Tuesday, March 20, 2012

ပြည်ကြီးတံခွန်မြို့နယ်၊ နိုင်စိုးပိုင်-၂ သံရည်ကျိုစက်ရုံ ပေါက်ကွဲမှုသတင်း

မန္တလေး၊ မတ်လ ၂၀ ရက
၂၀၁၂ ခုနှစ်၊ မတ်လ၊ ၁၉ ရက်နေ့ နေ့လည် ၁၁ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုံ(၁)၊ သခင်ဖိုးလှကြီးလမ်း၊ ၆၈-၆၉ လမ်းကြားရှိ ဦးကျော်ရှိန်ပိုင်ဆိုင်သော နိုင်စိုးပိုင်-၂ သံရည်ကျိုစက်ရုံတွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုမှာ စက်ရုံရှိ အလုပ်သမားများဖြစ်သည့် မောင်စိုးမင်းသူ၊ ကိုမိုးနှင့် မောင်ချစ်ကောင်းတို့မှ ဗုံးသီးဟောင်းတစ်လုံကို ပုံစံသွင်းထုနှက်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။


ဖြစ်ပွားပုံမှာ သံတိုသံစများအား သံထည်ဖြစ်စေရန် ပုံစံသွင်းထုနှက်ရာ ယမ်းအနည်းငယ်ကျန်နေသော    
 ဗုံးသီးဟောင်းကို ထုနှက်မိပြီး ပေါက်ကွဲခြင်းဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် မောင်စိုးမင်းသူနှင့် ကိုမိုးတို့ ၂ ဦး မှာ အခင်းဖြစ်ပွားရာနေရာမှာပင် သေဆုံးခဲ့ပြီး မောင်ချစ်ကောင်းမှာ မန္တလေး ပြည်သူ့ဆေးရုံ အရောက် တွင်  သေဆုံးသွားခဲ့ပါတယ်။

 
 တာဝန်ရှိသူများမှ ပေါက်ကွဲမှုဖြစ်ရာနေရာ ပတ်ဝန်းကျင်အား လိုက်လံစစ်ဆေးရာ ဗုံးသီးအဟောင်း အလုံး ၂၀ ကို ထပ်မံတွေ့ရှိခဲ့ပါတယ်။ “ဗုံးသီးတွေက လက်လုပ်လက်စားတွေနဲ့ ကလေးသူငယ်များမှ ကောက်ယူခဲ့ပြီး ရောင်းချခဲ့တာဖြစ်နိုင်တယ်” လို့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

No comments: