ကျိုင်းတုံ၊ မတ်လ ၂၀ ရက်
ရှမ်းပြည်နယ်တွင် တောင်ယာလုပ်ငန်းအား ကျွဲများဖြင့်သာအဓိကထားပြီး လုပ်ဆောင်နေရပါတယ်။ ကျွဲတွေဟာ တောင်သူတွေအတွက် အဓိက အားကိုးရာ စီးပွားဖက်တွေလို ဖြစ်နေပါတယ်။ အောက်ဗမာပြည်မှာ နွားတွေကို လယ်သမားတွေ တန်ဖိုးထားသလို ရှမ်းပြည်မှာလည်း ကျွဲတွေကို တန်ဖိုးထားကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့မှ စတင်ပြီး မိုင်းဖြတ်မြို့နယ် ၀မ်တပ်ကျေးရွာ၊ ပါဝုန်းကျေးရွာ၊ တုံလုံကျေးရွာ၊ နမ့်မွဲကျေးရွာနှင့် ဘူရှီးကျေးရွာ တို့မှ ကျွဲကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ပါတယ်။ သေဆုံးသောကျွဲများကို စစ်ဆေးခဲ့ရာ လည်ချောင်းကွဲနာရောဂါဖြင့် သေဆုံးခဲ့ကြောင်းသိရပါတယ်။
“ ကျွန်တော့်ကျွဲတွေကို ကြည့်လိုက်တော့ လည်ပင်းတွေက စောင်းနေပြီး လည်ချောင်းထဲက ဂူးဂူး လို့မြည်နေလို့ ကြည့်လိုက်တာ လည်ချောင်းကွဲရောဂါ ဖြစ်နေတယ်ဆိုတာသိလိုက်ရတယ်။ ဒါပေမယ့် ဆေးကုလို့တော့ မရတော့ဘူးဗျာ။ အိမ်က ကျွဲ ၃ ကောင်လုံး သေသွားတယ်။ ကာကွယ်ဆေး HS ကလည်း ကျွန်တော်တို့ ဘက်မှာ ရှားတော့ မထိုးထားရဘူးလေ။ ဒီတော့ အကုန်လုံးသေကုန်ပြီး အလုပ်လုပ်ဖို့တောင် ခက်နေပါပြီ ” လို့ တုံလုံကျေးရွာမှ တောင်သူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။
No comments:
Post a Comment