နိုင်ငံတကာ ပင်လယ်ပြင် တရားခုံရုံး (ITLOS) မှ တရားစီရင်ချက် ထုတ်ပြန်ပေးလိုက်ပြီးနောက် မိမိနိုင်ငံ၏ ရေပိုင်နက်ကို ရေးဆွဲရန် မြန်မာနိုင်ငံနှင့် ညှိနှိုင်းတိုင်ပင်နေစရာ မလိုတော့ကြောင်း ဘင်္ဂလားဒေခ်ျ့ အငြိမ်းစား ရေတပ်ဗိုလ်ချုပ် တစ်ဦးက ပြောသည်။
အဆိုပါ ပြောဆိုချက်ကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ သတင်းဌာန UNB က စနေနေ့က ရေးသား ဖေါ်ပြသည်။
"ဥပဒေကြောင်းအရ မြန်မာနဲ့ ထိုင်ဆွေးနွေးနေဖို့ မလိုတော့ပါဘူး။ နိုင်ငံတကာ ခုံရုံးကနေ ထုတ်ပြန်ပေးလိုက်တဲ့ ရေပြင် နယ်နိမိတ်ပြ ပုံစံအတိုင်း ကျွန်တော်တို့ရဲ့ ရေပြင်ပိုင်နက်ကို ကျွန်တော်တို့ ဆွဲကြရမှာသာ ဖြစ်ပါတယ်" ဟု လက်ရှိ ဘင်္ဂလားဒေခ်ျ့ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကုလသမဂ္ဂဆိုင်ရာ ပင်လယ်ပြင်အဖွဲ့တွင် တွဲဘက်အတွင်းရေးမှူးလည်းဖြစ်၊ အငြိမ်းစား ရေတပ်ဗိုလ်ချုပ်လည်းဖြစ်သူ ခါချက်အာလမ် က မတ်လ ၁၆ ရက်နေ့က ထုတ်ဖေါ် ပြောဆိုကြောင်း သတင်းက ပြောသည်။
" ရေပြင်နယ်နိမိတ်ကို တိုင်စိုက် သတ်မှတ်လို့ ရမည့် သဘောတူညီချက်မျိုး မရှိကြောင်းလည်း" သူက ပြောသည်။
နိုင်ငံတကာခုံရုံးမှစီရင်ပေးချက်အရ ဘင်္ဂလားဒေခ်ျ့ မှ တောင်းဆိုခဲ့သည့်အတိုင်း ဘင်္ဂလားပင် လယ်အော်အတွင်း မိုင် ၂၀၀ ထိ တနိုင်ငံတည်း မူပိုင်စီးပွါးလုပ်ပိုင်ခွင့်နှင့် မိုင် ၂၀၀ ကျော်အလွန် တွင်လည်း သိသိသာသာ ကြီးမားကျယ်ဝန်း သည့် ရေပြင်နယ်နိမိတ်ကို မျှဝေပိုင်ဆိုင်ခွင့်တို့ကို ရရှိခဲ့သည်။
ဘင်္ဂလားဒေခ်ျ့ ရေပိုင်နက် မိုင် ၂၀၀ အတွင်း မည်သည့်နိုင်ငံကမှဝင်ရောက်ငါးဖမ်းနိုင်တော့မည် မဟုတ်တော့ကြောင်း ခါချက်က ပြောဆိုခဲ့ပြီး “ အရေးကြီးတာက ကျွန်တော်တို့ရဲ့ ရေပိုင်နက်ကို တိုးမြှင့်ကာကွယ်နိုင်ဖို့ ရေတပ်အင်အားကိုပဲ တိုးချဲ့ ရတော့မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဘင်္ဂလားဒေခ်ျ့နိုင်ငံအနေဖြင့် အငြင်းပွါးနေစရာ မလိုတော့ပဲ ပင်လယ်ပြင်အတွင်း ငါးဖမ်းခွင့်နှင့် ပင်လယ် ရေအောက် ကြမ်းပြင်ပေါ်မှ သဘာဝသယံဇာတများထုတ်လုပ်နိုင်အောင် နိုင်ငံတကာခုံရုံးမှ တရားစီရင်ပေးခဲ့ပြီးဖြစ်ကြောင်းလည်း သူကပြောသည်။
စိန့်မာတိန် (ခေါ်) အုန်းကျွန်း ပတ်လည်တွင်လည်း မြန်မာဘက်မှ ထက်ဝက်စီ ခွဲပေးရန် တင်ပြတောင်းဆိုချက်ကို နိုင်ငံတကာ ခုံရုံးက ပယ်ချခဲ့ပြီး ဘင်္ဂလားဒေခ်ျ့သို့ ၁၂ မိုင်အပြည့် ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သူကပြောသည်။
တရားစွဲဆိုခံရသူ လယ်သမား ၂၆ ဦးမှာ ရသေ့တောင်မြို့နယ် မယူကမ်းဒေသတွင် တည်ရှိသော ပေါင်းစား၊ နေပူခံ၊ ကျွန်းချောင်းနှင့် ကောင်းရီချောင်းကျေးရွာများမှ ဖြစ်ကြသည်။
" ရွာသား ၂၆ ဦးကို တရားစွဲတာက အနောက်ပိုင်းတိုင်း စစ်ဌာချုပ်က ပုဇွန်ကန်တွေကို လေလံရရှိထားတဲ့ ဦးစောအောင်သိန်းက တရားစွဲတာ ဖြစ်ပါတယ်။ ဒီမိုကရေစီကို လိုလားတဲ့ အရပ်သား အစိုးရ တက်လာပြီ ဖြစ်တဲ့အတွက် လယ်သမားတွေက သူတို့ဆီမှ စစ်တပ်က သိမ်းယူသွားတဲ့ ပုဇွန်တာတွေနဲ့ လယ်မြေတွေကို ပြန်ပေးဖို့ တောင်းဆိုသလို တစ်ဘက်မှာလည်း ကျိုးပေါက်နေတဲ့ လယ်မြေတွေကို ပြန်လည် ပြုပြင် ဆည်ဖို့ရာကနေ ဦးစောသိန်းအောင်က သူဌားရမ်းထားတဲ့ မြေတွေကို ဒီလို လုပ်ရမလားဆိုပြီး တရားစွဲဆို လိုက်တာ ဖြစ်ပါတယ်" ဟု ပေါင်းစားကျေးရွာမှ လယ်သမားများ အကျိုးဆောင်ရွက်နေသူ လူငယ် တစ်ဦးက ပြောသည်။
