တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ပါဝင်ကြဖို့နဲ့ အကြောက်တရားကင်းကြဖို့ ဒီကနေ့ ရှမ်းပြည်နယ် သိန္နီလူထုကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် မြန်မာ့ ဒီမိုကရေစီအရေးအတွက်တပ်မတော်နဲ့ ပြည်သူပူးပေါင်းရင်မြန်မြန်ဆန်ဆန်တိုးတက်လာမယ်လို့လည်း ပြောပါ တယ်။ ရှမ်းပြည်နယ်ကို ၂ ရက်ကြာ ခရီးစဉ် အဖြစ်နဲ့ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဒုတိယမြောက်နေ့ အဖြစ်နဲ့ လားရှိုးမြို့က တက္ကသိုလ် ကျောင်းသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်းကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ရှမ်းပြည်နယ် သိန္နီမြို့ကို သွားရောက်ပြီး ဒေသခံ လူထုနဲ့ တွေ့ဆုံပါတယ်။ မြန်မာ့ ဒီမိုကရေစီ အရေး အပြောင်းအလဲဟာ တပ်မတော်နဲ့ပြည်သူတက်ညီလက်ညီပူးပေါင်းဆောင်ရွက်မှ အောင်မြင်တိုးတက်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သိန္နီ လူထုကို အခုလို ပြောပါတယ်။“နိုင်ငံရေး အပြောင်းအလဲတွေ တည်ငြိမ်ဖို့ဆိုတာဟာ တပ်မတော်ရဲ့ပါဝင် ပတ်သက်မှုဟာလိုအပ်တယ်လို့ ကျမ ထင်ပါတယ်။ ကျမတို့ ပြည်သူတွေနဲ့ တပ်မတော်ဟာ ညီညီညွတ်ညွတ်နဲ့ အများအကျိုးအတွက် လုပ်သွားနိုင်ရင် ဒီနိုင်ငံဟာ အချိန်ကာလ တိုတိုအတွင်းမှာ တိုးတက်နိုင်ပါတယ်။”တိုင်းရင်းသား သွေးစည်း ညီညွတ်မှုနဲ့ လွတ်လပ်ရေး အရယူနိုင်ခဲ့တဲ့ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးရာမှာ သိန္နီ စော်ဘွားလည်း ပါဝင်ခဲ့တဲ့အကြောင်းနဲ့ ဒေသခံ လူထုအနေနဲ့ အကြောက်တရား ကင်းကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တယ်လို့ ရုံးအဖွဲ့ဝင် ဦးခွန်သာမြင့်က ပြောပါတယ်။“အဓိက ကတော့ သိန္နီ ဆိုတာက အစဉ်အလာရှိပါတယ်။ ပင်လုံစာချုပ်ကို စတင်အကောင်အထည် ဖော်ကြတာမှာ သိန္နီစော်ဘွားကြီး ပါပါတယ်။ ပါတော့ ပြည်ထောင်စု စိတ်ဓာတ်ပေါ့နော်။ ပြည်ထောင်စု အခြေခံမူကို စတည်ထောင်ခဲ့တာ ပင်လုံမှာ သိန္နီရဲ့ ပါဝင်မှုက အများကြီး ရှိပါတယ်။ ပြီးတော့ သိန္နီမှာ အများစုကလည်း ရှမ်းပါ။ ခုချိန်ထိလည်း ရှမ်းတွေ အများကြီး ရှိပါတယ်။ အဲဒီဟာကိုပဲ အဓိကထား ပြောပါတယ်။ အကြောက်တရား ကိစ္စတွေ ဘာတွေလည်း ပြောပါတယ်။”
