားလည်ပါတယ်။
ဦးကျော်ရွှေ (အငြိမ်းစားအလယ်တန်းကျောင်း အုပ်ဆရာကြီး)
ဦးကျော်ရွှေ (အငြိမ်းစားအလယ်တန်းကျောင်း အုပ်ဆရာကြီး)
ရပ်ရွာဒေသဖွံ့ဖြိုးရေးအတွက် လုပ်ပေးနိုင်တဲ့ ဘယ်ပါတီမဆို ကျွန်တော်တို့ ပြည်သူ အနေနဲ့ ထောက်ခံရမှာပေါ့။ ကျွန်တော်နေတဲ့ ပုဗ္ဗသီရိ မြို့နယ် ကျည်တောင်ကန်ဟာ ဟိုးအရင်ကတည်းက ကလေးတွေအတွက် ကောင်းမွန်တဲ့ စာသင်ကျောင်း မရှိခဲ့ဘူး။ အခု အောင်သီရိ ဖောင်ဒေးရှင်းက လုပ်ပေးလို့ ကျောင်းတော်တော် များများကြီး ကို ကောင်းမွန် ပြည့်စုံသွားတယ်။ ကျွန်တော်က အငြိမ်းစား ကျောင်းအုပ်ဆိုတော့ ကလေးတွေ အတွက် ဒီလိုကျောင်းတွေ ဆောက် ပေးလို့ ဝမ်းသာမိတယ်။ ထောက်ခံမိတယ်။ ပြီးတော့ ဒေသဖွံ့ဖြိုးရေး အတွက် ဒေသတွင်းမှာ ကျန်ခဲ့မယ့် လမ်းတွေဖောက်ပေးလို့ ပြည်ခိုင်ဖြိုး ကို ကျေးဇူးတင်ပါတယ်။ ပြည်ခိုင်ဖြိုးကိုပဲ ထောက်ခံမှာ ဖြစ်ပါတယ်။ ကျွန်တော်ဖြစ်စေချင် တာကတော့ဗျာ။ NLD အပေါ်ကို နိုင်ငံရေးပါတီတစ်ခုလို့ပဲ မြင်တယ်။ NLD မှာလည်း ကောင်းတာ ရှိမယ်။ နိုင်ငံတိုးတက်ရေးအတွက် NLDသာမကဘဲ ပါတီစုံက ပူးပေါင်းပြီး လုပ်မယ်ဆိုရင် အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်မယ်။ နိုင်ငံရေးက သိပ်ကျယ်ပြန့် တယ်။ သိမ်မွေ့တယ်။ ပါတီတွေမှာ ကောင်းတာရှိသလို မကောင်းတာလည်း ရှိနေတယ်လို့ မြင်တယ်။ မကောင်း တာတွေ ရွေးထုတ်ပြုပြင်သင့်တယ်။ နိုင်ငံရေးလုပ်တဲ့နေရာမှာ အခု လုပ်နေတဲ့နေရာမှာ ပေါ့ဗျာ။ အပြောအဆိုလေးတွေ ထိန်းသိမ်းသင့်ပါတယ်။ တစ်ဖက်ပါတီဟာ ပြိုင်ဘက်ဖြစ်ပေမယ့် ပြည်သူကိုစည်းရုံး တဲ့ နေရာမှာ လူငယ်တွေဖြစ်နေတော့ တိုက်ခိုက်ပြောဆို တာလေးတွေ ရှိနေတယ်။ ဒါမျိုး မဖြစ်သင့်ဘူးဗျာ။ ကျွန်တော့်အနေနဲ့ ရပ်ရွာဖွံ့ဖြိုးရေးတွေ လုပ်ပေးနေတဲ့ ပြည်ခိုင်ဖြိုးကို မဲပေးမှာပါ။
ဒေါ်စန်းစန်းတင့် အစိုးရဝန်ထမ်း(ငြိမ်း)
လက်ရှိပြည်ခိုင်ဖြိုးအပေါ် အမေ့ရဲ့အမြင်ကတော့ အမေတို့ နိုင်ငံကို မပြောသေးဘူး။ ကျေးရွာအပေါ် မှာတော့ တော်တော်လေး ကောင်းမွန်တာ တွေ့နေရပါတယ်။ ကျည်တောင်ကန် ဆိုတာက အရင်ကဆို မိုးတွင်းသွားလာရေး သိပ် က်ခဲပါတယ်။ အခု ဒေသတွင်း ဖွံ့ဖြိုးမှုတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လာတာ အမေတို့ ရွာသားတွေ အားလုံးမျက်မြင် ဖြစ်နေပါတယ်။ အမေဟာ အရင်က ပင်စင် ခုနစ်ရာသာရသူဖြစ်ပြီး အခု နှစ်သောင်းကျော် ရလာပါတယ်။ အရင်က ကျန်းမာရေးအတွက် ပျဉ်းမနားကို သွားဖို့ မလွယ်ပေမယ့် အခုမန္တလေး ကသားက နေ့ချင်းပြန် အမေ့ကို လာတွေ့နိုင်နေပါတယ်။ ပါတီစုံ ဒီမိုကရေစီခေတ်မှာ ပါတီတိုင်းက နိုင်ငံကောင်းကျိုးလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အမေကတော့ ပြည်ခိုင်ဖြိုး ကိုပဲ လက်ခံပါတယ်။ ပြည်ခိုင်ဖြိုးကို ထောက်ခံပြီး မဲပေးမှာပါ။ အခုအမေတို့ ပုဗ္ဗသီရိ ကိုယ် စားလှယ်လောင်းဆိုရင် ဘာမှ မဟုတ်တဲ့ အမေတို့ကို လက်ဆွဲ နှုတ်ဆက်တယ်။ ဈေးမှာ ရုတ်တရက် မြင်လိုက်တာတောင် မှတ်မိနေတယ်။ အမေတော်တော်လေး ဝမ်းသာပါတယ်။ NLD အပေါ်အမြင်ကတော့ ရှင်းပါတယ်။ နိုင်ငံရေးပါတီ တစ်ခုလို့မြင်ပါတယ်။ နိုင်ငံခေါင်းဆောင်ရဲ့ သမီးကဦးဆောင်တဲ့ ပါတီတစ်ခုဖြစ်ပြီး သူလည်းနိုင်ငံကောင်းကျိုး လုပ်မယ့် ပါတီတစ်ခု လို့ပဲ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် အမေ့ထက် ငယ်ပါတယ်။ ညီအစ်မ၊ မိသားစုဝင်လို့ပဲ သဘောထား ပါတယ်။ အမေ ပြည်ခိုင်ဖြိုးကို ထောက်ခံတဲ့အချက်၊ ပုဗ္ဗသီရိကိုယ်စားလှယ်ကို ထောက်ခံတဲ့ အချက်ထဲမှာ သူက အမေတို့နဲ့ တရင်းတနှီးရှိပြီး ရုတ်တရက် မှတ်မိနေအောင် ရင်းနှီး တာလည်း ပါပါတယ်။
ဒီအထဲမှတစ်ဦးပြောပြချက်အရNLDပါတီဥက္ကဌဒေါ်စုကြည်ဟာသူ့ထက်တောင်အသက်ငယ်နေတာကိုပြည်သူတွေကဒေါ်စုကြည်ကိုလက်အုပ်ချီနေပြရခြင်းနှင့်ဒေါ်စုကြည်မှပြည်သူများအပေါ်လေးစားမှု့မရှိရိုင်းပြနေသည်ဟုသွယ်ဝိုက်ကာပြောပြနေပါသည်။
No comments:
Post a Comment