တရားစွဲဆိုပြီးနောက် လယ်သမား ၂၆ ဦးအား ရသေ့တောင်မြို့နယ် လောင်းချောင်း ရဲစခန်းမှ ဖမ်းဆီးခဲ့ပြီး ၎င်းနောက်ပိုင်း အာမခံဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်။ " လယ်သမား ၂၆ ဦးကို မတ်လ ၉ ရက်နေ့က ရသေ့တောင်မြို့နယ် တရားရုံးမှာ ရုံးတင်ပါတယ်။ တရားလိုပြ သက်သေ အဖြစ် ၁၆ ဦးကို စာရင်းမှာ ထည့်ထားပါတယ်။ အဲဒီနေ့မှာ တရားလို ဦးစောအောင်သိန်းနဲ့ အတူ တရားလိုပြ သက်သေ(၂)ဦး စုစုပေါင်း (၃)ဦးကို စစ်ဆေးခဲ့ပါတယ်။ မတ်လ ၁၉ ရက်နေ့မှာ ထပ်မံ စစ်ဆေးမှာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။မတ်လ ၉ ရက် ပထမနေ့ တရားရုံးတွင် စစ်ဆေးစဉ် လယ်သမား ၂၆ ဦးနှင့် အတူ တရားရုံးသို့ တက်ရောက် နားထောင်သူ ၅၀ ခန့်ကို ရဲက ကန့်သတ် တားမြစ်မူနှင့် ရှာဖွေမူများ ရှိခဲ့သည်ဟု သိရသည်။တရားရုံးအနီးသို့ တက်ရောက်နားထောင်သူများကို နားထောင်ရာ နေရာမှ ကိုက် ၂၀ အကွာထိ ရဲက မောင်းထုတ်ခဲ့သည်ဟု ဆိုသည်။" ရဲအဖွဲ့က တက်ရောက်နားထောင်သူတွေကို မောင်းထုတ်သလို တရားခံဘက်ကနေ အခမဲ့ အမှု လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ လူငယ်(၂)ဦးရဲ့ တယ်လီဖုန်း တွေကိုလည်း ဥပဒေကြောင်း အရ တရားသူကြီးမှ ပိတ်ခိုင်းတဲ့ အပြင် ယာယီ သိမ်းဆည်းထားတာတွေကို ပြုလုပ်ခဲ့တယ်။ ဒါပေမယ့် တရားလို ဦးစောအောင်သိန်း ဖုန်းကိုတော့ ယာယီပိတ်ခိုင်းတာက လွဲပြီး သိမ်းဆည်းတာတွေ မပြုလုပ်ဘူး" ဟု ပြောသည်။တရားလို ဦးစောအောင်သိန်းသည် ရသေ့တောင်မြို့ပေါ်မှ ချမ်းသာသူ စီးပွားရေး သမားတစ်ဦး ဖြစ်ပြီး အနောက်ပိုင်း စစ်ဌာနချုပ်မှ သိမ်းထားသော ပုဇွန်ကန်နှင့် လယ်မြေများကို စစ်တပ်နှင့် ပူးပေါင်းကာ လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။
"သူက အနောက်ပိုင်း စစ်ဌာနချုပ်ကို တနှစ် ကျပ် သိန်း ၆၀ သွင်းရပြီး သူနဲ့ ရင်းနှီးတဲ့ ပုဇွန်ကန်တွေ လုပ်ပိုင်ခွင့်ရအောင် ဆောင်ရွက်ပေးတဲ့ စစ်ဗိုလ်တွေကိုတော့ လာဒ်ငွေ အဖြစ် သိန်း ၄၀ ခန့်ပေးရတယ်လို့ သိရပါတယ်။ သူက လယ်သမားတွေကို အဲဒီ ပုဇွန်တာ(ကန်)တွေနဲ့ လယ်တွေကို တနှစ်ကို ကျပ် သိန်း ၂၀၀၊ ၂၅၀ နဲ့ အဲသလိုမျိုး ဌားရမ်းပါတယ်။ အဲဒီပုဇွန်တာတွေက ဖမ်းဆီးရရှိတဲ့ ပုဇွန်တွေကိုလည်း သူကိုဘဲ ရောင်းရပါတယ်။ အပြင်မှာ ပုဇွန် တပိသာကို ကျပ် ၁၇၀၀၀ ဆိုရင် သူ့ကို ၁၆၀၀၀နဲ့ ရောင်းရပါတယ်။ စပါးတွေကိုလည်း သူ့ကိုဘဲ ပေးသွင်းရပါတယ်" ဟု အဆိုပါ ကျေးရွာသား လူငယ်က ပြောသည်။ကျေးရွာသားများ ပိုင်ဆိုင်သော ပုဇွန်တာ(ကန်)များနှင့် လယ်မြေများမှာ စုစုပေါင်း ဧက ၁၈၀၀ ခန့်ရှိပြီး ၁၉၉၆ ခုနှစ်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က သိမ်းယူသွားခဲ့ခြင်း ဖြစ်သည်။ ဦးသိန်းစိန် ဦးဆောင်သော အရပ်သား အစိုးရ တက်လာပြီးတဲ့ နောက်ပိုင်းတွင် အဆိုပါ ပုဇွန်တာများနှင့် လယ်မြေများကို ပြန်ပေးရန် ရွာသားများက အထက်သို့ စာရေး တောင်းဆိုခဲ့သော်လည်း အထက် အာဏာပိုင်များမှတစ်စုံတစ်ရာအကြောင်းမပြန်ကြားရာမှလယ်မြေများနှင့်ပုဇွန်တာများကို ပြန်လည် ပြုပြင်ရန် ဆည်ဖို့ရာမှ စစ်တပ် နောက်ခံ ပြုထားသော ဦးစောအောင်သိန်းမှ တရားစွဲဆိုခြင်း ဖြစ်သည်။