စနေနေ့က မဲဆွယ်စည်းရုံးပွဲ လုပ်ခဲ့တဲ့ လားရှိုးဒေသခံတွေကတော့ နိုင်ငံရေး စိတ်ဓာတ် တက်ကြွပြီး အကြောက်တရား ကင်းသလောက် သိန္နီ ဒေသခံတွေကတော့ အကြောက်တရား ကြီးစိုးနေပုံ ရတယ်လို့လည်းဦးခွန်သာမြင့်ကပြောပါတယ်။လူထုရဲ့ အခြေအနေ စိတ်ဝင်စားမှုက လားရှိုးမြို့တ၀ိုက် ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ သန္နီနယ်က နှစ်ပေါင်းများစွာ ဖိနှိပ်ခံရတာပေါ့နော်။ လူတွေက အကြောက် တရားတော့ တော်တော် ကြီးစိုးပါတယ်။ သန္နီမှာ NLD ဆို ရုံးတောင် မဖွင့်နိုင်သေးပါဘူး။ ဆိုင်းဘုတ်တောင် မတင်နိုင်သေးပါဘူး။ မတင်နိုင်တော့ ကျနော်တို့ တိုးရတာလည်း ခက်ပါတယ်။ နောက်ပြီးတော့ အခုမှ ပြန်ပြီး တည်ရမယ်ဆိုတော့ ကျေးရွာလေးတွေက လူတွေ အသိနည်းပါတယ်။ အစ်မ လာမယ်ဆိုတာတောင် အစ်မ အပြန်ခရီးကျမှ ပိုများပါတယ်။ အဲဒီကျမှ တဆင့်ကြားနဲ့ လာကြတာပေါ့။ လုပ်နိုင်ကိုင်နိုင်တာလည်း နည်းပါတယ်။ မြို့ပေါ်က ပရိသတ်ကတော့ သိန္နီမြို့ပေါ်က ပရိသတ်ကတော့ နားထောင်ကြ၊ တက်ကြွကြ တယ်ပေါ့။ သြဘာပေးကြပေါ့။ ဒါပေမဲ့ ရွာတွေမှာတော့ အကြောက်တရား တော်တော် လွှမ်းနေသေး တဲ့သဘော ရှိပါတယ်။ တော်တော်လုပ်ရဦးမှာပေါ့။”သိန္နီမြို့နယ် ကိုယ်စားပြု အမျိုးသား လွှတ်တော် အမတ်နေရာအတွက် ၀င်ရောက် အရွေးခံမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် ဦးစိုင်းမြင့်မောင် ကိုလည်း လူထုနဲ့ မိတ်ဆက်ခဲ့ပါတယ်။ အကျဉ်းကျနေဆဲ ဖြစ်တဲ့ သိန္နီ NLD ဥက္ကဋ္ဌ ဦးစိုင်းအောင်လှ မိသားစုကိုလည်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံခဲ့ပြီး လားရှိုးက နည်းပညာ တက္ကသိုလ်နဲ့ လားရှိုး တက္ကသိုလ်က ကျောင်းသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။“ဒီနေ့မနက် ကျနော်တို့ လားရှိုးကနေ မနက် ၈ နာရီလောက် လားရှိုးနဲ့ ၃၂ မိုင်ဝေးတဲ့ သိန္နီကို သွားပါတယ်။ သိန္နီက ကျောင်းဆိုင်ကျောင်း ဆိုတာ သိန္နီက အထင်ကရ ဘုန်းကြီးကျောင်းပါပဲ။ အဲဒီမှာ ကျောင်းထိုင် ဆရာတော်ကြီးနဲ့ သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်ကြီး နောက်ထပ် လေးပါးကို လှူဖွယ်ပစ္စည်းတွေနဲ့ ဆပ်ကပ်ပါတယ်။ ဆပ်ကပ်ပြီးတော့ ပြန်အထွက်မှာ မြို့လူထုရဲ့ တောင်းဆိုချက်အရ ဘုန်းကြီးကျောင်းအ၀ ကားလမ်းပေါ်မှာပဲ မြို့လူထုကို ၁၅ မိနစ်လောက် ကြာပါတယ်။ မြို့လူထုကို စကားပြောတယ်။ ပြောပြီးတော့ သိန္နီ NLD ဥက္ကဋ္ဌပေါ့၊ အခု ထောင်ထဲရောက်နေပါတယ်။ ဦးစိုင်းအောင်လှ ဆိုတာ၊ သူ့နေအိမ်ကိုသွားပြီးတော့ သူ့မိသားစုကို