အဆိုပါ အမူနဲ့ ပတ်သက်ပြီး လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေတစ်ဦးကို မေးကြည့်ရာ သူက ယခုလို ပြောသည်။" အမှန်က ဒီအမူမှာ ရွာသားတွေကို တရားစွဲဆိုရာမှာက အနောက်ပိုင်းတိုင်းက ဖြစ်ပါတယ်။ ဦးစောအောင်သိန်း မဟုတ်ပါဘူး။ ဒါပေမယ့် တိုင်းက တရားစွဲရင် ကျော်မကောင်း ကြားမကောင်း ဖြစ်လာတော့မှာ ဖြစ်တဲ့အတွက် တိုင်းက သူရဲ့ (အလိုတော်ရိ လို့တော့ မပြောချင်ပါဘူး) လူယုံတော် ဦးစောအောင်သိန်းကို တရားစွဲခိုင်းတာ ဖြစ်ပါတယ်။ ဒီအမူရဲ့ နောက်ကွယ်က စစ်တပ် ပါနေတော့ တရားသူကြီးရော၊ တရားရေး ၀န်ထမ်းတွေကပါ တရားလိုဘက်ကို မျက်နာသာပေးတာကို တွေ့ရပါတယ်။ ရဲတွေလည်း ဒီအတိုင်းပါဘဲ။ ဒါကြောင့် အမူဘယ်လိုဖြစ်လာမလဲ ဆိုတာကိုတော့ မပြောနိုင်ပေမယ့် တရားလိုဘက်က အသာစီးရသွားနိုင်တဲ့ အခြေအနေမျိုးတော့ ရှိနေပါတယ်" ဟု ပြောသည်။ တရားစွဲခံရသူ ရွာသားများ အနေဖြင့် ပုဇွန်တာ (ကန်) များနှင့် လယ်မြေများကို မိဘ ဘိုးဘွား လက်ထက်ကတည်းက လက်ငုတ်လက်ရင်း အဖြစ် လုပ်ကိုင် စားသောက်လာကြသည်။ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ်က သိမ်းယူသွားခဲ့သည့် ၁၉၉၆ ခုနှစ် အချိန်မှ စပြီး အဆိုပါ ကျေးရွာသားများမှာ အထူး ဆင်းရဲသွားခဲ့ကြပြီး ယခုအခါ ဘ၀ အကျပ်အတည်းမျိုးစုံနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။
" အခုလို ဆင်းရဲရတဲ့ အထဲမှာ တရားပါ စွဲခံနေရတဲ့ အတွက် လယ်သမား ၂၆ ဦး အပါအ၀င် ရွာသား ၈၀ လောက်မှာ အထူး ဒုက္ခရောက်နေကြပါတယ်။ ရသေ့တောင် တရားရုံးကို စက်လှေတွေနဲ့ လာရောက် ရုံးတက်နေကြရတဲ့ အတွက် အလုပ်အကိုင်ပျက် ဖြစ်နေသလို ပိုက်ဆံလည်း ကုန်နေကြရပါတယ်။ သူတို့ဘ၀ လုံးဝကို ခိုကိုးရာမဲ့ အခြေအနေ ဖြစ်နေပါတယ်" ဒေသခံ လူငယ်က ပြောသည်။မတ်လ ၁၉ ရက်နေ့ တနင်္လာနေ့တွင် အမူကို ပြန်လည် စစ်ဆေးရန် ရုံးချိန်းထပ်မံ ရှိသည်။ လယ်သမား ၂၆ ဦးကို တပြိုင်တည်း တရားစွဲဆိုသော အမူမျိုး ရသေ့တောင်မြို့နယ်တွင် အရင် တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူး သဖြင့် ဒေသခံ ပြည်သူများက အဆိုပါ လယ်သမား အမူကို အထူးစိတ်ဝင်စားနေကြသည်ဟု သိရသည်။
A-4 အရွယ်အစားရှိ အဆိုပါ ပညာပေး လက်ကမ်းစာစောင်များကို ရန်ကုန်အခြေစိုက် ILO ရုံးမှ ရှမ်းဘာသာစကားဖြင့်စတင်ပုံနှိပ်ထုတ်ဝေခဲ့ပြီးယခုနှစ်ဇန္န၀ါရီလမှစ၍ရှမ်းပြည်နယ်အတွင်း ဖြန့်ဝေပေးခဲ့သည်။ တခြား ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန် စသည့် တိုင်းရင်းသားဘာသာစကားများဖြင့်လည်း ထုတ်ဝေ ခွင့်ရရှိထားပြီး များမကြာမီ ထုတ်ဝေဖြန့်ချီသွားမည်ဖြစ်ကြောင်း ILO ၏မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် စတိမာရှယ်လ်ကပြောသည်။"မြန်မာအစိုးရက ILO ရဲ့ ပညာပေး လက်ကမ်းစာစောင်တွေကို တိုင်းရင်းသား ဘာသာစကားတွေနဲ့ ဒီနှစ်မှာပဲ ထုတ်ဝေခွင့်ပြုခဲ့တာဖြစ်ပါတယ်။ အဲဒီစာစောင်တွေကို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန် စတဲ့ တခြား တိုင်းရင်းသား ဘာသာစကားတွေနဲ့လဲ မကြာမီ ထုတ်ဝေဖြန့် ချီနိုင်တော့မှာ ဖြစ်ပါတယ်" ဟု မာရှယ်လ်က ပြောသည်။မြန်မာနိုင်ငံတွင် စစ်အစိုးရအဆက်ဆက်မှ တိုင်းရင်းသားဘာသာရပ်များကို အစဉ်တစိုက် နှိပ်ကွပ်လာခဲ့ပြီး၊ ယခုကဲ့သို့ တိုင်းရင်းသားဘာသာရပ်များဖြင့် တရားဝင်ပုံနှိပ်ထုတ်ဝေခွင့်ပေးခြင်းမှာလက်ရှိအစိုးရသစ်သို့ပြောင်းလဲပြီးနောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်သည်။ ILO ၏ အတင်းအဓမ္မလုပ်အားပေးစေခိုင်းမှုများ ပပျောက်ရေးပညာပေး လက်ကမ်းစာစောင်များကို တိုင်းရင်း သားဒေသများတွင် တိုင်းရင်းသားဘာစကားဖြင့် ထုတ်ဝေဖြန့်ချီခွင့် ရရန် ILO က ၂ နှစ်ကြာ ကြိုးပမ်း ခဲ့ရကြောင်းလည်း မာရှယ်လ်က ပြောသည်။၎င်းပညာပေး စာစောင်များကို မြန်မာဘာသာ စကားဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် ၂၀၁၀ ခုနှစ်တွင် စတင် ထုတ်ဝေဖြန့်ချီခဲ့ပြီး၊ ထိုပညာပေး စာစောင်များထုတ်ဝေပြီးနောက်ပိုင်း အဆိုပါဒေသများမှ ကလေးစစ်သားစုဆောင်းမှုများ အပါအ၀င် အဓမ္မလုပ်အားစေခိုင်းမှုများနှင့်ပတ်သတ်၍ ILO သို့ တိုင်ကြားချက်များ တဖြည်းဖြည်း တိုးမြင့်လာခဲ့ကြောင်း သိရှိရသည်။မြန်မာနိုင်ငံသားများအနေဖြင့် အဓမ္မလုပ်အားစေခိုင်းမှုများကို ILO သို့တိုင်ကြားခွင့်ပြု ရန် မြန်မာအစိုးရနှင့် ILO တို့အကြား ၂၀၀၇ ခုနှစ်မှစ၍ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ ထိုသို့သဘောတူခဲ့ကြပြီးနောက်ပိုင်း ILO သို့ တိုင်ကြားလာသည့် အမှုများကို ILO မှ မြန်မာအစိုးရနှင့် ပူးပေါင်းပြီး ကြိုးစားဖြေရှင်းပေးနေသော်လည်း မြန်မာအစိုးရဘက်မှ ထိထိမိမိ ကိုင်တွယ်ဆောင်ရွက်ခြင်း မရှိခြင်းကြောင့် အဓမ္မလုပ်အားပေးစေခိုင်းခြင်းများမှာမြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပေါ်နေ ဆဲဖြစ်ကြောင်း လူ့အခွင့်အရေး အဖွဲ့များက ပြောဆိုနေကြသည်။အထူးသဖြင့် စစ်တပ်များတိုးချဲ့ချထားသည့် တိုင်းရင်းသားဒေသများတွင် စစ်တပ်များက ကလေးစစ်သားများ စုဆောင်းခြင်း၊ ဒေသခံပြည်သူများကို ကျွန်တမျှသဘောထားပြီးတပ်တွင်းသန့်ရှင်းရေး၊တန်းလျားများတည်ဆောက်ခြင်း နှင့် ရှေ့တန်းစစ်မျက်နှာများ သို့ ပေါ်တာဆွဲခြင်းစသည့် အဓမ္မလုပ်အားစေခိုင်းခြင်းများကို ယခုထိ ကျူးလွန်နေဆဲဖြစ်ကြောင်း လည်း ပြောဆိုနေကြသည်။မြန်မာလက်ရှိအစိုးရသစ်နှင့် ILO တို့ အကြား အဓမ္မ လုပ်အားပေးစေခိုင်းခြင်း ပပျောက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာသစ်ကို ယခုလ (၁၆)ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြပြီး၊ ၂၀၁၅ ခုအတွင်း မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေး စေခိုင်းမှုများ လုံးဝပျောက်ကွယ်သွားအောင် လုပ်ဆောင်သွားရန် သဘောတူထားကြကြောင်း သိရှိရသည်။