အားပေးစကားပြောပြီးတော့ ကျနော်တို့ နေ့လယ်ကပဲ လားရှိုးကို ပြန်ပါတယ်။ လားရှိုးမှာ အခု ထမင်းစားပြီးတော့ လားရှိုး နည်းပညာ တက္ကသိုလ်နဲ့ လားရှိုးတက္ကသိုလ်က ကျောင်းသားတွေက လာ ကန်တော့တာတို့၊ဂါရ၀ပြုတာတို့၊ နှုတ်ဆက်တာတို့၊ အဲဒါတွေနဲ့ တွေ့ပါတယ်။ တွေ့ပြီးတော့ လေယာဉ်ကွင်းကို သွားဖို့စောင့်နေပါတယ်။ ရန်ကုန်ကို ပြန်မှာပါ။”
ရှမ်းပြည်နယ်က လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ မိုင်းရယ်နဲ့ တန့်ယန်း မြို့နယ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲ အတွက် အမျိုးသား လွှတ်တော် အမတ်နေရာ ၅ နေရာ လစ်လပ်နေတာမှာ NLD က ၅ နေရာလုံးမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လားရှိုးနဲ့ သိန္နီ မြို့တွေကိုပဲ မဲဆွယ်ပွဲ သွားရောက်တာ ဖြစ်ပြီး ကျန်တဲ့ မြို့နယ်တွေကိုတော့ သွားဖို့ မရှိပါဘူး။ ဒီကနေ့ တနင်္ဂနွေနေ့ ညနေပိုင်းမှာပဲ ရှမ်းပြည်နယ် ခရီးစဉ်ကို အဆုံးသတ်ပြီး ရန်ကုန်ကို ပြန်ဖို့ ရှိနေပါတယ်။

| သည့် ကင်မရာမှ ယူဆောင်ခွင့်မပြုကြောင်း ပြည်ထောင်စုကော်မရှင်က ထုတ်ပြန် 0 Comments - 20 Mar 2012 ကြားဖြတ်ရွေးကောက် ပွဲနေ့တွင်မဲရုံတွင်းသို့ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၊ ကိုယ်စား လှယ်လောင်း၏ ကိုယ်စားလှယ်များ၊ မဲရုံကိုယ်စား လှယ်များနှင့် မဲရုံအကူကိုယ် စားလှယ်များ မဲရုံတွင်းသို့ဗွီဒီယိုကင် မရာ၊ ကင်မရာ၊ ဟမ်းဖုန်း ကင်မရာများ ဖြင့်မှတ်တမ်း ဓါတ်ပုံရိုက်ကူး ရန်ယူ ဆောင်ခွင့်မရှိ ကြောင်းမတ် (၁၄)ရက် စွဲဖြင့်ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်ကထုတ်ပြန်ခဲ့ခြင်းကြောင့်မဲရုံ အပြည့်မဲရုံကိုယ်စားလှယ်မထားနိုင် သူများအတွက် ဥပဒေ နှင့် မကိုက်ည... More Li |
ပထမဆုံးကျောင်းသားတပ်မတော်ဥက္ကဌဦးထွန်းအောင်ကျော်နှင့်ဂျပန်နှင့်ကိုရီးယားတွင် မြန်မာနိုင်ငံ့ အရေးဆွေးနွေးတင်ပြချက်များ
ပထမဆုံးကျောင်းသားတပ်မတော်ဥက္ကဌ ဦးထွန်းအောင်ကျော် ဂျပန်နိုင်ငံနှင့်ကိုရီးယားနို င်ငံသို့ မြန်မာနိုင်ငံ့အရေးအတွက်လာရောက် ဆွေးနွေးခဲ့ရာတွင်-
၁။ ဒေါ်အောင်ဆန်းစုကြည်၏လက်တွေ့ကျကျ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲေ ရးကိုအားပေးကူညီသင့် ကြောင်း။