"ဥပဒေကြောင်းအရ မြန်မာနဲ့ ထိုင်ဆွေးနွေးနေဖို့ မလိုတော့ပါဘူး။ နိုင်ငံတကာ ခုံရုံးကနေ ထုတ်ပြန်ပေးလိုက်တဲ့ ရေပြင် နယ်နိမိတ်ပြ ပုံစံအတိုင်း ကျွန်တော်တို့ရဲ့ ရေပြင်ပိုင်နက်ကို ကျွန်တော်တို့ ဆွဲကြရမှာသာ ဖြစ်ပါတယ်" ဟု လက်ရှိ ဘင်္ဂလားဒေခ်ျ့ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကုလသမဂ္ဂဆိုင်ရာ ပင်လယ်ပြင်အဖွဲ့တွင် တွဲဘက်အတွင်းရေးမှူးလည်းဖြစ်၊ အငြိမ်းစား ရေတပ်ဗိုလ်ချုပ်လည်းဖြစ်သူ ခါချက်အာလမ် က မတ်လ ၁၆ ရက်နေ့က ထုတ်ဖေါ် ပြောဆိုကြောင်း သတင်းက ပြောသည်။
" ရေပြင်နယ်နိမိတ်ကို တိုင်စိုက် သတ်မှတ်လို့ ရမည့် သဘောတူညီချက်မျိုး မရှိကြောင်းလည်း" သူက ပြောသည်။နိုင်ငံတကာခုံရုံးမှစီရင်ပေးချက်အရ ဘင်္ဂလားဒေခ်ျ့ မှ တောင်းဆိုခဲ့သည့်အတိုင်း ဘင်္ဂလားပင် လယ်အော်အတွင်း မိုင် ၂၀၀ ထိ တနိုင်ငံတည်း မူပိုင်စီးပွါးလုပ်ပိုင်ခွင့်နှင့် မိုင် ၂၀၀ ကျော်အလွန် တွင်လည်း သိသိသာသာ ကြီးမားကျယ်ဝန်း သည့် ရေပြင်နယ်နိမိတ်ကို မျှဝေပိုင်ဆိုင်ခွင့်တို့ကို ရရှိခဲ့သည်။
ဘင်္ဂလားဒေခ်ျ့ ရေပိုင်နက် မိုင် ၂၀၀ အတွင်း မည်သည့်နိုင်ငံကမှဝင်ရောက်ငါးဖမ်းနိုင်တော့မည် မဟုတ်တော့ကြောင်း ခါချက်က ပြောဆိုခဲ့ပြီး “ အရေးကြီးတာက ကျွန်တော်တို့ရဲ့ ရေပိုင်နက်ကို တိုးမြှင့်ကာကွယ်နိုင်ဖို့ ရေတပ်အင်အားကိုပဲ တိုးချဲ့ ရတော့မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဘင်္ဂလားဒေခ်ျ့နိုင်ငံအနေဖြင့် အငြင်းပွါးနေစရာ မလိုတော့ပဲ ပင်လယ်ပြင်အတွင်း ငါးဖမ်းခွင့်နှင့် ပင်လယ် ရေအောက် ကြမ်းပြင်ပေါ်မှ သဘာဝသယံဇာတများထုတ်လုပ်နိုင်အောင် နိုင်ငံတကာခုံရုံးမှ တရားစီရင်ပေးခဲ့ပြီးဖြစ်ကြောင်းလည်း သူကပြောသည်။
စိန့်မာတိန် (ခေါ်) အုန်းကျွန်း ပတ်လည်တွင်လည်း မြန်မာဘက်မှ ထက်ဝက်စီ ခွဲပေးရန် တင်ပြတောင်းဆိုချက်ကို နိုင်ငံတကာ ခုံရုံးက ပယ်ချခဲ့ပြီး ဘင်္ဂလားဒေခ်ျ့သို့ ၁၂ မိုင်အပြည့် ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သူကပြောသည်။
အသိမ်းခံ လယ်မြေ ပြန်ရလိုသူ လယ်သမား ၂၆ ဦး တရားစွဲခံရ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ လယ်သမား ၂၆ ဦးကို စစ်တပ်မှ သိမ်းယူထားသော ပုဇွန်တာများနှင့် လယ်မြေများကို ပြန်လည် ရယူရန် ကြိုးပမ်းမူဖြင့် စစ်တပ် နောက်ခံ ပြုထားသော စီးပွားရေး သမား တစ်ဦးက တရားစွဲဆို လိုက်ကြောင်း သတင်း ရရှိသည်။တရားစွဲဆိုခံရသူ လယ်သမား ၂၆ ဦးမှာ ရသေ့တောင်မြို့နယ် မယူကမ်းဒေသတွင် တည်ရှိသော ပေါင်းစား၊ နေပူခံ၊ ကျွန်းချောင်းနှင့် ကောင်းရီချောင်းကျေးရွာများမှ ဖြစ်ကြသည်။
" ရွာသား ၂၆ ဦးကို တရားစွဲတာက အနောက်ပိုင်းတိုင်း စစ်ဌာချုပ်က ပုဇွန်ကန်တွေကို လေလံရရှိထားတဲ့ ဦးစောအောင်သိန်းက တရားစွဲတာ ဖြစ်ပါတယ်။ ဒီမိုကရေစီကို လိုလားတဲ့ အရပ်သား အစိုးရ တက်လာပြီ ဖြစ်တဲ့အတွက် လယ်သမားတွေက သူတို့ဆီမှ စစ်တပ်က သိမ်းယူသွားတဲ့ ပုဇွန်တာတွေနဲ့ လယ်မြေတွေကို ပြန်ပေးဖို့ တောင်းဆိုသလို တစ်ဘက်မှာလည်း ကျိုးပေါက်နေတဲ့ လယ်မြေတွေကို ပြန်လည် ပြုပြင် ဆည်ဖို့ရာကနေ ဦးစောသိန်းအောင်က သူဌားရမ်းထားတဲ့ မြေတွေကို ဒီလို လုပ်ရမလားဆိုပြီး တရားစွဲဆို လိုက်တာ ဖြစ်ပါတယ်" ဟု ပေါင်းစားကျေးရွာမှ လယ်သမားများ အကျိုးဆောင်ရွက်နေသူ လူငယ် တစ်ဦးက ပြောသည်။
တရားစွဲဆိုပြီးနောက် လယ်သမား ၂၆ ဦးအား ရသေ့တောင်မြို့နယ် လောင်းချောင်း ရဲစခန်းမှ ဖမ်းဆီးခဲ့ပြီး ၎င်းနောက်ပိုင်း အာမခံဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်။ " လယ်သမား ၂၆ ဦးကို မတ်လ ၉ ရက်နေ့က ရသေ့တောင်မြို့နယ် တရားရုံးမှာ ရုံးတင်ပါတယ်။ တရားလိုပြ သက်သေ အဖြစ် ၁၆ ဦးကို စာရင်းမှာ ထည့်ထားပါတယ်။ အဲဒီနေ့မှာ တရားလို ဦးစောအောင်သိန်းနဲ့ အတူ တရားလိုပြ သက်သေ(၂)ဦး စုစုပေါင်း (၃)ဦးကို စစ်ဆေးခဲ့ပါတယ်။ မတ်လ ၁၉ ရက်နေ့မှာ ထပ်မံ စစ်ဆေးမှာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။မတ်လ ၉ ရက် ပထမနေ့ တရားရုံးတွင် စစ်ဆေးစဉ် လယ်သမား ၂၆ ဦးနှင့် အတူ တရားရုံးသို့ တက်ရောက် နားထောင်သူ ၅၀ ခန့်ကို ရဲက ကန့်သတ် တားမြစ်မူနှင့် ရှာဖွေမူများ ရှိခဲ့သည်ဟု သိရသည်။တရားရုံးအနီးသို့ တက်ရောက်နားထောင်သူများကို နားထောင်ရာ နေရာမှ ကိုက် ၂၀ အကွာထိ ရဲက မောင်းထုတ်ခဲ့သည်ဟု ဆိုသည်။" ရဲအဖွဲ့က တက်ရောက်နားထောင်သူတွေကို မောင်းထုတ်သလို တရားခံဘက်ကနေ အခမဲ့ အမှု လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ လူငယ်(၂)ဦးရဲ့ တယ်လီဖုန်း တွေကိုလည်း ဥပဒေကြောင်း အရ တရားသူကြီးမှ ပိတ်ခိုင်းတဲ့ အပြင် ယာယီ သိမ်းဆည်းထားတာတွေကို ပြုလုပ်ခဲ့တယ်။ ဒါပေမယ့် တရားလို ဦးစောအောင်သိန်း ဖုန်းကိုတော့ ယာယီပိတ်ခိုင်းတာက လွဲပြီး သိမ်းဆည်းတာတွေ မပြုလုပ်ဘူး" ဟု ပြောသည်။တရားလို ဦးစောအောင်သိန်းသည် ရသေ့တောင်မြို့ပေါ်မှ ချမ်းသာသူ စီးပွားရေး သမားတစ်ဦး ဖြစ်ပြီး အနောက်ပိုင်း စစ်ဌာနချုပ်မှ သိမ်းထားသော ပုဇွန်ကန်နှင့် လယ်မြေများကို စစ်တပ်နှင့် ပူးပေါင်းကာ လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။
"သူက အနောက်ပိုင်း စစ်ဌာနချုပ်ကို တနှစ် ကျပ် သိန်း ၆၀ သွင်းရပြီး သူနဲ့ ရင်းနှီးတဲ့ ပုဇွန်ကန်တွေ လုပ်ပိုင်ခွင့်ရအောင် ဆောင်ရွက်ပေးတဲ့ စစ်ဗိုလ်တွေကိုတော့ လာဒ်ငွေ အဖြစ် သိန်း ၄၀ ခန့်ပေးရတယ်လို့ သိရပါတယ်။ သူက လယ်သမားတွေကို အဲဒီ ပုဇွန်တာ(ကန်)တွေနဲ့ လယ်တွေကို တနှစ်ကို ကျပ် သိန်း ၂၀၀၊ ၂၅၀ နဲ့ အဲသလိုမျိုး ဌားရမ်းပါတယ်။ အဲဒီပုဇွန်တာတွေက ဖမ်းဆီးရရှိတဲ့ ပုဇွန်တွေကိုလည်း သူကိုဘဲ ရောင်းရပါတယ်။ အပြင်မှာ ပုဇွန် တပိသာကို ကျပ် ၁၇၀၀၀ ဆိုရင် သူ့ကို ၁၆၀၀၀နဲ့ ရောင်းရပါတယ်။ စပါးတွေကိုလည်း သူ့ကိုဘဲ ပေးသွင်းရပါတယ်" ဟု အဆိုပါ ကျေးရွာသား လူငယ်က ပြောသည်။ကျေးရွာသားများ ပိုင်ဆိုင်သော ပုဇွန်တာ(ကန်)များနှင့် လယ်မြေများမှာ စုစုပေါင်း ဧက ၁၈၀၀ ခန့်ရှိပြီး ၁၉၉၆ ခုနှစ်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က သိမ်းယူသွားခဲ့ခြင်း ဖြစ်သည်။ ဦးသိန်းစိန် ဦးဆောင်သော အရပ်သား အစိုးရ တက်လာပြီးတဲ့ နောက်ပိုင်းတွင် အဆိုပါ ပုဇွန်တာများနှင့် လယ်မြေများကို ပြန်ပေးရန် ရွာသားများက အထက်သို့ စာရေး တောင်းဆိုခဲ့သော်လည်း အထက် အာဏာပိုင်များမှတစ်စုံတစ်ရာအကြောင်းမပြန်ကြားရာမှလယ်မြေများနှင့်ပုဇွန်တာများကို ပြန်လည် ပြုပြင်ရန် ဆည်ဖို့ရာမှ စစ်တပ် နောက်ခံ ပြုထားသော ဦးစောအောင်သိန်းမှ တရားစွဲဆိုခြင်း ဖြစ်သည်။