၂။ သို့ မှသာနှစ်၂၀ကျော်ကြာမတရားဖိနှိပ် ထားမှုကြောင့်အင်အားချိ့နဲ့နေေ သာဒီမိုကရေစီအင်အားစု များအင်အားစုစည်းနိုင်မည်ဖြစ်ြေ ကာင်း။ ဒီမိုကရေစီ အင်အားစုများစုစည်းရန်အချိန်တခု ကိုယူရမည် ဖြစ်ကြောင်း။
၃။ ယခုကြားဖြတ်ရွေးကောက်ပွဲသည်အဓိ ကတိုက်ပွဲမဟုတ်ကြောင်း၊ အခြေအနေအရစစ်အုပ်စုမှချပေး သောလမ်းကြောင်းကိုလိုက်၍ ၂၀၀၈ အခြေခံဥပဒေ ကိုမကြိုက်သော်လည်းအတွင်းမှပြော င်းလဲရေးကို မူချ၍ ၂၀၁၅ ကိုရည်မှန်းချက်ထားရမည်ဖြစ်ကြော င်း၊ ၂၀၁၅ သည် အဓိကအောင်နိုင်ရေး ရည်မှန်း ချက်အဖြစ်ထားရမည်ဖြစ်ကြောင်း။
၎။ ၂၀၁၄ သည် ၂၀၁၅ တွင်လွတ်လပ်တရားမျှတသည့်ရွေးကော က်ပွဲဖြစ်နိုင်မဖြစ်နိုင်ကိုမီး မောင်းထိုး ပြမည့် နှစ်ကြောင်း၊ ထိုနှစ်တွင် အစိုးရထိမ်းချုပ်မှုမှကင်းလွတ် သည့်လွတ်လပ်သောပုဂ္ဂလိကသတင်း စာများ၊ လွတ်လပ်သောလူ့ဘောင်အဖွဲ့အစည်းများ (Civil Society)၊ ဖြစ်သည့်အလုပ်သမားသမဂ္ဂများ၊ တောင်သူလယ်သမားသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ၊ ရှေ့နေအသင်းများ၊ လူမှုဖူလှုံရေးအသင်း များ၊ နိုင်ငံရေးပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းများ လွတ်လပ်စွာရပ်တည်နိုင်ခွင့်၊ ဖွဲ့စည်းနိုင်ခွင့်၊ စည်းရုံးနိုင်ခွင့်၊ ရှိမရှိကိုကြည့်ပြီးဆုံးဖြတ်ြ ကရမည်ဖြစ်ကြောင်း။
၅။ ABSDF မြောက်ပိုင်းကိစ္စနှင့်ပတ်သက်၍ေ မးမြန်းလာမှုအပေါ်လက်ရှိအဖွဲ့ဝင် ခေါင်းဆောင်များနှင့် အဓိကခေါင်း ဆောင်မှု တာဝန်ကိုယူခဲ့သူအားလုံးတွင်အဖွဲ့ အစည်း၏ဂုဏ်သိက္ခာကိုကာကွယ်သည့်အ နေနှင့်အဖြစ်မှန်ကိုရဲရဲဝံ့ဝံ့ေ ဖ်ါထုတ်ပြီးအများကိုတင်ပြရမည်ြ ဖစ်ကြောင်း။
ဆွေးနွေးတင်ပြသွားခဲ့ပါသည်။
ထို့အပြင်မတ်လ ၁၃ ရက်နေ့တွင်ဂျပန်အထက်လွှတ်တော်၊ အောက်လွှတ်တော်တို့မှလွှတ်တော် အမတ် ၃ဦး တို့နှင့် တဦးခြင်းနာရီဝက် မှတနာရီအကြာဆက်တိုက်တွေ့ဆုံခြဲ့ ပီးမတ်လ၁၄ရက်နေ့တွင်အောက် လွှတ်တော် အမတ် တဦးနှင့် တွေ့ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌါ နမှ ပုဂ္ဂိုလ်တဦးနှင့်လည်းတွေ့ဆုံခဲ့ ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြော င်းအလဲ နှင့်ပတ်သက်၍ ဦးထွန်းအောင်ကျော်နှင့်အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဂျပန်ဌာ နခွဲ ဒုဥက္ကဌဦးသောင်းလှိုင် တို့က ဦးရွှေဘအကူအညီနှင့်ရင်းနှီးပွင့် လင်းစွာဆွေးနွေးတင်ပြခဲ့ကြောင်းအောက်ပါအချက်များကိုပြောကြားခဲ့ ပါသည်။