အဆိုပါ အမူနဲ့ ပတ်သက်ပြီး လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေတစ်ဦးကို မေးကြည့်ရာ သူက ယခုလို ပြောသည်။" အမှန်က ဒီအမူမှာ ရွာသားတွေကို တရားစွဲဆိုရာမှာက အနောက်ပိုင်းတိုင်းက ဖြစ်ပါတယ်။ ဦးစောအောင်သိန်း မဟုတ်ပါဘူး။ ဒါပေမယ့် တိုင်းက တရားစွဲရင် ကျော်မကောင်း ကြားမကောင်း ဖြစ်လာတော့မှာ ဖြစ်တဲ့အတွက် တိုင်းက သူရဲ့ (အလိုတော်ရိ လို့တော့ မပြောချင်ပါဘူး) လူယုံတော် ဦးစောအောင်သိန်းကို တရားစွဲခိုင်းတာ ဖြစ်ပါတယ်။ ဒီအမူရဲ့ နောက်ကွယ်က စစ်တပ် ပါနေတော့ တရားသူကြီးရော၊ တရားရေး ၀န်ထမ်းတွေကပါ တရားလိုဘက်ကို မျက်နာသာပေးတာကို တွေ့ရပါတယ်။ ရဲတွေလည်း ဒီအတိုင်းပါဘဲ။ ဒါကြောင့် အမူဘယ်လိုဖြစ်လာမလဲ ဆိုတာကိုတော့ မပြောနိုင်ပေမယ့် တရားလိုဘက်က အသာစီးရသွားနိုင်တဲ့ အခြေအနေမျိုးတော့ ရှိနေပါတယ်" ဟု ပြောသည်။ တရားစွဲခံရသူ ရွာသားများ အနေဖြင့် ပုဇွန်တာ (ကန်) များနှင့် လယ်မြေများကို မိဘ ဘိုးဘွား လက်ထက်ကတည်းက လက်ငုတ်လက်ရင်း အဖြစ် လုပ်ကိုင် စားသောက်လာကြသည်။ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ်က သိမ်းယူသွားခဲ့သည့် ၁၉၉၆ ခုနှစ် အချိန်မှ စပြီး အဆိုပါ ကျေးရွာသားများမှာ အထူး ဆင်းရဲသွားခဲ့ကြပြီး ယခုအခါ ဘ၀ အကျပ်အတည်းမျိုးစုံနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။
" အခုလို ဆင်းရဲရတဲ့ အထဲမှာ တရားပါ စွဲခံနေရတဲ့ အတွက် လယ်သမား ၂၆ ဦး အပါအ၀င် ရွာသား ၈၀ လောက်မှာ အထူး ဒုက္ခရောက်နေကြပါတယ်။ ရသေ့တောင် တရားရုံးကို စက်လှေတွေနဲ့ လာရောက် ရုံးတက်နေကြရတဲ့ အတွက် အလုပ်အကိုင်ပျက် ဖြစ်နေသလို ပိုက်ဆံလည်း ကုန်နေကြရပါတယ်။ သူတို့ဘ၀ လုံးဝကို ခိုကိုးရာမဲ့ အခြေအနေ ဖြစ်နေပါတယ်" ဒေသခံ လူငယ်က ပြောသည်။မတ်လ ၁၉ ရက်နေ့ တနင်္လာနေ့တွင် အမူကို ပြန်လည် စစ်ဆေးရန် ရုံးချိန်းထပ်မံ ရှိသည်။ လယ်သမား ၂၆ ဦးကို တပြိုင်တည်း တရားစွဲဆိုသော အမူမျိုး ရသေ့တောင်မြို့နယ်တွင် အရင် တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူး သဖြင့် ဒေသခံ ပြည်သူများက အဆိုပါ လယ်သမား အမူကို အထူးစိတ်ဝင်စားနေကြသည်ဟု သိရသည်။
လုပ်အားပေးစေခိုင်းမှု ပပျောက်ရေး တိုင်းရင်းသားဘာသာများဖြင့် ILO ပညာပေးမည်
မြန်မာနိုင်ငံ၏ တိုင်းရင်းသားဒေသများတွင် အတင်းအဓမ္မလုပ်အားပေးစေခိုင်းမှုများကို ကာကွယ်တိုင် ကြားနိုင်စေရန် ပညာပေးမည့် လက်ကမ်းစာစောင်များကို သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကား များဖြင့် ထုတ်ဝေဖြန့်ချီသွားမည် ဖြစ်ကြောင်း ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်က ပြောသည်။A-4 အရွယ်အစားရှိ အဆိုပါ ပညာပေး လက်ကမ်းစာစောင်များကို ရန်ကုန်အခြေစိုက် ILO ရုံးမှ ရှမ်းဘာသာစကားဖြင့်စတင်ပုံနှိပ်ထုတ်ဝေခဲ့ပြီးယခုနှစ်ဇန္န၀ါရီလမှစ၍ရှမ်းပြည်နယ်အတွင်း ဖြန့်ဝေပေးခဲ့သည်။ တခြား ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန် စသည့် တိုင်းရင်းသားဘာသာစကားများဖြင့်လည်း ထုတ်ဝေ ခွင့်ရရှိထားပြီး များမကြာမီ ထုတ်ဝေဖြန့်ချီသွားမည်ဖြစ်ကြောင်း ILO ၏မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် စတိမာရှယ်လ်ကပြောသည်။"မြန်မာအစိုးရက