၁။ ဒီမိုကရေစီရေးလမ်းကြောင်းသည် အပြုသဘောဆောင်သောပြောင်းလဲမှုသို့ရွေ့လျှားနေကြောင်း လက်ခံသည်၊ သို့ရာတွင်အထက်အမိန့်ကိုအောက်မှ လိုက်နာကျင့်သုံးမှုအားနဲနေသေးေ ကြာင်းဥပမာ နှင့်တကွထောက်ပြခဲ့သည်။ ကချင်တွင်ဆက်လက်စစ်ပွဲဖြစ်ပွါးေ နခြင်း။
၂။ ဂျပန်အစိုးရ မှ ODA ပြန်လည်ပေးရန်စဉ်းစားနေခြင်းအေ ပါ် Loan နှင့် Grant နှစ်မျိုးတွင် ချေးငွေ (Loan) သည်နိုင်ငံတော်မှပြန်လည် ပေးဆပ် ရမည့်ပြည်သူ့ငွေဖြစ်သဖြင့် တကယ့် ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်သည့်စီမံကိန်း များကိုသာဦးတည်၍ပေးရန်၊ အလကားပေးအပ်သည့်ဂရန့်ငွေကို လည်းအစိုးရစီမံကိန်း များသက်သက် ကိုသာမက ပြည်တွင်းအင်ဂျီအိုများထဲမှလူထု အကျိုးကိုစွမ်းစွမ်း တမံလုပ်နေသောအဖွဲ့များ ကိုဦးစား ပေးထောက်ပံ့သွားရန်ပြောကြားခြဲ့ ခင်း။ထို့ပြင်ODA ပေးရာတွင် ဒိုးယိုပေါက်ရှင်းလင်းမြင်သာမှု ရှိဖို့၊ မည်သည့်စီမံကိန်းအတွက်မည်မျှပေး သည်၊ မည်သို့သုံးစွဲသည် တို့ကိုသိရှိနိုင်ဖို့လိုကြောင်းတိုက်တွန်းခဲ့ခြင်း။
၃။ ဦးသိန်းစိန်ကပြည်ပရောက်မြန်မာ များကိုတိုင်းပြည်ထူထောင်ရေးတွ င်ပါဝင်ရန်ဖိတ်ခေါ်မှုအပေါ်ဘာ ကြောင့်မပြန်ကြသနည်းဟုမေးမြန်း လာမှုအပေါ်ရှင်းလင်းတင်ပြရာတွင်ြ မန်မာသံရုံးများတွင်ဗီဇာ လျှောက်ထားသူ တိုင်းဗီဇာမရသလို၊ ဂျပန်ပေါ်လစီအရဒုက္ခသည်ရထားသူများ အခြားနိုင်ငံများသို့ခရီး သွားလက်မှတ်ဖြင့်သွားလာနိုင်သော်လည်း မြန်မာနိုင်ငံသို့မည်သည့်အကြော င်းနှင့်ပြန်သည်ဖြစ်စေ၊ ဂျပန်နိုင်ငံသို့ပြန်မလာနိုင်ေ တာ့ကြောင်း။ ပြန်လာခြင်းကိုပိတ်ပင်ထားကြောင်း၊ ထိုအချက်သည်ဂျပန် ရောက်မြန်မာများအမိနိုင်ငံသိြု့ ပန်လည်စနည်းနာခွင့်ကိုပိတ်ပင်ထားခြင်းဖြစ်သဖြင့်ဂျပန်ပေါ်လစီကို ပြောင်းလဲသင့်ကြောင်း၊ အမိနိုင်ငံသို့ပြန်ပြီး စနည်းနာ ရာတွင် မိမိလုံခြုံရေးမရှိလျှင်ြ ပန်လာခွင့်ရှိရ မည် ဖြစ်ကြောင်းထိုမှသာ ဂျပန်ရောက်ြ မန်မာများ ရဲရဲတင်းတင်းအမိနိုင် ငံသို့ပြန်ရန်လမ်းပွင့်သွားမည်ြ ဖစ်သည် ဟုဆွေးနွေးတင်ပြခဲ့ပါသည်။
ဂျပန်လွှတ်တော်အမတ်များမှလဲလေးေ လးစားစားမှတ်တမ်းများရေးမှတ်၍ ODA ငွေများကိုမြန်မာပြည် သူလူများစုအကျိုးကိုရှေးရှူ၍ပေး သွားရန်ကြိုးစားမည်ဟုပြောကြားခဲ့ ကြပြီးမြန်မာနိုင်ငံငြိမ်းချမ်းစွာဖြင့်ဒီမိုကရေစီနိုင်ငံအြ ဖစ်ပြောင်းလဲသွားရန်အထူးလိုလား ပါကြောင်းပြောကြားခဲ့ကြပါသည်
No comments:
Post a Comment