ILO ရဲ့ ပညာပေး လက်ကမ်းစာစောင်တွေကို တိုင်းရင်းသား ဘာသာစကားတွေနဲ့ ဒီနှစ်မှာပဲ ထုတ်ဝေခွင့်ပြုခဲ့တာဖြစ်ပါတယ်။ အဲဒီစာစောင်တွေကို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန် စတဲ့ တခြား တိုင်းရင်းသား ဘာသာစကားတွေနဲ့လဲ မကြာမီ ထုတ်ဝေဖြန့် ချီနိုင်တော့မှာ ဖြစ်ပါတယ်" ဟု မာရှယ်လ်က ပြောသည်။မြန်မာနိုင်ငံတွင် စစ်အစိုးရအဆက်ဆက်မှ တိုင်းရင်းသားဘာသာရပ်များကို အစဉ်တစိုက် နှိပ်ကွပ်လာခဲ့ပြီး၊ ယခုကဲ့သို့ တိုင်းရင်းသားဘာသာရပ်များဖြင့် တရားဝင်ပုံနှိပ်ထုတ်ဝေခွင့်ပေးခြင်းမှာလက်ရှိအစိုးရသစ်သို့ပြောင်းလဲပြီးနောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်သည်။ ILO ၏ အတင်းအဓမ္မလုပ်အားပေးစေခိုင်းမှုများ ပပျောက်ရေးပညာပေး လက်ကမ်းစာစောင်များကို တိုင်းရင်း သားဒေသများတွင် တိုင်းရင်းသားဘာစကားဖြင့် ထုတ်ဝေဖြန့်ချီခွင့် ရရန် ILO က ၂ နှစ်ကြာ ကြိုးပမ်း ခဲ့ရကြောင်းလည်း မာရှယ်လ်က ပြောသည်။၎င်းပညာပေး စာစောင်များကို မြန်မာဘာသာ စကားဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် ၂၀၁၀ ခုနှစ်တွင် စတင် ထုတ်ဝေဖြန့်ချီခဲ့ပြီး၊ ထိုပညာပေး စာစောင်များထုတ်ဝေပြီးနောက်ပိုင်း အဆိုပါဒေသများမှ ကလေးစစ်သားစုဆောင်းမှုများ အပါအ၀င် အဓမ္မလုပ်အားစေခိုင်းမှုများနှင့်ပတ်သတ်၍ ILO သို့ တိုင်ကြားချက်များ တဖြည်းဖြည်း တိုးမြင့်လာခဲ့ကြောင်း သိရှိရသည်။မြန်မာနိုင်ငံသားများအနေဖြင့် အဓမ္မလုပ်အားစေခိုင်းမှုများကို ILO သို့တိုင်ကြားခွင့်ပြု ရန် မြန်မာအစိုးရနှင့် ILO တို့အကြား ၂၀၀၇ ခုနှစ်မှစ၍ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ ထိုသို့သဘောတူခဲ့ကြပြီးနောက်ပိုင်း ILO သို့ တိုင်ကြားလာသည့် အမှုများကို ILO မှ မြန်မာအစိုးရနှင့် ပူးပေါင်းပြီး ကြိုးစားဖြေရှင်းပေးနေသော်လည်း မြန်မာအစိုးရဘက်မှ ထိထိမိမိ ကိုင်တွယ်ဆောင်ရွက်ခြင်း မရှိခြင်းကြောင့် အဓမ္မလုပ်အားပေးစေခိုင်းခြင်းများမှာမြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပေါ်နေ ဆဲဖြစ်ကြောင်း လူ့အခွင့်အရေး အဖွဲ့များက ပြောဆိုနေကြသည်။အထူးသဖြင့် စစ်တပ်များတိုးချဲ့ချထားသည့် တိုင်းရင်းသားဒေသများတွင် စစ်တပ်များက ကလေးစစ်သားများ စုဆောင်းခြင်း၊ ဒေသခံပြည်သူများကို ကျွန်တမျှသဘောထားပြီးတပ်တွင်းသန့်ရှင်းရေး၊တန်းလျားများတည်ဆောက်ခြင်း နှင့် ရှေ့တန်းစစ်မျက်နှာများ သို့ ပေါ်တာဆွဲခြင်းစသည့် အဓမ္မလုပ်အားစေခိုင်းခြင်းများကို ယခုထိ ကျူးလွန်နေဆဲဖြစ်ကြောင်း လည်း ပြောဆိုနေကြသည်။မြန်မာလက်ရှိအစိုးရသစ်နှင့် ILO တို့ အကြား အဓမ္မ လုပ်အားပေးစေခိုင်းခြင်း ပပျောက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာသစ်ကို ယခုလ (၁၆)ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြပြီး၊ ၂၀၁၅ ခုအတွင်း မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေး စေခိုင်းမှုများ လုံးဝပျောက်ကွယ်သွားအောင် လုပ်ဆောင်သွားရန် သဘောတူထားကြကြောင်း သိရှိရသည်။
No comments:
Post a Comment